ဘာကြောင့် ကူးယူဖော်ပြခြင်းမပြုလိုက်တာလဲ။

Photo:သူရိယဖေ့စ်ဘွတ်


 

သရုပ်ဆောင် သူရိယ တစ်ယောက်  သူတို့ ချစ်သူ နှစ်ဦးရဲ့ လွတ်လွတ်လပ်လပ် သွားသွားလာလာ ဓာတ်ပုံ လှလှလေးတွေတင်ရင်း (မှတ်ချက်-သတင်းမီဒီယာများတွင်ကူးယူဖော်ပြခြင်းမပြုပါရန်မေတ္တာရပ်ခံအပ်ပါသည်) လို့ ရေးသားဖြစ်ခြင်းရဲ့ အကြောင်းနဲ့ ပတ်သက်ပြီး မီဒီယာ အင်တာဗျူးတွေကနေတဆင့် ပြောပြခဲ့ပါတယ်။

'' မပြောတာ ပြောတာထက် ကျွန်တော်တို့ နှစ်ယောက် တစ်ခါတလေကျလို့ရှိရင် တချို့ပရိသတ်တွေကျတော့ ဝင်ရေးကြတာပေါ့နော်။ မိန်းကလေးဘက်က အဖေတွေ၊အမေတွေ ဆိုတာလည်းရှိတယ်လေ Comment တွေမှာ ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောထားတာ တွေ့ရင် သူတို့ အဖေ၊ အမေ တို့တွေလည်း ခံစားရတာတွေရှိတယ်။ ကိုယ်တွေကလည်း မိသားစု အသိုင်းအဝိုင်းဆိုတာရှိတယ်။ သူတို့ ပြောသလို ကိုယ်တွေလည်း ရိုင်းရိုင်းစိုင်းစိုင်းတွေ မဟုတ်ဘူး။ ဒါပေမယ့် Comment တွေ ရေးကြတာ မြင်ရင် အဖေအမေတို့က ပြောရင် ကိုယ်ပဲ စိတ်ဆင်းရဲရတယ်။ ကိုယ်ပဲ ပြန်ပြီးတော့ အပြောခံရတယ်။ အဲ့ဒီအတွက် ကြောင့်ပါ'' ဆိုပြီးတော့ ဇွန်လ ၂၇ ရက်နေ့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ကျင်းပပြုလုပ်တဲ့ Mahar ဖျော်ဖြေရေး ဝန်ဆောင်မှု အသစ် မိတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်ရင်း မီဒီယာတွေရဲ့ အင်တာဗျုးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo:သူရိယဖေ့စ်ဘွတ်

ချစ်သူသက်တမ်း (၁)နှစ်ပြည့်မှာ အလှူလုပ်ခဲ့တဲ့ သူရိယနဲ့ ဆုအိမ့်စံ 

သူရိယတို့ စုံတွဲဟာ (မှတ်ချက်--သတင်းမီဒီယာများတွင်ကူးယူဖော်ပြခြင်း မပြုပါရန်မေတ္တာရပ်ခံအပ်ပါသည်) ဆိုပြီးတော့ အွန်လိုင်းပေါ်ကနေ တောင်းဆိုထားပေမယ့် သူတို့ နှစ်ဦးရဲ့ ဓာတ်ပုံရိုက်တဲ့ ဝါသနာကိုတော့ မဆင်ခြင်ဘူးလို့ ဆိုပါတယ်။

'' ဓာတ်ပုံရိုက်တာတော့ မဆင်ခြင်ဘူး။ ကျွန်တော်တို့က ဓာတ်ပုံရိုက်တာ ဝါသနာပါတယ်။ အဲ့ဒီတော့ ဓာတ်ပုံက ရိုက်တော့ ရိုက်တယ် ပြီးရင် တင်တယ်။ (မှတ်ချက်--သတင်းမီဒီယာများတွင်ကူးယူဖော်ပြခြင်းမပြုပါရန်မေတ္တာရပ်ခံအပ်ပါသည်) ဆိုတာကလည်း  တစ်ခါတလေကျရင် ကျွန်တော်တို့ အရမ်းကြီး မြန်မာဆန်ဆန်ပုံလေးတွေဆိုရင်တော့ မီဒီယာတွေကို ပေးတင်ပါတယ်။ ခရီးသွားတာ ဘာညာပေါ့ အဲ့ဒီလို ပုံတွေကျတော့ မီဒီယာကတင်ရင် ဝိုင်းပြောကြတာပေါ့'' လို့ သူရိယက ပြောပါတယ်။ သူရိယနဲ့ ဆုအိမ့်စံ တို့ ချစ်သူသက်တမ်းကတော့ ၁ နှစ်ကျော်လို့ ၂ နှစ်ပြည့်တော့မှာပဲ ဖြစ်ပါတယ်။

Photo:သူရိယဖေ့စ်ဘွတ်

 

သရုပ်ဆောင် သူရိယနဲ့ ဆုအိမ့်စံတို့ကတော့ ဖေ့စ်ဘုတ်ရွာ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အတူတွဲဖက်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ဗီဒီယို ဇာတ်ကား တွေမှာလည်း အတူပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူတို့ရဲ့ အချစ်ရေးက ပိုမို ခိုင်မာလျှက် ရှိပြီး ပရိသတ်တွေကလည်း သူတို့ ချစ်သူနှစ်ဦးကို အားပေးနှစ်သက်ကြတာကို တွေ့ရပါတယ်။သူတို့နှစ်ဦးကတော့ အနုပညာအလုပ်တွေကို အတူတူပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ကိုင်နေတာကိုလည်း တွေ့ရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်ခဲသလို ရန်ဖြစ်ရင်လည်း မိနစ်ပိုင်းတောင် မကြာပဲ ပြန်ခေါ်တက်တဲ့သူတို့နှစ်ဦး ရဲ့ ချစ်ခြင်း မေတ္တာကို ပရိသတ်တွေ တွေ့မြင်နိုင်မှာပါ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က