ပြန်ခေါ်ဖို့ ကြိုးစားပါသေးတယ်။
 

သရုပ်ဆောင်ကျော်ဇင်ထွဋ်တစ်ယောက် သမီးလေး နှစ်ယောက်နဲ့ ဇနီးဖြစ်သူ ပြန်လာမယ့်ရက် ကို စောင့်မျှော်နေတာဖြစ်ပါတယ်။ အခုချိန် ထိလည်း သူတို့တွေက စိတ်ဆိုးမပြေကြသေးဘူးလို့ ဆိုပါတယ်။ တစ်ချိန်က အပြစ်ပြောခဲ့မိတဲ့ စကားတွေအပေါ် မကျေနပ်တာ တွေရှိသေး လို့များလား ဆိုပြီးတော့ Duwun Media ကနေပြောပြခဲ့ပါတယ်။

'' ကျွန်တော့် အမျိုးသမီးအသိုင်းအဝိုင်းနဲ့ ကျွန်တော့်အမျိုးသမီးနဲ့ ပတ်သက်လို့ ကျွန်တော်မီဒီယာမှာ ပြောလေ့ပြောထရှိတာသိတယ်။ အရင်တစ်ခါပြောတုန်းက ကျွန်တော် မကျေနပ်ချက်တွေများလွန်းတော့ ယောက္ခမကိုလည်း မိဘနေရာမထားမိပဲနဲ့ အပြစ်ပြောသလိုတွေ ကျွန်တော်ပြောခဲ့ဖူးတယ်ပေါ့။ ဒီတစ်ခေါက် သူ့အမေအိမ်ပြန်ရောက်သွားတယ်ဆိုတော့လည်း အဲ့ဒီ စိတ် ကလေးတွေ သူတို့မှာ မကြည်တာ ကျန်လားမသိပါဘူး။ လောလောဆယ်တော့ ကျွန်တော့် မိန်းမက စိတ်ဆိုးမပြေသေးဘူး ဆိုပြီးတော့ ဖုန်းလေးတောင် အဆက်အသွယ် မရပါဘူး။ စကားလည်း ပေးမပြောပါဘူး လူချင်းတွေ့ဖို့ဆိုတာ ဝေးသာဝေးပေါ့'' ဆိုပြီးတော့ ကျော်ဇင်ထွဋ်က ဇွန်လ ၂၉ ရက်နေ့ မနက်က သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ငဒူရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို တက်ရောက်ခဲ့တဲ့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆို ခဲ့တာဖြစ်ပါတယ်။

 

မပြေလည်ကြသေးတဲ့ အခြေအနေမှာရှိတဲ့ ကျော်ဇင်ထွဋ်တို့ မိသားစုလေးဟာ ရပ်ကွက်ရုံးကနေတဆင့် ခေါ်တာတောင် ပြန်မလာကြဘူးလို့ ဆိုပါတယ်။ သူတို့မိသားစုအခြေအနေကတော့  တရားရုံးကနေ ပြောမယ်ဆိုတဲ့ အဆင့်မျိုးဖြစ်နေတယ်လို့ ဆိုပါတယ်။

''အဲ့ဒီလိုလုပ်လို့ ကျွန်တော် မကြိုးစားဘူးလို့တော့ မထင်ပါနဲ့ ရပ်ကွက်ရုံးကနေတဆင့်ခေါ်တာတွေလည်း  ကျွန်တော် လုပ်ပြီးပါပြီ မလာကြ ပါဘူး။ နောက် ဆုံးရှင်းရှင်းပြောရရင် တရားရုံးမှာ ပြောမယ်ဆိုတဲ့ အဆင့်မျိုးဖြစ်နေပါတယ်။ ကျွန်တေ်ာ အဖေတစ်ယောက် အနေနဲ့ မလုပ်လည်း မလုပ်ချင်ဘူး၊ မလုပ်လည်းမလုပ်ရက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်သမီးလေး ၂ ယောက်က ငယ်ငယ်ရွယ်ရွယ်နဲ့ ရုံးရောက် ဂတ်ရောက်နဲ့ တရားခံ တစ်ယောက်လိုမျိုး အဖေကိုချစ်လားဆိုတော့ ချစ်တယ်၊ အဖေက ရိုက်လားဆိုတော့ မရိုက်ဘူး။ အခု ပြန်ပေါင်း ဖို့ ကျတော့ရော ဆိုတော့ သမီးတို့ကြောက်နေသေးတယ်ဆိုပြီး တရားခံလိုမျိုးကြီးဖြေရမှာကို မျက်လုံးထဲမှာ ပြန်မြင်ပြီးတော့ ကျွန်တော် မလုပ်ရက်ပါဘူး။ အခုတော့ ကျွန်တော် ဘုရားရှိခိုးတယ်၊ စိတ်ပုတီးတွေ စိတ်တယ်။ အဓိဋ္ဌာန်တွေဝင်တယ်။ တရားတွေထိုင်တယ်။ ကျွန်တော့် မိန်းမနဲ့ ကျွန်တော့် သမီးလေးတွေ စိတ်ဆိုးပြေပြီးတော့ ကျွန်တော့်ဆီ ပြန်လာပါစေလို့ပဲ ဆုတောင်းနေပါတယ်'' လို့ သူကဆိုပါတယ်။

 

ကျော်ဇင်ထွဋ်ရဲ့ မိသားစုအခြေအနေနဲ့ ပတ်သက်ပြီး ပရိသတ်တွေရော၊  အနုပညာညီအစ်ကိုမောင်နှမတွေကပါ စိတ်မကောင်းဖြစ်နေကြတာ ကိုတွေ့ရပါတယ်။ သူကိုယ်တိုင်ကလည်း သူအရမ်းချစ်ရတဲ့ မိသားစုလေးနဲ့ ဝေးကွာခဲ့ရလို့ အရမ်းကို ပူဆွေးသောက ရောက်နေတာ ကိုလည်း တွေ့ရမှာပါ။ကျော်ဇင်ထွဋ်ဟာ ရုပ်ရှင်ဇာတ်ကားနဲ့ ဗီဒီယိုဇာတ်ကားတွေမှာ လူကြမ်း၊ဗီလိန် တစ်ယောက်လို သရုပ်ဆောင်ရပြီး ပရိသတ်တွေရဲ့ ချစ်တာတစ်မျိုး၊ မုန်းတာ တစ်လှည့် အကြိုက်မျိုးစုံ ဝေဖန်ခံရတဲ့ ကျော်ဇင်ထွဋ်ဟာ သမီး ၂ ယောက်ရဲ့ ဖခင်လည်းဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က