အခွေတွေပါ ထွက်နေပြီတဲ့။

Photo: ဇဏ်ခီဖေ့စ်ဘွတ်

 

ပရိသတ်တွေရဲ့ အချစ်တော် ဒါရိုက်တာခရစ္စတီးနားခီ ရိုက်ကူးပြီး ဇဏ်ခီ ပါဝင်သရုပ်ဆောင်ထားတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးရဲ့ HD(အကြည်) ကတော့ အွန်လိုင်း ပေါ်မှာရော အပြင်အခွေရောင်းတဲ့နေရာတွေမှာပါ ပျံ့နေပြီလို့ သိရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဇဏ်ခီက အခုလို ပြောလာပါတယ်။

''ဥပါယ်တံမျဉ် ဇာတ်ကား HD (အကြည်) လိုင်းပေါ်မှာပျံ့နေပါပြီ။ ဈေးတစ်ချို့မှာလဲ အခွေအနေနဲ့တောင်ရောင်းနေကြပြီလို့လဲ ကြားရပါတယ်။ ချစ်ခင်လေးစားရသောမိတ်ဆွေများ ပြောင်းလဲမှုကိုတကယ်လိုလားရင် မရှယ်ကြပါနဲ့။ မကြည့်ကြပါနဲ့။ ကျနော်တို့အနေနဲ့ တော့ လုပ်စရာရှိ တာဆက်လုပ်သွားမှာပါ။ ဥပဒေ တစ်ခု အစစ်အမှန်ပေါ်လာဖို့ အကြောင်းတွေ ဖန်တီးလာပြီထင်တယ်'' ဆိုပြီးတော့ ဇွန်လ ၃၀ ရက်နေ့ ည ၉ နာရီ ၅၀ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့တာဖြစ်ပါတယ်။

Photo: ဇဏ်ခီဖေ့စ်ဘွတ်

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီကလည်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ရင်ဖွင့်ရေးသားခဲ့ပါတယ်။

'' ကျမရဲ့ရုပ်ရှင် online မှာ စပြန့်လာပါတယ်။ အနုပညာနဲ့ပက်သက်ရင် ကျမ ရိုးသားပြီး ရုန်းကန်ခဲ့ရတဲ့အလုပ်တခုဖြစ်နေတဲ့အတွက် ကျမအနေနဲ့ တော်တော်စိတ်မကောင်းဖြစ်ရပါတယ်။စဖြန့်တဲ့ သူကိုလည်း ကျမ screen shot ယူထားပါတယ်။ ရှေ့လျှောက် ဘာဆက်လုပ် မယ်ဆိုတာ post ထပ်တင်ပေးပါမယ်'' ဆိုပြီးတော့ ဇွန်လ ၃၀ ရက်နေ့ ည ၈ နာရီ ၀၉ မိနစ်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးသားခဲ့ ပါတယ်။

 စင်္ကာပူနိုင်ငံအထိ ခြေဆန့်ကြမယ့် ဥပါယ်တံမျဉ် အဖွဲ့သားများ

ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးဟာ  ပရိသတ်တွေမြင်နေကျ မြန်မာဇာတ်ကားတွေထဲက ခွဲထွက်သွားတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ ဇာတ်ကား နမူနာ ထွက်ချိန်မှာပရိသတ်တွေက အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇာတ်ကားတစ်ကားလို့ ထင်ခဲ့ကြပေမယ့်လည်း တကယ်တမ်း ဇာတ်ကားတစ်ခုလုံးကို ကြည့်တဲ့အချိန်မှာ လှည့်ကွက်တွေများစွာ သုံးထားတာကို တွေ့မြင်ရပါတယ်။

Photo: ဇဏ်ခီဖေ့စ်ဘွတ်

 

ပရိသတ်များရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ဇဏ်ခီနဲ့ အောင်မြင့်မြတ် တို့က ပရိသတ်အားပေးမှုကို တစ်ခဲနက် ရရှိခဲ့တာပါ။ ဇဏ်ခီဟာလည်း သူသရုပ်ဆောင်ရတဲ့ကာရိုက်တာနဲ့ လိုက်ဖက် ညီအောင် ကြိုးစားနိုင်ခဲ့သလို အောင်မြင့်မြတ်ဟာလည်း သူ့ရဲ့ ကာရိုက်တာကို အပိုအလိုမရှိအောင် သရုပ်ဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကို အမျိုးသမီးဒါရိုက်တာ  ခရစ်(စ)တီးနားခီက ရိုက်ကူးတာဖြစ်ပြီး ဇဏ်ခီ၊ သက်မွန်မြင့်၊ အောင်မြင့်မြတ်၊ ထိုင်းမင်းသမီး လေး Kaew Korravee ၊ မင်းဦး၊ ခြူးစစ်ဟန်၊ ကျော်ကိုကိုဝေတို့က အဓိက ပါဝင်သရုပ်ဆောင် ထားတာဖြစ်ပါတယ်။

Share

Loading Next Article...
က္က