AD
AD
AD
play

 

မကြာခင် လပိုင်းလောက်မှာ မြင့်မြတ်တို့ ဘဝထဲကို သားရင်သွေးရတနာလေး ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ သူလိုချင်တဲ့ သားလေး ရတော့မို့လို့ မြင့်မြတ်တစ်ယောက် ပျော်လို့နေပါတယ်။အခုလက်ရှိမှာ မြင့်မြတ်ရဲ့ ဇနီးကိုယ်ဝန်ဟာ (၆)လခွဲရှိနေပါပြီ။ (၈)လပိုင်း လကုန်လောက်မှာ မွေးတော့မှာ ဖြစ်တယ်လို့ မြင့်မြတ်က ဆိုပါတယ်။

play

 

"လောလောဆယ် ကိုယ်ဝန်က (၆)လခွဲရှိနေပါပြီ။ (၈)လပိုင်းလကုန်လောက်မှာ မွေးတယ်လို့ ခန့်မှန်းထားတယ်။ သာ်းယောက်ျား လေးပါ။ ကျွန်တော်လိုချင်တဲ့ သားလေးရလို့ ကျွန်တော်အရမ်းပျော်တယ်။ မိန်းမက မိန်းကလေး လိုချင်တာ။ ကျွန်တော်နိုင်သွား တာပေါ့။ ကိုယ်လိုချင်တာနဲ့ တစ်ထပ်တည်းဖြစ်တော့ ဝမ်းသာမှုက ဘယ်လိုပြောပြရမှန်းမသိဘူး။ အခုရက်ပိုင်းတွေကတော့ အလုပ်လည်း မအားတော့ သိပ်ဂရုမစိုက်ဖြစ်ဘူး။ ဒါပေမယ့် ရှုတင်က ပြန်တဲ့အချိန် ညပိုင်းကားမရိုက်ရတဲ့ ရက်တွေမှာ ဗိုက်ကျောင်းပေးဖြစ်တယ်။လမ်းတွေဘာတွေ အတူတူလျှောက်ပေးဖြစ်တယ်။ ကိုယ်ဝန်နဲ့ ပတ်သက်ပြီး ဆေးရုံဆေးခန်းသွား ရင်လည်း ကျွန်တော်အမြဲတမ်း လိုက်ပေးဖြစ်ပါတယ်။"လို့ မြင့်မြတ်က Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာပါ။

play

 

မြင့်မြတ်ဟာ အချိန်ရရင် ရသလို ဇနီးဖြစ်သူနဲ့ သားလေးရဲ့ ရှေ့ရေးလေးတွေ တိုင်ပင်ဖြစ်တယ်တဲ့။ သူ့ကို ဘယ်လိုဖြစ်ဖြစ် အားပေးနေကြတဲ့ ပရိသတ်ကိုလည်း မကြာခင် မွေးလာတော့မယ့် သားလေးကိုလည်း ချစ်ပေးကြဖို့ တောင်းဆိုထားပါသေးတယ်။

"ကလေးရှေ့ရဲ့ ရှေ့ရေးနဲ့ ပတ်သက်ပြီး အချိန်ရရင် ရသလို တိုင်ပင်ဖြစ်ကြတယ်။အကောင်းဆုံးဖြစ်အောင်ပေါ့။ ကံကောင်းတာ လား ဘာလားတော့မသိဘူး။ ကျွန်တော်အလိုချင်ဆုံး သားယောကျာ်းလေး ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ လောလောဆယ် တော့ သူ့ကို ချစ်ဖို့အတွက် စောင့်နေရတာပေါ့။ သူကျွန်တော်တို့ ဘဝထဲရောက်လာပြီဆိုရင် ကိုယ်ဖြစ်ချင်တာထက် သူဘာဖြစ်ချင်လဲ ဆိုတဲ့အပေါ်မှာ အကောင်းဆုံးဖြစ်အောင်လုပ်ပေးသွားမှာပါ။ကျွန်တော်မိန်းမယူလည်း ကျွန်တော့်မိန်းမကို အားလုံးဝိုင်းချစ်ပေးကြတယ်။ခင်ကြတယ်။ကျွန်တော့်သားလေး မွေးလာတဲ့ အချိန်ကြရင်လည်း သူ့ကို ဝိုင်းပြီးချစ်ပေးခင်ပေးကြ ပါဦးလို့ ပြောချင်ပါတယ်" ဆိုပြီး ပြောခဲ့ပါတယ။်

play

 

မြင့်မြတ်ကတော့ ချစ်သူကောင်မလေးဖြစ်တဲ့ ခင်သူအောင်နဲ့ ချစ်သူသက်တမ်း ငါးနှစ်ကျော်မှာ ရွှေလက်တွဲခဲ့တာ ဖြစ်ပါတယ်။ မင်္ဂလာဧည့်ခံပွဲ ကို ဖေဖော်ဝါရီ(၁၅) ရက်နေ့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပြီး ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၂၂)ရက်နေ့ညနေက အောင်မြေသာ ဇံမြို့နယ်၊ ၈၅×၈၆လမ်းကြား၊ ၁၀×၁၁ကြားရှိ ဗုဒ္ဓဘာသာမင်းတဲ့စာသင်ကျောင်းမှာ မင်္ဂလာပွဲကို ဆက်လက်ကျင်းပခဲ့တာဖြစ်ပါတယ်။

အခုဆိုရင်တော့ သူတို့ရဲ့ ဘဝထဲကို နောက်ထပ်တစ်ယောက်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD