ကိုယ့်ကိုယ်ကိုလည်း အရမ်းရယ်ချင်မိတယ်တဲ့။

သရုပ်ဆောင်အောင်လေးတစ်ယောက် ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားပေမယ့် ဇာတ် ကား ပြန်ကြည့်တဲ့ အချိန်မှာ ပရိသတ်တစ်ယောက်နေရာက ဝင်ကြည့်လိုက်တယ်တဲ့။ ကိုယ်ကိုယ်တိုင် သရုပ်ဆောင်နေတယ် လို့တောင် မစဉ်းစားမိဘူးလို့ ပြောပါတယ်။

Photo: Aung Lay FB

 

ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားကိုကြည့်ရင်း ဇာတ်တစ်ခုလုံးမှာ စီးမျှောနေခဲ့တဲ့ အောင်လေးဟာ ဒီဇာတ်ကားကြီးထဲမှာ အကောင်းဆုံး ကြိုးစားထားတယ်လို့ ဆိုပါတယ်။ ကာရိုက်တာအပေါ်မှာလည်း လိုအပ်ချက်တွေ ရှိနေသေးပေမယ့် အားရကျေနပ်မှုရှိတယ် ဆိုပြီးတော့ Duwun Media ကိုပြောပါတယ်။

'' ဇာတ်တစ်ခုလုံးမှာ မျှောသွားတယ်။ ကိုယ်ကိုယ်တိုင်တောင်မှ ပရိသတ်နေရာက ဝင်ကြည့်လိုက်တယ်။ ကိုယ်လုပ်နေတယ်လို့တောင် မစဉ်းစားမိဘူး။ ဒါပေမယ့် လိုအပ်ချက်တွေတော့ အများကြီးရှိသေးတာပေါ့။ အကောင်းဆုံးကြိုးစားထားတာဖြစ်တဲ့အတွက် နည်းနည်းတော့ အားရပါတယ်'' လို့ ဆိုပါတယ်။

Photo: Aung Lay FB

 

ဒီဇာတ်ကားထဲမှာတော့ လိင်တူချင်း စိတ်ဝင်စားတဲ့ လူငယ်တစ်ယောက်နေရာက သရုပ်ဆောင်ရတဲ့ အောင်လေးဟာ ကာရိုက်တာကို ပီပြင် အောင်သရုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အတွက်လည်း ဘယ်လို ဇာတ်ရုပ်လာလာ ပီပြင်အောင်လုပ် တယ်ဆိုပြီးတော့ သူကပြောပါတယ်။

'' ကိုယ့်ရုပ်ကြီး ကိုယ်ကြည့်ပြီး ရယ်ချင်တာပေါ့နော်။ အဲ့ဒီဇာတ်ဝင်ခန်းတွေဆိုရင်လည်း ကျွန်တော်က သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ အတွက် ကာရိုက်တာကို ပီပြင်အောင်လုပ်ရမယ်ဆိုတဲ့ စိတ်ရှိတယ်လေ။ ဘယ်ဇာတ်ရုပ်ပဲ လာလာပီပြင်အောင်လုပ်တယ်၊ အကောင်းဆုံး ဖြစ်အောင်လုပ်တယ်'' လို့ ဆိုပါတယ်။

Photo: Aung Lay FB

ဝေဖန်မှုတွေရိုက်ခတ်လာလည်း ခံရဲတယ်ဆိုတဲ့ ဇေရဲထက် 

ရာဇဝင်ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင်ကာရိုက်တာဟာ အောင်လေးအတွက် ခက်ခဲခဲ့တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ခက်ခဲ တဲ့ ကာရိုက်တာကို သရုပ်ဆောင်ရပေမယ့် ဇာတ်ကောင်နေရာကို ခံစားမိလိုက်တဲ့ အချိန်မှာတော့ Mood ဝင်လာခဲ့တာပဲ လို့ သူက ပြောပါတယ်။

'' ဇာတ်ကောင်ထဲက ကာရိုက်တာအတွက်ကတော့ လေ့ကျင့်စရာမလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဇာတ်ကောင်နေရာမှာ ကိုယ်ကိုယ်တိုင် ခံစားမိလိုက်ရင်တော့ ဒီစိတ် Mood ကတော့ ဝင်တာပဲလေ။ အားလုံးက အသေးစိတ်လုပ်ရတာဆိုတော့ ဒီအိုက်တင်က ကျွန်တော့် အတွက် ခက်တယ်။ ဒါပေမယ့် Mood ဖြစ်အောင်တော့ လုပ်ရတာပေါ့'' လို့ ဆိုပါတယ်။

Photo: Aung Lay FB

 

သရုပ်ဆောင်အလုပ်ကို တစိုက်မတ်မတ်ဆောင်ရွက်လာတဲ့ အောင်လေးကတော့ ကိုယ်ရိုက်ချင်တဲ့ကာရိုက်တာပုံစံကို စိတ်ကူးထဲမှာပဲ အကောင်အထည်ဖော်နေတာတော့ အများကြီးပဲလို့ဆိုပါတယ်။ ရိုက်ခဲ့ဖူးတဲ့ ကာရိုက်တာတွေကလည်း ဆက်စပ်မှုရှိပေမယ့်တိုက်တိုက် ဆိုင်ဆိုင်မဟုတ်သေးဘူးလို့လည်းDuwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

 

Share

Loading Next Article...
က္က