ဘယ်လိုတွေတောင် ဝုန်းချင်နေတာလဲ အိမ်စည်ရယ်။

ရွှေအိမ်စည်ရဲ့ အချစ်ရေးမှာ အနှောင့်အယှက်ဖြစ်စေတာကတော့ In Relationship မှန်း သိရက်နဲ့ နှောင့်ယှက်တတ်တဲ့ မိန်းကလေးမျိုးဆို သဘော မကျဘူးတဲ့။ အိမ်စည်က ရင့်ကျက် တည်ငြိမ်သူ တစ်ဦးမဖြစ်ချင်ဘူး၊ အသက်ကြီးလာလို့ ဆင်ဆင်ခြင်ခြင်လည်း နေသွားမှာ မဟုတ်ပဲ ပျော်ပျော် ဘဲ နေမယ်လို့ ပြောပါတယ်။


 

အိမ်စည့်ရဲ့ ပုံစံတိုင်းကိုတော့ သူ့ရဲ့ ချစ်သူက သဘောကျတယ်လို့ ဆိုပါတယ်။ တစ်ခါတလေမှာ ဘစ်ကနီနဲ့ ဓာတ်ပုံတွေ ရိုက်ဖြစ်တဲ့အခါ သူ့ရဲ့ ချစ်သူကိုယ်တိုင်ကတောင် ရိုက်ပေးသေးတယ်လို့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးကနေ ပြောပြခဲ့ပါတယ်။

'' ကိုယ့်အချစ်ရေးကို အနှောင့်အယှက်ဖြစ်စေတာကတော့ In Relationship မှန်းသိရက်နဲ့ လာလာပြီးတော့ နှောက်တဲ့ မိန်းကလေးမျိုး လေး တွေပေါ့။ အဲ့လို ပုံစံမျိုးကို မုန်းတယ်လို့ပြောတာပါ။ ကိုယ့်ပုံစံကိုလည်း ချစ်သူက သဘောကျပါတယ်။ တစ်ခါတလေ ဘစ်ကနီပုံတွေလည်း ရိုက်တာပဲ သူကိုယ်တိုင်တောင် ရိုက်ပေးသေးတယ်'' လို့ ဆိုပါတယ်။

 

ရွှေအိမ်စည်ဟာ သူ့အနေနဲ့ တစ်သက်လုံး ဒီလို ပုံစံမျိုးပဲ နေသွားမယ်လို့ ဆိုပါတယ်။ ရင့်ကျက်တဲ့ တည်ငြိမ်မှုမျိုးတွေ မနေချင်တဲ့ ရွှေအိမ်စည်ကအမြဲတမ်း ပျော်ပျော်နေချင်တယ်လို့ ပြောပါတယ်။ အိမ်စည်ဟာ အသက်အရွယ်ကြီးသွားခဲ့ရင်တောင် ဆင်ဆင်ခြင်ခြင် မနေပဲ ပျော်ပျော်ပဲ နေသွားမယ်လို့ ဆိုပါတယ်။

'' အိမ်စည်ကလေ တစ်သက်လုံး ဒီလိုပဲဖြစ်သွားမယ်ထင်တယ်။ ရင့်ကျက်တဲ့ တည်ငြိမ်မှု ဆိုတာမျိုးတွေလည်း မတည်ငြိမ်ချင်ဘူး၊ မရင့်ကျက်ချင်ဘူး၊ အမြဲတမ်း ဒီလိုပဲနေချင်တယ်။ ပျော်ပျော်နေချင်တယ်၊ ဝုန်းစရာရှိတာ ဝုန်း၊ အသက်ကြီးလာရင်လည်း ဆင်ဆင်ခြင်ခြင် မနေဘူး၊ ဒီလိုပဲပျော်ပျော်နေမယ်'' ဆိုပြီးတော့ Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

ဘယ်သူ့ဆီမှ မှီခိုဖို့ အစီအစဉ်မရှိဘူးဆိုတဲ့ ရွှေအိမ်စည်

ဝုန်းရတာကို ကြိုက်တယ် ဆိိုတဲ့ ရွှေအိမ်စည်ဟာ ကိုယ့်ဘက်က မှန်နေတယ်ဆိုရင် အရသာခံပြီး ဝုန်းရတဲ့ ဖီလင်ကို အရမ်းကြိုက်တယ်တဲ့။ တကယ်လို့ ကိုယ်သေတဲ့နေ့ကျမှ မပြောလိုက်ရဘူးဆိုပြီး နောင်တမရချင်ဘူးလို့ ပြောပါတယ်။ ကိုယ့်ဘက်က မှန်နေတယ်ဆုရင်တော့ ပြန်ဖိုက်နိုင်မယ့် အရာဆိုတာ မရှိတော့ဘူးလို့လည်း ပြောပြခဲ့ပါသေးတယ်။

'' ဝုန်းရတာ ကြိုက်တယ်ဆိုတာကလည်း ကိုယ့်ဘက်က မှန်နေတယ်ဆိုရင်လေ အရသာခံပြီး ဝုန်းရတာ အရမ်းဖီလင်ဖြစ်တယ်။ အဲ့ဒီခံစားချက်ကို ယူတာ ဘာကြောင့်လဲဆိုတော့ ကိုယ့်ကိုဖိုက်နိုင်တဲ့အရာဆိုတာ မရှိတော့ဘူး။ ကိုယ်က မှန်နေတာပေါ့ အိမ်စည်ကလေ ပြောစရာရှိတာပြော လုပ်စရာရှိရင်လုပ် ကိုယ်သေတဲ့နေ့ကျမှ ငါမပြောလိုက်ရဘူးဆိုပြီး နောင်တမရချင်ဘူး'' လို့ ဆိုပါတယ်။

 

Miss Universe Mayanmar 2017 ပြိုင်ပွဲဝင်ခဲ့တဲ့ ရွှေအိမ်စည်ကတော့ The Best National Costume ဆုကို ပိုင်ဆိုုင်နိုင်ခဲ့ပါတယ်။ အခုဆိုရင် အနုပညာနဲ့ပတ်သက်လို့ သရုပ်ဆောင်ဘက်ကို ခြေလှမ်းစတင်နေသူတစ်ဦးဖြစ်ပါတယ်။ မကြာခင်ရုံတင်ပြသမယ့် ကြိုးတန်းရုပ်ရှင် ဇာတ်ကားမှာလည်း စီနီယာအနုပညာရှင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

ရွှေအိမ်စည်ဟာ ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးပြီး သရုပ်ဆောင် အကယ်ဒမီလွင်မိုး၊ အကယ်ဒမီလူမင်း၊ အကယ်ဒမီပြေတီဦး၊ အကယ်ဒမီ နေတိုး၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ ထက်ထက်ထွန်း၊ ယွန်းဝင့်လွှာအောင်၊ စပ်ယွန်းဝတီဦး တို့နဲ့အတူ လူကြီးလူကောင်းများ ရုပ်ရှင်ဇာတ်ကား ကြီးရိုက်ကူးထားပါတယ်။ အခုလက်ရှိမှာလည်း 25% ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးထားတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က