AD
AD
AD

ဇာတ်ဝင်တေးသီချင်းတွေကို ဖန်တီးလေ့ မရှိတဲ့ ကြက်ဖက 'ငဒူ' ဇာတ်ကားအတွက် ဇာတ်ဝင်တေးလေးကို ဖန်တီးပေးဖြစ် ခဲ့ပါ တယ်။ သူ့အနေနဲ့ ပထမဦးဆုံး ဖန်တီးပေးတဲ့ သီချင်းလေးမှာပဲ ပရိသတ်လက်ခံပေးတဲ့အတွက် အရမ်းကို ပီတိဖြစ်မိပါတယ်တဲ့။

play

ငဒူ ဇာတ်ကားကြီးအတွက် ဇာတ်ဝင်တေးသီချင်းရေးဖို့ ကမ်းလှမ်းခြင်းခံခဲ့ရတဲ့ အဆိုတော် ကြက်ဖဟာ ထုတ်လုပ်သူ ကိုယ်တိုင် သီချင်း လာအပ်ကတည်းက ဇာတ်လမ်းကို ပြတယ်လို့ ဆိုပါတယ်။ အဲ့ဒါကြောင့်လည်း ငဒူရဲ့ ဇာတ်ကောင်နဲ့ လိုက်ဖက်တဲ့ သီချင်းလေးကို ကိုယ်တိုင် ဖန်တီးဖြစ်တဲ့ အကြောင်းကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

''ကျွန်တော်နဲ့ခင်တဲ့ ညီလေးတွေဖြစ်တဲ့ ဒဿတို့၊ Little Monkey တို့ ကျွန်တော့်ညီလေး စုံဖြိုး တို့နဲ့ ပေါင်းပြီးတော့ လုပ်တာပါ။ ပြီးတော့အလင်း ရောင်ဆိုတဲ့ တစ်ယောက်လည်း ပါသေးတယ်။ ကျွန်တော့်ကို ထုတ်လုပ်သူ ကိုနောင်နောင်က သီချင်းလာအပ်ရင်းနဲ့ ဇာတ်လမ်းလေးပါ ပြတယ်။ သူ့ရဲ့ ဇာတ်ကောင်လေးနဲ့ လိုက်အောင် သီချင်း ရေးတာပါ။ အတီးသမားတွေလည်း တော်တော်များများလည်းပါတယ်'' လို့ ဆိုပါ တယ်။

play
ငဒူ ရုပ်ရှင်ကား Press Show ကို တက်ရောက်လာတဲ့ ဒဿ၊ ကြက်ဖနဲ့ စုံဖြိုး

 

 

ကြက်ဖဟာ ဇာတ်ဝင်တေးသီချင်းတွေနဲ့ ပတ်သက်ပြီး တစ်ခါမှ မရေးဖူးသေးဘူးလို့ ဆိုပါတယ်။ ကိုယ့်စိတ်ကြိုက်သီချင်းပုံစံ၊ ကိုယ်ကြိုက်တဲ့ အကြောင်းအရာလေးတွေပဲ ရေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီနောက် ငဒူရုပ်ရှင်ဇာတ်ကားအတွက် ဇာတ်ဝင်တေးသီချင်းရေးပေး ဖြစ်ခဲ့တဲ့ ခံစားချက်ကိုလည်း ဇွန်လ ၂၉ ရက်နေ့မှာ ပြုလုပ်တဲ့ ငဒူရုပ်ရှင်ကား Press Show မှာ ပြောပြခဲ့ပါတယ်။

''ကျွန်တော် တစ်ခါမှ Supporting အနေနဲ့ Music မဖန်တီးဖူးသေးဘူး။ ကိုယ်ကြိုက်တဲ့ ပုံစံ၊ ကိုယ်ကြိုက်တဲ့ အကြောင်းအရာပဲ ရေးဖူးတာ။ ငဒူ သီချင်းရေးလိုက်တဲ့ အချိန်မှာ အကြောင်းအရာလေးကလည်း အကောင်းဘက်သွားတဲ့ အကြောင်းအရာလေးဖြစ်နေတယ်။ ပရိသတ်ကလည်း ကိုမြင့်မြတ်နဲ့ တွဲပြီးတော့ ဒီသီချင်းလေးကို လက်ခံပေးတဲ့အတွက် ပီတိဖြစ်တာပေါ့ဗျာ'' လို့ ကြက်ဖက ဆိုပါတယ်။

play

 

အဆိုတော်ကြက်ဖကိုယ်တိုင် ဇာတ်ဝင်တေးသီချင်းဖန်တီးပေးခဲ့တဲ့ ငဒူ ရုပ်ရှင်ဇာတ်ကားကြီးကို ဇွန်လ ၂၉ ရက်နေ့ကတည်းက ရန်ကုန်မြို့မှာ ရှိတဲ့အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးထဲမှာ အကယ်ဒမီမြင့်မြတ်နဲ့ ရွှေမှုံရတီတို့က အဓိက ပါဝင်သရုပ် ဆောင်ထားပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD