ဇွန်သံစဉ်နဲ့ ချစ်သူတွေဆိုတာ ဟုတ်တယ်လို့ မပြောသလို ငြင်းလည်း မငြင်းပါဘူး။

မိုးယံဇွန်နဲ့ ဇွန်သံစဉ်တို့ နှစ်ယောက် ချစ်သူတွေ ဖြစ်နေကြကြောင်း ထင်ကြေးပေးနေကြတဲ့အပေါ် မိုးယံဇွန်က ငြင်းဆိုခဲ့ခြင်း မရှိပါဘူး။ သူတို့ နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုလည်း အတည်ပြုမပြောပြချင်သေးဘူးလို့ ဆိုပါတယ်။



Photo: မိုးယံဇွန်ဖေ့စ်ဘွတ်

 

သရုပ်ဆောင်မိုးယံဇွန်က အလှမယ်၊ သရုပ်ဆောင် ဇွန်သံစဉ်နဲ့ တွဲနေကြတာလားဆိုတဲ့ ပရိသတ်တွေရဲ့ ထင်မြင်ချက်တွေနဲ့ ပတ်သက်ပြီး Duwun Media ကို ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ်။

'' ဒါကတော့ တစ်မျိုးစီထင်ရင်တော့ တစ်မျိုးစီဖြစ်တာပဲကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မွေးနေ့နဲ့ ကိုယ့်မွေးနေ့နဲ့က ရှေ့ဆင့် နောက်ဆင့်ဆိုတော့ အတူတူလုပ်ဖြစ်သွားတယ်။ ပရိသတ်တွေအမြင်မှာတော့ တစ်မျိုးထင်ကြတာပေါ့နော်။ အဲ့ဒီလိုထင်တာလေးပဲ ကောင်းပါတယ်'' လို့သူကဆိုပါတယ်။

 

မိုးယံဇွန်အနေနဲ့ ဇွန်သံစဉ်နဲ့ နှစ်ယောက်သားဆက်ဆံရေးအခြေအနေကို အတည်မပြုချင်သေးဘူးလို့ ဆိုပါတယ်။ ပရိသတ်တွေ ထင်ကြေး ပေးနေကြတဲ့ စကားသံတွေ၊ ဟိုလိုလား ဒီလိုလား ပြောတဲ့ မေးခွန်းကိုတွေပဲ  နားထောင်ချင်တာပါ ဆိုပြီးတော့လည်း ထပ်မံပြောပြခဲ့ပါ သေးတယ်။

အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို ချပြနိုင်ဖို့က မိုးယံဇွန်အတွက်တော့ စောနေသေးပါတယ်တဲ့။ သူ့ရဲ့ အချစ်ရေးကလည်း ထူးဆန်းပြီး အရေးပါတဲ့ အကြောင်းအရာမဟုတ်တဲ့အတွက် အချစ်ရေးထက် အနုပညာအလုပ်တွေ လုပ်ဖို့ရှိသေးတယ်လို့ ပြောပါတယ်။

'' အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်ကိုချပြဖို့က ကျွန်တော့်အတွက်တော့ နည်းနည်းစောပါသေးတယ်။ ကျွန်တော့်ရဲ့ အချစ်ရေးက ပရိသတ်တွေအတွက် ထူးဆန်းပြီး အရေးပါမယ့် အရာမျိုးလည်းမဟုတ်ပါဘူး။ ကျွန်တော့်မှာလည်း လုပ်စရာအနုပညာအလုပ်လေးတွေ ရှိသေးတယ်။

Photo: မိုးယံဇွန်ဖေ့စ်ဘွတ်

ဝေဖန်မှုတွေကို သဘောကျတယ်လို့ ဆိုလိုက်တဲ့ မိုးယံဇွန်  

အချစ်ရေးနဲ့ ပတ်သက်ပြီး လိုအပ်လာရင်တော့ ပရိသတ်ကို ပြောမှာပါလို့ မိုးယံဇွန်က ဆိုလာပါတယ်။

'' ကျွန်တော့်ရဲ့ အနုပညာအလုပ်တွေကို ဝေဖန်ပေးဖို့တွေ အားပေးဖို့တွေအတွက်ပဲ အာရုံစိုက်စေချင်သေးတယ်။ ကျွန်တော်က ဘယ်သူနဲ့ ကြိုက်နေပါပြီ ဘယ်သူနဲ့ယူတော့ပါမယ် ဆိုတဲ့ ခေါင်းစဉ်တပ်ဖို့ကတော့ အစောကြီးလိုပါသေးတယ်။ တကယ်လို့ လိုအပ်လာပြီဆိုရင်တော့ ကျွန်တော့် ပရိသတ်တွေကို ပြောမှာပါ'' လို့ ပြောသွားခဲ့တာပါ။

 

သရုပ်ဆောင်မိုးယံဇွန်ရဲ့ မွေးနေ့ဟာ ဇွန်လ ၂၅ ရက်နေ့ဖြစ်ပြီး အလှမယ် ဇွန်သံစဉ်ရဲ့ မွေးနေ့ကတော့ ဇွန်လ ၂၆ ရက်နေ့ဖြစ်ပါတယ်။ မွေးနေ့ ချင်း ရှေ့ဆင့် နောက်ဆင့်ဖြစ်တာကြောင့် မွေးနေ့ပွဲကို အတူတူလုပ်ဖြစ်သွားတယ်လို့ ဆိုပါတယ်။ မွေးနေ့ပွဲတုန်းကလည်း တစ်ယောက်နဲ့ တစ်ယောက် ကိတ်မုန့်ခွံကျွေးခဲ့ကြပြီး အဲဒီဓာတ်ပုံတွေကြောင့်ပဲ ပရိသတ်တွေက သူတို့ရဲ့ဆက်ဆံရေးကို စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က