သားလေးတွေနဲ့ ကစားကွင်းပိုသွားဖြစ်တယ်။

အဆိုတော်ဝေလျှံနဲ့ သန့်စင်မွန်တို့ဟာ အခုနောက်ပိုင်းမှာ Frank နဲ့ Tank ဆိုတဲ့ အမြွှာသားလေးတွေအတွက် ပိုပြီးတော့ အချိန်ပေးဖြစ် နေတယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက်ဝေလျှံရဲ့ အနုပညာကိုအားပေးကြတဲ့ ပရိသတ်တွေက Frank နဲ့ Tank တို့ရဲ့ကြော်ငြာလေးကိုလည်း အားပေးခွင့်ရတော့မှာပါ။

 

အဆိုတော်ဝေလျှံနဲ့ ဇနီး သန့်စင်မွန် တို့ဟာ သွားလေရာမှာ သားလေး Frank နဲ့ Tank ဆိုတဲ့ အမြွှာ သားလေးနှစ်ယောက်ကို ခေါ်သွားလေ့ ရှိပါတယ်။ အမြွှာလေးတွေလည်း ဖြစ်တာကြောင့် လင်မယားနှစ်ယောက်စလုံး သွားလေရာတော့ ခေါ်ဖြစ်တယ်တဲ့။ ကလေးတွေနဲ့ သွားဖို့ ခက်ခဲတဲ့ နေရာ တွေဆိုရင်တော့ မခေါ်ဖြစ်ဘူးလို့ ဝေလျှံက Duwun Media ကနေပြောပြခဲ့ပါတယ်။

'' သားလေးတွေကတော့ တောက်လျှောက်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လူခွဲမရှိတော့ ပြီးတော့ အမြွှာလည်းဖြစ်နေတာ ဆိုတော့ ကျွန်တော်တို့က ကလေးတွေကို သွားတဲ့နေရာတိုင်းတော့ ခေါ်ဖြစ်တယ်။ ရာသီဥတုကောင်းပြီးတော့ သူတို့ လိုက်လို့ရမယ့် နေရာတွေ၊ သူတို့ အတွက် သင့်တော်မယ့် နေရာတွေတော့ ခေါ်တယ်။ သိပ်အခက်အခဲဖြစ်မယ့် နေရာတွေတော့ မခေါ်သွားဖြစ်ပါဘူး'' လို့ ဆိုပါတယ်။

လေးလပြည့်သွားပြီဖြစ်တဲ့ ဝေလျှံရဲ့ အမြွှာသားလေးနှစ်ယောက် 

ဝေလျှံဟာ အမြွှာရင်သွေးလေးတွေ ပိုင်ဆိုင်ခွင့်ရတဲ့ ဖခင်တစ်ယောက်ဖြစ်လာချိန်မှာ သားလေးတွေအတွက် ပိုပြီးတော့ အချိန်ပေးဖြစ်တယ်လို့ ဆိုပါတယ်။ ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ်နေခဲ့ရတဲ့ ဇနီးမောင်နှံ နှစ်ယောက်ဟာ သားလေးတွေကို အချိန်ပေးရင်း သူတို့ သဘောကျတဲ့ ကလေးကစားကွင်းတွေ ပိုရောက်ဖြစ်တယ်လို့ ဆိုပါတယ်။

လိုချင်တာ မရရင် စိတ်မရှည်တတ်တဲ့ သားကြီးလေး Frank နဲ့ သည်းခံစိတ်ရှိပေမယ့်လည်း စိတ်မရှည်တတ်တဲ့ သားငယ်လေး Tank တို့ရဲ့ အကျင့်စရိုက်လေးတွေကိုလည်း ဝေလျှံက ပြောပြခဲ့ပါတယ်။

'' သားလေးတွေရဲ့ အကျင့်စရိုက်ကတော့ နှစ်ယောက်စလုံးက ကဲတယ်။ အကြီးလေးကတော့ သူလိုချင်တာမရဘူးဆိုရင် စိတ်မရှည်ဘူး ကုန်းကုန်းအော်တာ၊ အငယ်လေးကတော့ နည်းနည်းသည်းခံတယ် ဒါပေမယ့် သူလည်း နည်းနည်းတော့ စိတ်ရှည်တဲ့ အထဲမပါဘူး၊ သူက လူစိမ်းရင်နည်းနည်းတော့ ကြောက်တယ်'' လို့ ဆိုပါတယ်။

 

Frank နဲ့ Tank ဆိုတဲ့ ပရိသတ်အချစ်တော်လေး နှစ်ယောက်က ကြော်ငြာလေးတွေလည်း ရိုက်ကူးနေရပြီဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ ဇွန်လ အတွင်းက အသက် ၈ လ ပြည့်ပြီးခဲ့ပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း Frank နဲ့ Tank တို့ ညီအစ်ကိုနှစ်ယောက်က ကလေး ဒိုက်ပါ ကြော်ငြာလေးတွေ ရိုက်ကူးထားတယ်လို့ ဝေလျှံက Duwun Media ကိုပြောပါတယ်။

''လောလောဆယ်တော့ သူတို့ ဒိုက်ပါ ကြော်ငြာလေး ရိုက်ထားတယ်။ နောက်ထပ်လည်း လာကမ်းလှမ်းထားတာရှိတယ် သူတို့ Product မဟုတ်ပဲ လူကြီး Product ဖြစ်နေလို့ နည်းနည်း စဉ်းစားနေပါတယ်။ သားလေးနှစ်ယောက်ကိုရော၊ ကျွန်တော့် အနုပညာအလုပ်တွေကိုပါ ဆက်လက်အားပေးနေတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်'' လို့ သူက ဆိုပါတယ်။

ဝေလျှံရဲ့နဲ့ ဇနီးဖြစ်သူ သန့်စင်မွန်တို့ဟာ ချစ်သူသက်တမ်း (၆)နှစ်ကျော်မှ အိမ်ထောင်ပြုခဲ့တာ ဖြစ်ပြီး နားလည်မှုတွေနဲ့ ဘဝကိုတည်ဆောက် ထားတဲ့ ဇနီးမောင်နှံတွေ ဖြစ်ပါတယ်။ အဲ့ဒီနောက် သူတို့ရဲ့ အမြွှာသားလေးနှစ်ယောက်ကို အောက်တိုဘာ (၂၁)ရက်နေ့ နံနက်(၆)နာရီ က ပင်လုံဆေးရုံမှာမွေးခဲ့တာ ဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က