Innocence ဇာတ်လမ်းတွဲဖြစ်ပါတယ်။

ထက်ဦးထွဋ်ဟာ ယောကျ်ားလေးနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို ပုံဖော်ပြသသွားမယ့် Innocence ဇာတ်လမ်းတွဲထဲမှာ မြူခိုး ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ သူ့အတွက်အတွေ့အကြုံအသစ်တစ်ခုပါတဲ့။

Photo: Htet Oo Htut Fb

 

ထက်ဦးထွဋ်ဟာ Innocence ရုပ်သံဇာတ်လမ်းတွဲထဲမှာ မြူခိုး ဇာတ်ကောင်ကာရိုက်တာနဲ့ ပါဝင်သွားမှာဖြစ်ပါတယ်။ ဒီရုပ်သံဇာတ်လမ်းတွဲ က ယောကျ်ားလေး အချင်းချင်းရဲ့ ချစ်ခြင်းမေတ္တာကိုဖော်ကျူးသွားမယ့် ဇာတ်လမ်းတွဲ ဖြစ်ပါတယ်။ဒီရုပ်သံ ဇာတ်လမ်းတွဲကြောင့်လည်း သူ့ကို ဝေဖန်မှုတွေ ရှိလာမှာကို သိနေပေမယ့်လည်း လိပ်ပြာလုံလုံနဲ့ အကောင်းဆုံး ကြိုးစားဖို့ပဲ စဉ်းစားထားတယ်လို့ ဆိုပါတယ်။

'' ကျွန်တော်အလုပ် မလုပ်ခင်ကတည်းက ကြိုတင်စဉ်းစားပြီးသားပါ။ ဒီဟာလုပ်ရင် ကောင်းတာပြောတာရှိသလို၊ မကောင်းတာပြောတဲ့ သူလည်း ရှိမှာပဲ အဲ့ဒါကို ဘာရယ်ကြောင့် ဆိုပြီးတော့ ထွေထွေထူးထူးမပြင်ဆင်ဘူး။ ကျွန်တော့် စိတ်ကို ကျွန်တော်ပြင်ဆင်တယ်၊ ဘယ်သူတွေ ဘာပဲပြောပြော လိပ်ပြာလုံလုံနဲ့ အကောင်းဆုံး ဖြစ်အောင် ကြိုးစားသွားမှာပါ''လို့ ဆိုပါတယ်။

Photo: Htet Oo Htut Fb

ကိုယ်ရေးကိုယ်တာကိစ္စတွေ မဖြေတော့ဘူးဆိုတဲ့ ဥက္ကာမင်းမောင် 

Innocence ရုပ်သံဇာတ်လမ်းတွဲထဲက ကာရိုက်တာက သူ့အတွက် စိန်ခေါ်မှု တစ်ခုပါတဲ့။ဒီဇာတ်လမ်း တွဲဟာ ဒရာမာဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ယောကျ်ားလေး နှစ်ယောက် တွေ့ဆုံတယ်၊ ချစ်ကြိုက်တယ် ပုံမှန်ဇာတ်လမ်းလေး တစ်ခုပါပဲ ဆိုပြီး L'oréal Paris Myanmar Red Carpet ပွဲကို တက်ရောက်ရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ကျွန်တော့်အတွက် အတွေ့အကြုံအသစ်တစ်ခု ရမယ်လို့လည်း ကျွန်တော်သတ်မှတ်တယ်။ယောကျ်ားလေး အချင်းချင်းကို တချို့တွေ အမြင် မှားနေကြတာတယ်။အဲ့ဒါကို ယောကျ်ားလေးအချင်းချင်း မေတ္တာဓာတ်အနေနဲ့ပဲ ပြသသွားမှာပါ။ Jay Baas နဲ့ ကျွန်တော့်ပုံစံက အေးအေး ဆေးဆေးပဲ ကျွန်တော်တို့ အလုပ်အတူတူတွဲလုပ်ဖို့ရယ်၊ အပြင်သွားရင် တွဲသွားတွဲလာလုပ်ဖြစ်တယ် အဲ့ဒီအတိုင်းပါပဲ'' လို့ ဆိုပါတယ်။

Photo: Htet Oo Htut Fb

 

ထက်ဦးထွဋ်ဟာ အနုပညာလောကထဲကို သရုပ်ဆောင်တစ်ဦးအဖြစ် ငယ်စဉ်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူဟာ မိန်းကလေး ပရိသတ်တွေရဲ့ အားပေးခြင်းခံနေရတဲ့ အနုပညာရှင်အသစ်တစ်ယောက်ပါ။ ထက်ဦးထွဋ်ကိုယ်တိုင် ပါဝင်သရုပ်ဆောင်သွားမယ့် Innocence ဇာတ်လမ်းတွဲကိုတော့ ဇူလိုင်လ ကုန် သြဂုတ်လ အတွင်းမှာ စတင်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

 

Share

Loading Next Article...
က္က