မျက်နှာခွဲစိတ်ပြုပြင်မှုတွေ လုပ်နေပါပြီ။

နေခြည်ဦးတစ်ယောက် ဒီနေ့မနက်ပိုင်းမှာပဲ တောင်ကိုရီးယားနိုင်ငံမှာ မျက်နှာခွဲစိတ်ပြုပြင်မှုတွေ ပြုလုပ်လျှက်ရှိပါတယ်။ သူ့အနေနဲ့ လှချင်တာထက် ကိုယ်လုပ်ချင်တာလုပ်ရလို့ ပျော်နေတယ်လို့ဆိုပါတယ်။ ဒီခွဲစိတ်မှုကြောင့်ပဲ ဟာသအနေနဲ့ Troll လာမယ့် ပရိသတ်တွေ ကိုလည်း နားလည်ပေးတယ်လို့ ပြောပါတယ်။


 

နေခြည်ဦးဟာ နှာခေါင်းနဲ့ မျက်လုံး ခွဲစိတ်ပြုပြင်ဖို့အတွက် ဇူလိုင်လ ၇ ရက်နေ့ ညကတည်းက တောင်ကိုရီးယားနိုင်ငံကို သွားနေပါပြီ။ အချိန် ကတော့ နှစ်ပတ်လောက်ကြာမယ်လို့ ဆိုပါတယ်။ ခွဲစိတ်ပြုပြင်တာကိုတော့ ဇူလိုင်လ ၉ ရက်နေ့ ဒီနေ့မှာ စလုပ်မယ်လို့ သိရပါတယ်။ ဒီအတွက်လည်း ရင်ခုန်နေတယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

'' ခွဲစိတ်ပြုပြင်ဖို့အတွက် ရင်တွေ အရမ်းခုန်နေပါတယ်။ နေခြည် နှစ်ပတ်ကြာမယ်၊ သဘက်ခါမှာ နှာခေါင်းရော မျက်စိရော ခွဲစိတ်မှာပါ။ အစကတော့ နေခြည်က Filter ထိုးတာတာဆိုတော့ Filter မထိုးချင်တော့ဘူး။ နေခြည်က အမြဲတမ်းဖြစ်ချင်တဲ့အတွက် ဆီလီကွန်ထည့်မယ်၊ မျက်ရစ်ဖော်လိုက်တယ်။ အရမ်းကြီးပြုပြင်ပြောင်းလဲချင်တဲ့စိတ်မရှိပါဘူး'' လို့ သူကဆိုပါတယ်။

 

နေခြည်ဦးဟာ မျက်ရစ် ကြီးချင်တာကြောင့် ခွဲစိတ်တာဖြစ်ကြောင်း၊ သူ့ရဲ့မျက်လုံးနှစ်လုံးက ဝေးနေတဲ့အတွက် ထူးခြားတယ်ဆိုတာကို အကယ်ဒမီမို့မို့မြင့်အောင်ကပြောခဲ့တယ်လို့ သူကဆိုပါတယ်။

'' အန်တီမို့က နေခြည့်ရဲ့ မျက်လုံးနှစ်လုံးက ဝေးနေတဲ့အတွက် ထူးခြားတယ်လို့ ပြောတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ နေခြည် ယုံကြည်မှုတွေ ပိုရှိလာတယ်။ ဒါပေမယ့် နေခြည်က မျက်ရစ်လေးပဲ နည်းနည်းကြီးချင်တာ..နေခြည်လုံးဝ မျက်လုံးလေးကို မထိပါဘူး'' လို့ ပြောခဲ့ပါသေးတယ်။

နေခြည်ဦးဟာ နှာခေါင်းနဲ့ မျက်လုံး ခွဲစိတ်လိုက်တာကြောင့် ကိုယ့်ကိုယ်ကို လှသွားတယ်ဆိုတာထက် ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရလိုက်တဲ့ ဆန္ဒကြောင့် ပိုပြီးတော့ ပျော်ရွှင်သွားနိုင်တယ်လို့ ပြောပါတယ်။ ခွဲစိတ်မှုကိုလည်း လုပ်ချင်နေတာ ကြာပြီဆိုပေမယ့် အချိန်မပေးနိုင်သေးလို့ မလုပ်ဖြစ်တဲ့အကြောင်း L'oréal Paris Myanmar Red Carpet ပွဲကို တက်ရောက်ရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

 

နေခြည်ဦးဟာ မျက်နှာခွဲစိတ်မှုမလုပ်ခင်က သူ့ရဲ့ ပုံတွေကို ဟာသတစ်ခုအနေနဲ့ ပြုလုပ်ခဲ့ကြတဲ့ အပေါ်မှာလည်း နားလည်ပေးတယ်လို့ ပြောပါတယ်။ ဒီပုံတွေ အပေါ်မှာလည်း လူတွေက Entertainment တစ်ခုအနေနဲ့ပဲ မြင်လာကြတာကြောင့် ဘာမှ မဖြစ်ဘူးလို့ ပြောပြခဲ့ ပါသေးတယ်။

'' ဆေးလိပ်ဖြတ်ပြီးပုံနဲ့ ဆေးလိပ်မဖြတ်ခင်ပုံတွေကို လူတွေက Troll တစ်ခုအနေနဲ့ လုပ်လာကြတာ ကိုယ်ကိုယ်တိုင်လည်း ရယ်ရတယ်။ ပြီးတော့ Entertainment တစ်ခုအနေနဲ့ ပိုမြင်တယ်။ တခြားပုံတွေနဲ့ Troll လုပ်ရင်တော့ နေခြည်က ပိုပြီးတော့ နားလည်သွားပါပြီ။ ကြိုက်တဲ့သူ ရှိမယ် မကြိုက်တဲ့သူရှိမယ်၊ သူတို့စိတ်ညစ်နေလို့ထွက်ပေါက်ပေးသလိုဖြစ်သွားရင်လည်း နေခြည်ကတော့ နားလည်ပါတယ်'' လို့ဆိုပါတယ်။

 

ပရိသတ်တွေကလည်း သူမရဲ့ ခွဲစိတ်ပြုပြင်မှုနဲ့ပတ်သက်ပြီး စိတ်ဝင်စားလို့ နေကြပါတယ်။ ကိုရီးယားကို မသွားခင်ကလည်း နေခြည်ဦးဟာ သူမရဲ့ ခွဲစိတ်ပြုပြင်မှုတွေနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူရဲ့ ဖေ့စ်ဘွတ်အကောင့်နဲ့ သူမရဲ့ ဖေ့စ်ဘွတ် Story ၊ အင်စတာဂရမ်တို့မှာ စောင့်ကြည့်နေဖို့ ပြောထားခဲ့ပါတယ်။

အခုချိန်ထိတော့ သူမရဲ့ ခွဲစိတ်မှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဘယ်မှာမှ မတွေ့ရသေးပါဘူး။ ဒါပေမယ့် နေခြည်ဦး ခွဲစိတ်ခန်းထဲက ထွက်ထွက်ချင်း မိခင်ဖြစ်သူကို မေးလိုက်တာ တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ သူမ ဇူလိုင်(၇)ရက်နေ့တက်ရောက်ခဲ့တဲ့  L'oréal Paris Myanmar Red Carpet ပွဲအတွက် ပြင်ဆင်နေတာလေးတွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို တင်ပြီးပြီလားဆိုပြီး မေးလိုက်တာပါ ။

 

အဲ့ဒီဗီဒီယိုဖိုင်လေးက ဒီနေ့ နေ့လည် (၂) နာရီက သူမရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားတာ တွေ့ရပါတယ်။ နေခြည်ဦးကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင်ရောက်ရှိ လာတော့မှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က