AD
AD
AD

ထူးအောင်ဟာ မိန်းကလေးပရိတ်သတ်တွေရဲအားပေးဝန်းရံခြင်းကို ခံနေရသူတစ်ဦးပါ။ သူ့ကို ချစ်ခင်အားပေးကြသူတွေရှိသလို Gay တစ်ယောက်ပါဆိုပြီး ဝေဖန်တိုက်ခိုက်သူတွေလည်း ရှိလာတယ်လို့ ပြောပါတယ်။ ဒီလို ဝေဖန်မှုတွေကြားမှာ ထူးအောင် က ဆင်ဆင်ခြင် ခြင်နေသွားတာမျိုးမရှိပဲ ကိုယ့်ခံစားချက်အတိုင်းကိုယ်နေထိုင်တယ်လို့ ဆိုပါတယ်။

play
Photo: Htoo Aung Faacebook

 

ထူးအောင်ကို အားပေးတဲ့ ပရိသတ်များစွာရှိသလို အားမပေးပဲ ဝေဖန်နေတတ်တဲ့ ပရိသတ်တွေလည်း ရှိတာကို တွေ့ရပါတယ်။ ဖက်ရှင်အပိုင်း တွေကို ပိုဦးစားပေးတတ်တဲ့ သူ့ကိုတော့ Gay တစ်ယောက်ပါ ဆိုပြီး ပရိသတ်တချို့ရဲ့ ဝေဖန်မှုတွေရှိလာခဲ့ပါတယ်။ ဒီဝေဖန်မှုတွေကိုလည်း ထူးအောင်က အေးအေးဆေးဆေးပဲ လို့ Duwun Media ကနေပြောလာပါတယ်။

'' ကိုယ်လည်း ကိုယ့်ခံစားချက်နဲ့ ကိုယ်ပဲ၊ သူတို့လည်း သူတို့ခံစားချက်နဲ့ ကျွန်တော်တို့ကို ကြည့်ပြီးတော့ အမျိုးမျိုးဝေဖန်မှာပဲ။ ကောင်းတာကို ဝေဖန်တဲ့သူ ရှိသလို မကောင်းတာကို ဝေဖန်တဲ့သူရှိတယ်။ ဒါကိုလည်း သူတို့ကို သွားပြီးတော့ အပြစ်ပြောလို့ မရဘူး။ ကိုယ့်ပါးစပ်နဲ့ပြောတာ မဟုတ်ဘူး၊ သူ့ပါးစပ်နဲ့ပြောတာဆိုတော့ အေးဆေးပါ'' လို့ ဆိုပါတယ်။

 

play
Photo: Htoo Aung Faacebook

 

ထူးအောင်ဟာ အနုပညာအလုပ်တွေ စတင်လုပ်ကိုင်လာခဲ့တုန်းက ပရိသတ်တွေရဲ့ ပြောဆိုသံတွေကို ဂရုတစိုက်ရှိခဲ့တာကြောင့် ကိုယ့်ရဲ့ ခံစားချက်ကိုတောင်  ဦးစားမပေးနိုင်ခဲ့ပါဘူးတဲ့။ ဒါကြောင့်လည်း ကိုယ့်ရဲ့ မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ ရင်းရင်းနှီးနှီး မရှိခဲ့ရဘူး လို့ပြော ပါတယ်။ အခုဆိုရင်တော့ ကိုယ့်ရဲ့ ခံစားချက်ကို ဦးစားပေးရင်း ရရှိလာမယ့် ရင်းနှီးမှုတွေကို အထိခိုက်မခံနိုင်ဘူးလို့ ဆိုပါတယ်။

''စိတ်ဆိုးလား ဆိုတော့လည်း စိတ်မဆိုးပါဘူး။ ကျွန်တော့်အတွက်ဆိုရင်တော့ သူတို့ ကိုယ့်ကို တကယ်မသိသေးလို့ပဲ ပြောတာလို့ မြင်တာပေါ့။ သူငယ်ချင်းတွေနဲ့ ဓာတ်ပုံတွဲရိုက်တာလည်း မဆင်ခြင်ဘူး။ အခုနောက်ပိုင်း ကျွန်တော်လည်း စိတ်ခံစားချက်ကို ပိုပြီးတော့ ဦးစား ပေးလာ တယ်'' လို့ L'oréal Paris Myanmar Red Carpet ပွဲကို တက်ရောက်ရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

play
Photo: Htoo Aung Faacebook

 

ထူးအောင်ဟာ ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်း လွတ်လွတ်လပ်လပ် နေထိုင်တတ်သူဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း ဝေဖန်မှုတွေတိုင်းကို ဂရုမစိုက်တာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

'' ဂရုမစိုက်တာတော့ မဟုတ်ပါဘူး ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်းနေလိုက်တာပါ။ အဲ့ဒီလိုအရာတွေကို ဂရုစိုက်လိုက်မယ်ဆိုရင် ကျွန်တော်တို့က ဟန်ဆောင်တတ်တဲ့သူဖြစ်သွားရော၊ အဲ့ဒီလိုဟန်ဆောင်ရင်းနဲ့ ကိုယ့်ကိုယ်ကို ဘာဖြစ်ချင်တာလဲဆိုတာ မသိတော့ဘူး။ ကိုယ်ကိုယ်ကိုလည်း မပြောင်းလဲပါဘူး၊ အစကရော အခုရော ဒီအတိုင်းပါပဲ'' လို့ ထူးအောင်က ပြောပါတယ်။

Model လောကမှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ ထူးအောင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးလာရတဲ့ အနုပညာရှင်အသစ်တစ်ယောက်လည်းဖြစ်ပါတယ်။ နောက်ထပ်လည်း လက်ခံထားတဲ့ ဇာတ်ကားတွေအများကြီးရှိသေးတယ် လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD