အရင်ထက်ပိုပြီး ရင့်ကျက်လာပါပြီတဲ့။

အနုပညာအလုပ်တွေ ပြန်လည်လုပ်ဆောင်လာတဲ့ မော်ဒယ်လ်နွယ်နွယ်ထွန်းက အလှဓာတ်ပုံတွေ၊ MTV တွေရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ အခုလို ပြန်လည်ဝင်ရောက်လာချိန်မှာလည်း အရင်ကနဲ့ မတူအောင် ရင့်ကျက်သွားတယ်လို့ ဆိုပါတယ်။ သူဟာ အနုပညာလောကနဲ့ အဆက်အသွယ် ပြတ်နေချိန်မှာလည်း စင်္ကာပူနိုင်ငံမှာ သွားရောက်နေထိုင်နေတယ်လို့ ပြောပါတယ်။



Photo: Nwe Nwe Tun Fb

 

အနုပညာအလုပ်တွေနဲ့ အနည်းငယ်အလှမ်းဝေးခဲ့တဲ့ မော်ဒယ်နွယ်နွယ်ထွန်းဟာ အခုချိန်မှာတော့ ပရိသတ်အရှေ့ကို MTV တွေ အလှဓာတ်ပုံ တွေ ရိုက်ကူးရင်းနဲ့ ပြန်လည်ရောက်ရှိလာ ပြီဆိုတာကို ဝိညာဉ်စိမ်းရုပ်ရှင်ကားကြီး အထူးပြသပွဲကို တက်ရောက်လာရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' ညီမအနေနဲ့ အနုပညာလောကထဲကို ပြန်ဝင်ရောက်လာချိန်မှာ အလှဓာတ်ပုံလေးတွေ၊ MTV တွေရိုက်ကူးဖြစ်နေပါတယ်။ အလှဓာတ်ပုံလေး တွေရိုက်ဖြစ်တယ်ဆိုတာကလည်း ကိုယ်ဝါသနာပါတယ်။ ခရီးတွေထွက်ရင်လည်း ဓာတ်ပုံရိုက်ရတာ ကြိုက်တယ်။ အငှားဓာတ်ပုံဆရာကို ငှား ပြီး သင်ယူတာတွေလည်းရှိတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဓာတ်ပုံလေးတွေ လှနေရင် ကျေနပ်တယ်'' လို့ ဆိုပါတယ်။

Photo: Nwe Nwe Tun Fb

 

Sexy ဆန်တဲ့ အလှဓာတ်ပုံတွေနဲ့အတူ အောင်မြင်လာချိန်မှာ ရုတ်တရက် ပရိသတ်အရှေ့ကနေ ပျောက်သွားရတဲ့ အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' အဲ့ဒီတုန်းကလည်း အနုပညာအလုပ်ကို မလုပ်တော့တာပေါ့။ တချို့တွေက မော်ဒယ်လ်လိုင်းကိုလာပြီး သရုပ်ဆောင်ဘက်ကို ကူးကြတာများ တယ်။ ညီမကကျတော့ သရုပ်ဆောင်ဘက်ကို မကူးဘူး၊ ကိုယ်ကိုယ်တိုင်လည်း ကြားမှာ ဘာမှမရိုက်တော့တာ  ကမ်းလှမ်းလာတာတွေ ကိုလည်း မလုပ်တော့ပါဘူးလို့ ငြင်းခဲ့တာပါ'' လို့  နွယ်နွယ်ထွန်းက ပြောပါတယ်။ 

Photo: Nwe Nwe Tun Fb

 

နွယ်နွယ်ထွန်းဟာ တစ်ချိန်တုန်းက Sexy အလှဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုများစွာကိုလည်း ခံခဲ့ရသူတစ်ဦးပါ။ အဲ့ဒီ အချိန်တုန်းကတော့ ပရိသတ်တွေရဲ့ စကားကို အာရုံမစိုက်တတ်ခဲ့ဘူးလို့လည်း ပြောခဲ့ပါတယ်။

'' ညီမက အရင်တုန်းက ငယ်သေးတော့ ကိုယ်လုပ်ချင်တာ ကိုယ်ဇွတ်လုပ်တယ်။ သူများတွေကိုလည်း အာရုံမစိုက်၊ ဂရုမစိုက်တတ်ဘူး။ အခုတော့ နည်းနည်းလေး ရင့်ကျက်သွားတာပေါ့။ အခုတော့ ခရီးတွေသွားတယ်၊ စင်္ကံာပူမှာနေတယ်၊ ဒါပေမယ့် အနုပညာအလုပ်လေးတွေ ပြန်လုပ်ချင်တဲ့အတွက် ဒီမှာပဲ ဓာတ်ပုံလေးတွေရိုက်ဖြစ်မယ်'' လို့ သူကဆိုပါတယ်။

Sexy ပုံစံမျိုးတွေ ထပ်မရိုက်တော့ပါဘူးလို့ ဆိုလိုက်တဲ့ ရွှေပိုးအိမ် 

Photo: Nwe Nwe Tun Fb

 

နွယ်နွယ်ထွန်းကိုတော့ ပရိသတ်တွေက Sexy Model တစ်ယောက်အဖြစ် စတင်သိရှိခဲ့ကြတာပါ။ အနုပညာလောကထဲမှာ ဝေဖန်ခံရတာတွေ ကြုံတွေ့ခဲ့ရပြီးနောက် မော်ဒယ်လ်လောကနဲ့ အဆက်ပြတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်က သရုပ်ဆောင်လိုင်းကို မကူးဖြစ်တာကလည်း မကျွမ်းကျင်တဲ့ အလုပ်တစ်ခုဖြစ်လို့ မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က