AD
AD
AD

အောင်မြင့်မြတ်တစ်ယောက် ရုပ်သံဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရပါပြီ။ မကြာခင်က အဖျားတစ်ထောက် ရုပ်သံဇာတ်လမ်းတွဲ လည်း ရိုက်ကူးထားပါသေးတယ်။ အခုလက်ရှိမှာလည်း Hospital Diary ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေပါတယ်။ ဒီ ဇာတ်လမ်း တွဲ ၂ ခုစလုံးကို မြန်မာ့ရုပ် မြင်သံကြားမှာ ပြသသွားမယ်လို့ ပြောပါတယ်။

play

 

အောင်မြင့်မြတ်ကို ပရိသတ်တွေက ဇာတ်ကားတွေ ထပ်မရိုက်တော့ဘူးလားလို့ မေးခွန်း ထုတ်လျှက်ရှိပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာ Hospital Diary ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးနေတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာတော့ ဆရာဝန်တစ်ယောက်ကာရိုက်တာနဲ့ မြင်တွေ့ရမှာပါ။

'' ဆရာဝန်နဲ့ လူနာတွေကြားထဲမှာ ဖြစ်တတ်တဲ့ အထင်လွဲမှုလေးတွေရှိမယ်။ ပြီးတော့ ဆရာဝန်တစ်ယောက်ချင်းစီမှာရဲ့ နောက်မှာလည်း သူ့ အကြောင်းအရင်းနဲ့ သူရှိတယ်။ ဘာကြောင့် သူဒီလိုဖြစ်လာတာလည်း ဆိုတာကို ဖြေရှင်းပေးထားတယ်။ ဒီစီးရီးလေးထဲမှာလည်း သူ့အကြောင်း နဲ့သူ ချိတ်ထားတာ အလှည့်အပြောင်းလေးတွေလည်း ရှိတယ်'' လို့ ဆိုပါတယ်။

 

play

 

အောင်မြင့်မြတ်ဟာ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ အားပေးမှုရရှိခဲ့တာဖြစ်ပြီး ဇာတ်လမ်းတွဲရိုက်ရတဲ့အချိန်မှာ ပြင်ဆင်ရတဲ့ အခက်အခဲလေးတွေအကြောင်းပြောပြခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီး နဲ့ ရုပ်သံဇာတ်လမ်းတွဲကလည်း ပရိသတ်အရှေ့ကို ရောက်ရှိပုံခြင်း ကွာတယ်လို့ ပြောပြခဲ့ပါတယ်။

'' ဇာတ်လမ်းတွဲနဲ့ ရုပ်ရှင်ဇာတ်ကား ကတော့ ကွာတာပေါ့နော်။ ရုပ်ရှင်လိုတော့ ဒုန်း ဒုန်းဆိုပြီးတော့ တန်ပိုတွေ တက်သွားမှာတော့ မဟုတ်ဘူး။ တဖြည်းဖြည်းချင်းသွားမှာဖြစ်တဲ့အတွက် အရမ်းကြီးတော့ အခက်အခဲမရှိလောက်ဘူး။ ရှေ့မှာလည်း ဇာတ်လမ်းတွဲကို ရိုက်ထား တာတွေလည်းရှိတော့ အဆင်ပြေပါတယ်'' လို့ သူကဆိုပါတယ်။

play

 

သရုပ်ဆောင်အောင်မြင့်မြတ်ကို ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေအားပေးခဲ့တာပါ။ မိဘမဲ့ကလေး တစ် ယောက်  ဂျစ်ကန်ကန်လူငယ်တစ်ယောက်ကာရိုက်တာနဲ့ သိန်းစိုး ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဇာတ်ကား ရုံတင် ပြီးတဲ့နောက်မှာတော့ အောင်မြင့်မြတ်ကို ချစ်တဲ့ ပရိသတ်တွေ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။

အောင်မြင့်မြတ်ဟာ Hospital Diary ရုပ်သံဇာတ်လမ်းတွဲ မရိုက်ကူးခင်မှာလည်း ' အဖျားတစ်ထောက်' ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ပိုင်ဖြိုးသု နဲ့ရိုက်ကူးထားပါသေးတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွဲ ၂ ခုစလုံးကိုတော့ မြန်မာ့ရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသသွား မယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD