အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။

တိုင်ရွန်ဟာ မော်ဒယ်လ်လောကမှာလည်း အောင်မြင်မှုပိုင်ဆိုင်ထားသလို သရုပ်ဆောင်ဘက်မှာလည်း အောင်မြင်ဖို့ ကြိုးစား နေသူတစ်ဦးပါ။ ယောကျ်ားလေး ပရိသတ်ရော မိန်းကလေးပရိသတ်ရော အခိုင်အမာရရှိထားတဲ့သူဟာ ပရိသတ်တွေ စိတ်ပျက် အောင် မလုပ်ပါဘူးလို့ပြောပါတယ်။


 

သရုပ်ဆောင်အလုပ်ရော၊ မော်ဒယ်လ်လောကမှာပါ အောင်မြင်နေတဲ့ တိုင်ရွန်ဟာ ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းများစွာကို ပိုင်ဆိုင် ထားသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေ အားပေးမှုကြောင့်လည်း ဒီနေရာအထိ ရပ်တည်လာနိုင်တာ ကြောင့် ကျေးဇူးအများကြီး တင်ကြောင်း ငါ့ကိုနမ်းတဲ့ မုန်တိုင်း ဂုဏ်ပြုညစာစားပွဲကို တက်ရောက်ရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ကျွန်တော့်ကို ပရိသတ်တွေက အစ်ကိုတစ်ယောက်လို အားပေးချစ်ခင်ကြတာ တွေ့ရလို့လည်း ပျော်တယ်။ ကျွန်တော့်မှာ ပရိသတ် များတာ လေးကို ကြားရလို့ပျော်တယ်။ သူတို့တွေရှိနေလို့လည်း ကျွန်တော်ဆိုတာ ဖြစ်လာတာပါ။ အဲ့ဒီအတွက်ကြောင့်လည်း ကျေးဇူးအများကြီး တင်တယ်လို့ပြောချင်ပါတယ်'' လို့ ဆိုပါတယ်။

 

တိုင်ရွန့်ကိုတော့ အားပေးကြတဲ့ ပရိသတ်တွေထဲမှာ မိန်းကလေး ပရိသတ်တွေသာမက ယောကျ်ားလေး ပရိသတ်တွေပါ ရှိပါတယ်။ သူ့ရဲ့ အနုပညာအကြောင်းအရာနဲ့ ပတ်သက်ပြီး အမာခံပရိသတ်လေးတွေရဲ့ ဝေဖန်အကြံပြုမှုတွေ အပေါ်မှာလည်း ပြင်ဆင်ဖြစ်တယ်လို့ ပြောပါတယ်။

'' အားပေးတဲ့ ပရိသတ်တွေထဲမှာ မိန်းကလေး ပရိသတ်တွေက များတယ်။ ကျွန်တော် ဘာလုပ်လုပ် ကောင်းတယ်လို့ပြောပြီး အားပေးကြတဲ့ Fan တွေလည်းရှိတယ်။ တချို့ကျတော့လည်း အစ်ကိုရေ ဒီအချက်လေးက မှားနေတယ်ဆိုပြီး ထောက်ပြပေးတဲ့ Fan တွေလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ပြောတာလည်း နားထောင်တယ်၊ ကိုယ်တိုင်လည်း ပြင်ဆင်ဖြစ်တယ်'' လို့ ဆိုပါတယ်။

အကောင်းဆုံးကြိုးစားခဲ့တဲ့ ဇာတ်ကားရုံတင်တော့မယ်ဆိုတဲ့ တိုင်ရွန်  

 

ကိုယ်တိုင်လည်းအနုပညာလောကမှာ ကြိုးစားနေရတာ ဖြစ်တဲ့အတွက် ပရိသတ်တွေ စိတ်ပျက်သွားအောင်လည်း တိုင်ရွန်က မလုပ်ပါဘူးလို့ တိုင်ရွန်က ပြောပြခဲ့ပါတယ်။

'' အားပေးကြတဲ့ ယောကျ်ားလေး ညီအစ်ကိုတွေကိုလည်း ကျေးဇူးတင်ပါတယ်။ အားပေးကြတဲ့ ညီအစ်ကိုတွေ စိတ်ပျက်သွားအောင်လည်း ကျွန်တော်ဘယ်တော့မှ မလုပ်ပါဘူး။ ညီအစ်ကိုတွေက ဘာတွေလိုချင်တယ်၊ ဘယ်လိုဖြစ်စေချင်တယ်ဆိုတာကို သိပါတယ်။ အဲ့ဒီလို ဖြစ်ဖို့ အတွက်လည်း ကိုယ်တိုင် ကြိုးစားနေတယ်'' လို့ သူကဆိုပါတယ်။

တိုင်ရွန်ဟာ အားပေးကြတဲ့ ပရိသတ်တွေရဲ့ စံပြတစ်ယောက်ဖြစ်တဲ့အတွက် အစစအရာရာအကောင်းဆုံးဖြစ်အောင် နေထိုင်တယ်လို့ ပြော ပါတယ်။ သူ့အနေနဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့လည်း အနုပညာအလုပ်တွေနဲ့ အတူ ပရဟိတ အလုပ် တွေကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က