သားသမီးတွေကလည်း အကြံပေးတယ်။

လိုက်ဖက်တဲ့ ဖက်ရှင်တွေနဲ့ ပရိသတ်အမြင်ကိုပြောင်းလဲစေခဲ့တဲ့ ခင်လှိုင်ဟာ ဖက်ရှင်လောကကို မျက်ခြေမပြတ်စောင့်ကြည့် နေခဲ့တယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် ဇာတ်ကောင်ကာရိုက်တာ ပီပြင်အောင်ကြိုးစားတဲ့ နေရာ မှာလည်း ဒီဖက်ရှင်က အရေးပါတယ်လို့ သူကပြောပါတယ်။


Photo: Khin Hlaing Fb

 

သရုပ်ဆောင်ခင်လှိုင်ဟာ အခုနောက်ပိုင်းမှာ သူ့ရဲ့ ဖက်ရှင်တွေနဲ့ ပတ်သက်လို့ ပရိသတ်တွေ သတိထားမိစေခဲ့ပါတယ်။ လိုက်ဖက်တဲ့ ဖက်ရှင် မျိုးတွေကို ရွေးချယ်ဝတ်ဆင်ဖြစ်တာကြောင့်လည်း အရွယ်တင်နုပျိုနေသလိုပါပဲ။ ပြောင်းလဲဝတ်ဆင်လာတဲ့ ဖက်ရှင်အကြောင်းကို ခင်လှိုင်က ပြောပြခဲ့ပါတယ်။

''ဦးခင်လှိုင်က အစကတည်းက ဖက်ရှင်ကို ဝါသနာပါတာလေ။ ဟိုတုန်းကဆိုရင် ကျွန်တော် ထင်ရာမြင်ရာပရမ်းပတာတွေ ဝတ်တာပေါ့နော်။ အခုတော့ သားတွေကလည်း နည်းနည်းကြီးလာတော့ သူတို့ကလည်း ဆင်တတ်လာတော့ အဆင်ပြေတယ်ပေါ့'' လို့ ဘော်ဘော်ကထှော် ရုပ်ရှင်အထူးပြသပွဲကိုတက်ရောက်ရင်း Duwun Media ကိုပြောပြခဲ့ပါတယ်။

စက်ရေတွင်းတူးဖို့ အလှူဆောင်ရွက်နိုင်ခဲ့ပြီဆိုတဲ့ ခင်လှိုင်  

ခင်လှိုင်ဟာ သူတစ်ယောက်တည်းတင်မကပဲ ဖက်ရှင်နဲ့ ပတ်သက်ပြီး သူ့ရဲ့ ဇနီးကိုပါ လိုက်ဖက်တဲ့ ဖက်ရှင်မျိုးရွေးချယ်ဝတ်ဆင်စေခဲ့ပါတယ်။ သားသမီးတွေရဲ့ အကြံပေးမှုတွေနဲ့ အတူ ကိုယ်တိုင်ကလည်း ဖက်ရှင်အမြင်ရှိတာကြောင့် ပြောင်းလဲဝတ်ဆင်ဖြစ်ခဲ့တာလို့ ပြောပါတယ်။

'' ဖက်ရှင်နဲ့ ပတ်သက်ပြီး မိန်းမကိုလည်းဆင်တယ်။ အဓိက က သားတွေ၊ သမီးတွေ အရွယ်ရောက်လာတော့ အဖေ ဒါမျိုးလေးတွေဝတ် အဖေ နဲ့ ပိုအဆင်ပြေတယ်ပေါ့။ သူတို့လေးတွေကြောင့်လည်း ပါ ပါတယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင်ကလည်း ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့ မျက်ခြေ မပြတ်လေ့လာနေတာလည်းပါတယ်'' လို့ သူကဆိုပါတယ်။

 

သရုပ်ဆောင်တစ်ယောက်ဖြစ်တာကြောင့် ဖက်ရှင်က တော်တော်များများအရေးပါတယ်လို့ပြောပါတယ်။ ဇာတ်ကောင်ကာရိုက်တာ ပီပြင်ဖို့ အတွက် ကြိုးစားပြင်ဆင်မှုတွေထဲမှာ ဖက်ရှင်လည်း အဓိက ကျတယ်ဆိုပါတယ်။ ဇာတ်ကောင်တစ်ကောင်ရဲ့ ရုပ်လုံးပေါ်အောင် ဖန်တီးမှု မှာလည်း ဖက်ရှင်က သက်ဆိုင်တယ်လို့ သိရပါတယ်။

'' ဖက်ရှင်နဲ့ ပတ်သက်ပြီးတော့လည်း ရာခိုင်နှုန်းတော်တော်များများက အရေးပါ ပါတယ်။ ဘာကြောင့်လဲဆိုတော့ သရုပ်ဆောင် တစ်ယောက် ရဲ့ ကာရိုက်တာကို ပေါ်လွင်ဖို့ဆိုတာ အဲ့ဒီဖက်ရှင်က အဓိက ပါပဲ။ သူ့ရဲ့ ဝတ်စားဆင်ယင်မှုကိုမြင်လိုက်တာနဲ့ သူက ဒီလိုကောင်ပါ လားလို့ တန်းပြီးသိတာပေါ့။ ဆင်းရဲသားလား၊ သူဌေးသားလား ပေါ်လွင်ဖို့အတွက် ဖက်ရှင်နဲ့ မိတ်ဆက်ရတာပေါ့'' လို့ ဆိုပါတယ်။

Photo: Khin Hlaing Fb

 

ခင်လှိုင်ဟာ ဒီနေ့ဒီအချိန်ထိ အောင်မြင်မှုတွေနဲ့ ရပ်တည်နေနိုင်တာကလည်း ပရိသတ်တွေအပေါ် ထားတဲ့ မေတ္တာတွေကြောင့်ပါတဲ့။ ပရိသတ်တွေအပေါ်မှာ ထားတဲ့ စေတနာအကျိုးတွေကြောင့်လည်း ရောင်ပြန်ဟပ်တယ်လို့ သူကဆိုပါတယ်။ ခင်လှိုင်က မကြာခင်ရုံတင်ပြသ တော့မယ့် ဘော်ဘော်ကထှော်ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က