ချစ်သူ သက်တမ်း ၃နှစ်ကျော်ပါပြီတဲ့။

သရုပ်ဆောင်အောင်မြင့်မြတ်နဲ့ အိမီမီကိုတို့ စုံတွဲက ချစ်သူ သက်တမ်း ၃ နှစ်ကျော်လာပါပြီ။ မင်္ဂလာသတင်းကိုလည်း ကြား ရတော့မှာ ပါလို့ ဆိုပါတယ်။ ရုံးဝန်ထမ်းဘဝကတည်းက လက်တွဲလာခဲ့ကြတဲ့ သူတို့ စုံတွဲဟာ တစ်ယောက် မကြိုက်တဲ့ အချက်ကို တစ်ယောက်က ပြင်ရင်း လက်တွဲလာခဲ့ကြတယ်လို့ ပြောပါတယ်။



Photo: Aung Myint Myat Fb

 

သရုပ်ဆောင်အောင်မြင့်မြတ်တစ်ယောက် မင်္ဂလာသတင်းကြားရတော့မှာပါ ဆိုပြီးတော့ ပရိသတ်တွေအတွက် ပြောလာပါတယ်။ ချစ်သူနဲ့ အတူတွဲလာတဲ့ သက်တမ်းကလည်း ၃ နှစ်ကျော်ပြီလို့ ဆိုပါတယ်။ မင်္ဂလာပွဲသတင်း သေသေချာချာစီစဉ်ပြီးရင်တော့ ပရိသတ်တွေကို ပြောပြသွားမယ်လို့ဆိုပါတယ်။

'' ချစ်သူ သက်တမ်းက ၃ နှစ်လောက်ရှိပြီ။ ကျွန်တော်နဲ့သူလည်း  ရုံးဝန်ထမ်းဘဝကတည်းက တွေ့လာပြီးတော့ အခက်အခဲတွေအများကြီး ဖြတ်သန်းကြတယ်။ သူလည်း မိတ်ကပ်လောကမှာ နေရာလေးတစ်ခုရလာတယ်။  ကျွန်တော်လည်း သရုပ်ဆောင်ဘက်မှာ နာမည်သိလာတဲ့ အခါမှာလည်း အရင်တုန်းကလိုပဲ တစ်ယောက်လိုအပ်တာကို တစ်ယောက်က ဖြည့်ဆည်းပေးနေကြပါ'' လို့ ဆိုပါတယ်။

Photo: Aung Myint Myat Fb

ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အရှေ့ရောက်လာမယ့် အောင်မြင့်မြတ် 

အောင်မြင့်မြတ်နဲ့ အိမီမီကို တို့ အတွဲကတော့ တစ်ယောက်နဲ့တစ်ယောက် စိတ်ဆိုးစိတ်ကောက်ရှိရင်လည်း ကြာကြာမထားတတ်ကြဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် သူတို့ နှစ်ယောက်ကတော့ တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်း နားလည်မှုထားကြတယ်ဆိုပြီးတော့ Hospital Diary ဇာတ်လမ်းတွဲကန်တော့ပွဲကို တက်ရောက်ရင်း Duwun Media ကနေပြောပြခဲ့ပါတယ်။

'' တစ်ယောက်နဲ့ တစ်ယောက်က စိတ်ဆိုးစိတ်ကောက်တာလေးတွေတော့ရှိတယ်။ ဘယ်လောက်ပဲ နားလည်ပါတယ်ပြောပြော ရန်ဖြစ်တယ် ဒါကလည်း ခဏလေးပါပဲ။ ပြီးတော့လည်း မေ့သွားတာပဲ ညဘက်ရန်ဖြစ်ရင် မနက်ဆို ပြေသွားကြတာပဲ။ တစ်ခါတစ်လေ နောက် ၂ ရက်လောက်နေရင်တောင် ငါတို့ ဟိုတစ်နေ့က ဘာလို့ရန်ဖြစ်တာလဲ ဆိုပြီး မေ့သွားရော'' လို့ ဆိုပါတယ်။

Photo: Aung Myint Myat Fb

 

ချစ်သူသက်တမ်း ၃ နှစ်အတွင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက်မကြိုက်တဲ့အချက်တွေရှိတယ်လို့ဆိုပါတယ်။ ဒီလိုအချက်တွေကို တစ်ယောက်နဲ့တစ်ယောက် ပြုပြင်ပြောင်းလဲ ရင်း ရှေ့ဆက်လက်တွဲလာကြတယ်လို့ သူကပြောပါတယ်။

'' သူလည်း ကျွန်တော့်ကို မကြိုက်တဲ့ အချက်တွေရှိတယ်။ အလုပ်မရှိဘူးဆိုရင် တစ်ညလုံး ဂိမ်းဆော့၊ စာဖတ်၊ ရုပ်ရှင်တွေကြည့်တယ်ပေါ့။ မနက်ဆိုလည်း ၁၁ နာရီကျော်လောက်မှထ အဲ့ဒါတွေ လိုက်ပြောတယ်။ သူ့ကိုလည်း ကျွန်တော် အားမရတဲ့အချက်တွေ အများကြီးရှိပါတယ်။ သူ့ကိုလည်း ကျွန်တော်ပြောတာပဲ'' လို့ သူကဆိုပါတယ်။

သရုပ်ဆောင်အောင်မြင့်မြတ်ကို ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေအားပေးခဲ့တာပါ။ မိဘမဲ့ကလေး တစ် ယောက်  ဂျစ်ကန်ကန်လူငယ်တစ်ယောက်ကာရိုက်တာနဲ့ သိန်းစိုး ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဥပါတံမျဉ်ရုပ်ရှင်ဇာတ်ကား ရုံတင်ပြီးတဲ့နောက်မှာတော့ အောင်မြင့်မြတ်ကို ချစ်တဲ့ ပရိသတ်တွေ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က