သြစတေးလျမှာ ဆေးကုသမှုခံယူနေရတယ်။

ဦးကျော်ဟိန်း(ခ) ဥူးဇင်းကိတ္တိသာရ ကတော့ ကျန်းမာရေးအခြေအနေကြောင့် သြစတြေးလျမှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံကို ပြန်လာဖို့အခက်အခဲရှိပေမယ့်လည်း ပရိသတ်တွေအတွက် ကောင်းမွန် တဲ့ အသိတရားတွေ ဝေမျှနိုင်ဖို့ လေ့လာမှတ်သားကျင့်ကြံအားထုတ်နေတယ်လို့ ပြောပါတယ်။



 

ဦးကျော်ဟိန်း(ခ) ဥူးဇင်းကိတ္တိသာရဟာ ကျန်းမာရေးအခြေအနေကြောင့် သြစတြေးလျနိုင်ငံမှာ ၂၀၁၇ ခုနှစ်ကတည်းက ဆေးကုသမှု ခံယူလျှက်ရှိတယ်လို့ သားဖြစ်သူ ကိုနေဝင်းက ပြောပါတယ်။

'' မနှစ်ကတုန်းက သူ ဆေးရုံတက်ခဲ့ရတယ်လေ အဆုတ်ကလည်း သိပ်မကောင်းတော့ဘူး။ အရင်က အဆုတ်ကို ထိထားတဲ့ ဒဏ်တွေလည်း ရှိ တယ်။ ဥူးဇင်း သီတင်းသုံးတဲ့ ကျောင်းမှာပဲ အေးအေးဆေးဆေး နေရတာပေါ့။ တကယ် အရေးတကြီးလိုအပ်မှပဲ သွားလာ လှုပ်ရှားဖြစ်တာပါ'' ဆိုပြီးတော့ ဥူးဇင်းကိတ္တိသာရ(ခ) ဦးကျော်ဟိန်းရဲ့ သက်တော်(၇၁) နှစ်ပြည့်မွေးနေ့ အလှူမှာ သားဖြစ်သူ ကိုနေဝင်းက ပြောပြခဲ့တာပါ။

 

ဥူးဇင်းကတ္တိသာရဟာ ကျန်းမာရေးက ဆိုးဆိုးရွားရွားကြီးမဟုတ်ပေမယ့် အဆုတ်ပုံမှန်အလုပ်လုပ်နိုင်အောင် ၂၄ နာရီပတ်လုံး အောက်ဆီဂျင် နဲ့ နေနေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း မြန်မာနိုင်ငံကို ပြန်လာဖို့အတွက် ၁၂ နာရီကြာတဲ့ အချိန်အတွက် အခက်အခဲရှိတာကြောင့် ပြန်မလာဖြစ်သေးဘူးလို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။

Photo: Facebook

 

ဥူးဇင်းကိုလည်း တစ်နှစ်တစ်ခါ သွားရောက်တွေ့ဆုံဖြစ်တယ်တဲ့။ ဥူးဇင်းအနေနဲ့ သူ့ရဲ့ ပရိသတ်တွေအတွက် ကောင်းမွန်တဲ့ တရားတွေ ပြန်လည်ဝေမျှနိုင်ဖို့ အတွက် ကြိုးစား ကျင့်ကြံနေတယ်လို့ သူကဆိုပါတယ်။

'' ဥူးဇင်းကလည်း ဘာတွေ မိန့်သလဲဆိုတော့ ကျွန်တော်တို့ မိသားစုတွေ နေကောင်းလား၊ ကျန်းမာလား၊ အဆင်ပြေလားပေါ့။ဥူးဇင်းကလည်း ကျင့်ကြံအားထုတ်နေတာဆိုတော့ သူ မိန့်စရာရှိတာ မိန့်ပြီး သူ့အလုပ်သူ ဆက်လုပ်နေတာပေါ့။ ပြီးရင် သူ ဘယ်လို တရားတွေ ဝေမျှရမလဲ ဆိုတာတွေပဲ ဆက်လုပ်ဖြစ်နေတယ်'' လို့ သူကဆိုပါတယ်။

Photo: Facebook

 

ဥူးဇင်း ကတ္တိသာရ(ခ) ဦးကျော်ဟိန်းဟာ ဇူလိုင်လ ၁၄ ရက်နေ့မှာဆိုရင် အသက် ၇၁ နှစ်ပြည့်ပါပြီ။ သူ့ရဲ့ မွေးနေ့အကြိုအဖြစ် ဇူလိုင်လ ၉ ရက်နေ့က မြန်မာ့ရုပ်ရှင် သက်ကြီးရွယ်အိုတွေနဲ့ လူကြမ်းအဖွဲ့ဖြစ်တဲ့ ကိုလူချော အဖွဲ့ ကို ၇၅ သိန်းစီ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အသက် ၇၀ပြည့် မွေးနေ့ အလှူတုန်းကလည်း ဆင်းရဲနွမ်းပါးရုပ်ရှင်လောကသားတွေအတွက် ဆန် နဲ့ ဆီတွေ လှူဒါန်းခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က