ညီလင်းညို ဆိုပြီး ပရိသတ်အားပေးတဲ့မင်းသားပါ။

ဟိန်းထက်တစ်ယောက် ညီလင်းညို ကာရိုက်တာအတွက် ကြိုးစားပြင်ဆင်ခဲ့ရတာတွေက ကျေနပ်စရာပါတဲ့။ မိန်းကလေး ပရိသတ်အခိုင်အမာ ရရှိလာတာကိုလည်း ဝမ်းသာနေတယ်လို့ပြောပါတယ်။ လက်ရှိမှာလည်း သူအရမ်းကို သရုပ်ဆောင်ချင်တဲ့ အက်ရှင်ကာရိုက်တာနဲ့ ဇာတ်လမ်း တွဲ ရိုက်နေတယ်လို့ ပြောပါတယ်။

Photo: Hein Htet Fb

ဟိန်းထက်ဟာ ညီလင်းညိုဆိုတဲ့ ကာရိုက်တာနဲ့ အရိပ် ရုပ်သံဇာတ်လမ်းတွဲကနေ မိန်းကလေးပရိသတ်တွေအခိုင်အမာရရှိထားသူပါ။ ယောကျ်ားလေးသရုပ်ဆောင်တစ်ယောက်ဖြစ်တာကြောင့် မိန်းကလေး ပရိသတ်အားပေးမှုရရှိလာတာကိုလည်း အရမ်းပျော်တယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' မိန်းကလေးပရိသတ်တွေများတဲ့အတွက်လည်းအရမ်းပျော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ယောကျ်ားလေးဖြစ်နေတဲ့အတွက် မိန်းကလေးပရိသတ်က ပိုများတာပေါ့နော်။ အဲ့ဒီအတွက်လည်း ဒီ့ထက်မက ပိုပြီးတော့ အားပေးကြပါဦး'' ဆိုပြီးတော့ Panasonic နှစ် ၁၀၀ ပြည့်ပွဲကို တက်ရောက်ရင်း Duwun Mediia ကို သီးသန့်ဖြေဆိုခဲ့တာပါ။

Photo: Hein Htet Fb

 

ညီလင်းညိုရဲ့ ကာရိုက်တာဟာ ဟိန်းထက် အတွက်တော့ မမျှော်လင့်ထားတဲ့ အောင်မြင်မှုတစ်ခု ရရှိလိုက်သလိုပါပဲ။ အရိပ်ဇာတ်လမ်းတွဲ မရိုက်ခင်တုန်းကတည်းက ကြိုးစားပြင်ဆင်ခဲ့ရတာတွေကိုလည်း ကျေနပ်တယ်လို့ ပြောပါတယ်။ သူ့ရဲ့ နာမည်တောင်ပျောက်ပြီး ညီလင်းညို လို့ပဲ ပရိသတ်တွေက ခေါ်ကြတဲ့ အမှတ်တရတွေကိုလည်း ပြောပြခဲ့ပါတယ်။

'' ညီလင်းညို ဆိုတာကလည်း အရိပ်ဝတ္ထုထဲက ဇာတ်ကောင်ရဲ့ နာမည်ပါ။ ကျွန်တော့်ကို ဟိန်းထက်ဆိုရင် ဘယ်သူ့မှ မသိဘူး ညီလင်းညိုလို့ ပဲ သိကြတာ။ ညီလင်းညိုဆိုပြီးတော့ အားရပါးရ နှုတ်ဆက်ကြတာပေါ့နော်။ အဲ့ဒီအခါကျရင်အရမ်းပျော်တယ် ကျွန်တော့်ရဲ့ ကြိုးစားမှုအပေါ်အသိ အမှတ်ပြုပေးကြလို့လည်း ကျေနပ်တယ်'' လို့ သူကပြောပါတယ်။

Photo: Hein Htet Fb

 

ညီလင်းညိုက အခုလက်ရှိမှာတော့ တတိယမြောက်ဆုံမှတ် ဆိုတဲ့ အက်ရှင်ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေတယ်လို့ ပြောပါတယ်။ ဒီဇာတ်လမ်း တွဲထဲမှာ ရဲအုပ် စေတမန် ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပြီး အက်ရှင်ကာရိုက်တာအတွက် ကြိုးစားပြင်ဆင်နေပုံကိုလည်း ပြောပြခဲ့ပါသေးတယ်။

''ကျွန်တော့်ရဲ့ ပထမဆုံးအက်ရှင် ဇာတ်ကား ပေါ့နော်။ ပရိသတ်တွေ ကြိုက်မှာပါ။ ကျွန်တော်ကိုယ်တိုင်လည်း ချနေ နှပ်နေတာပဲ အကြိုက်ဆုံး ပေါ့နော်။ အမှန်အတိုင်းပြောရရင် ကျွန်တော်က အက်ရှင်မင်းသားဖြစ်ချင်တယ်။ အခု တောက်လျှောက်လည်း အက်ရှင်အပိုင်းနဲ့ ပတ်သက် လေ့ကျင့်တာကတော့ ရှုတင်တစ်ခုလုံး ကျွန်တော့အနားကို မကပ်ရဲကြဘူး။ တစ်ချိန်လုံး ထိုးနေကြိတ်နေလို့ပေါ့''လို့ ဆိုပါတယ်။

Photo: Hein Htet Fb

 

ဟိန်းထက်ကို MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ ပျော်ပျော်နေတတ်တဲ့ ဟိန်းထက်က ပေးလာတဲ့ ကာရိုက်တာတိုင်းမှာလည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်တတ်သူဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာလည်း ရုပ်သံဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပါတယ်။

 

Share

Loading Next Article...
က္က