ရုပ်ရှင်တစ်ကားတော့ ရိုက်ထားတယ်။

သားညီက တူမလေးဖြစ်သူ ဆည်းလည်းနဲ့ ရုပ်ရှင်ဇာတ်ကားရိုက်ကူးထားတယ်လု့ိဆိုပါတယ်။ ဆည်းလည်း ဟာ အသက် ၁၅ နှစ် ပဲ ရှိသေးတာ ကြောင့် အနုပညာအလုပ်ထက် ပညာရေးကို ပိုဦးစားပေးနေတာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ လုပ်လို့ရပြီ ဆိုရင်လည်း အကောင်းဆုံး ပံ့ပိုးပေးသွားမယ်တဲ့။



Photo: Thar Nyi Facebook

 

ဒါရိုက်တာတစ်ယောက်အဖြစ် အနုပညာလောကမှာ ဆက်လက်ရပ်တည်နေတဲ့ သားညီဟာ တူမလေးဖြစ်တဲ့ ဆည်းလည်း နဲ့ အတူရုပ်ရှင်ဇာတ် ကားတွေရိုက်ကူးနေပါပြီ။ ဆည်းလည်းဟာ အသက် ၁၅ နှစ်သာရှိပြီး စင်ကာပူမှာ ကျောင်းတက်နေတာ ဖြစ်ပါတယ်။ လောလောဆယ် မှာ တော့ ပညာရေးကို ဦးစားပေးနေတဲ့ အကြောင်း သားညီက Duwun Media ကိုပြောပြလာပါတယ်။

'' တူမလေး နဲ့ ဇာတ်ကားတွေရိုက်ဖို့ စီစဉ်ထားတာတော့ ရှိတယ်။ သူက အခုလောလောဆယ် စာမေးပွဲဖြေဖို့ စီစဉ်နေတာဆိုတော့ ရိုက်လို့ မရသေးဘူးဖြစ်နေတာ။ သူနဲ့ ကလည်း ဇာတ်ကား တစ်ကားပဲ ရိုက်ရသေးတာဆိုတော့ မျှော်လင့်တာကတော့ နောက်ထပ် ဇာတ်ကားတွေ ရိုက်ကြည့်မှပဲ သိမှာလေ'' လို့ ဆိုပါတယ်။

Photo: Thar Nyi Facebook

 

ဆည်းလည်းဟာ သရုပ်ဆောင်အကယ်ဒမီဒွေး နဲ့ မိုးမိုးတို့ရဲ့ တူမလေးဖြစ်ပါတယ်။ သရုပ်ဆောင်သားညီနဲ့လည်း တူမတော်စပ်သူပါ။ ဆည်းလည်း ဟာ အသက်အရမ်းငယ်သေးတာဖြစ်တဲ့အတွက် သရုပ်ဆောင်အပိုင်းနဲ့ ပတ်သက်ပြီး လေ့လာသင်ကြားပေးရဦးမယ်လို့ သားညီက ပြောပါတယ်။

'' သူ့ရဲ့ အနုပညာဝါသနာနဲ့ ပတ်သက်ပြီးတော့လည်း ပံ့ပိုးပေးရမှာပေါ့။ အခုချိန်မှာတော့ သူက အရမ်းငယ်သေးတဲ့ အတွက် ဖြစ်ချင်တဲ့ စိတ်တစ်ခုပဲ ရှိသေးတယ်။ သူက ဘာမှ လေ့လာထားတာမျိုးလည်း မရှိတော့ သူ့ကို နည်းနည်းတော့ လေ့ကျင့်ပေးရဦးမှာပေါ့'' လို့ ကြွေရုပ်ရှင် ဇာတ်ကား အထူးပြသပွဲက Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

လွမ်းတာထက် ရှိနေတာကို ပိုလိုချင်တယ်ဆိုလိုက်တဲ့ သားညီ 

သားညီဟာ တူမလေးဖြစ်တဲ့ ဆည်းလည်းကို အနုပညာလောကထဲရောက်အောင် လက်တွဲခေါ်သွားမယ်လို့ ပြောပါတယ်။ သရုပ်ဆောင် တစ်ယောက်ကနေ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ အချိန်ထိ ယုံယုံကြည်ကြည်နဲ့ အားပေးလာကြတဲ့ ပရိသတ်တွေအတွက် စကားလက်ဆောင် လည်း ပြောပြခဲ့ပါသေးတယ်။

'' သူ့ကိုတော့ ကျွန်တော် ပြောထားတယ် သူ့စာမေးပွဲပြီးရင် နောက်တစ်ကား စမ်းရိုက်ကြည့်ပါဦးမယ်။ သရုပ်ဆောင် သားညီဘဝ ကတည်း ကနေ ဒါရိုက်တာ သားညီရောက်တဲ့ အချိန်ထိ အားပေးလာကြတဲ့ ပရိသတ်တွေအတွက်  အားပေးရကျိုး နပ်အောင်လည်း ကျွန်တော် ကြိုးစား သွားမှာပါ'' လို့ ဆိုပါတယ်။

 

သားညီဟာ ပထမဆုံးဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီးကလည်း အောင်မြင်မှုရရှိခဲ့ပြီး ပရိသတ် အကြိုက် ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ ဒုတိယမြောက်ရိုက်ကူးထားတဲ့ ကြွေ ရုပ်ရှင်ဇာတ်ကားကလည်း သိပ်မကြာခင် ရုံတင်တော့မှာပါ။ အဲ့ဒီအတွက်တော့ ဒါရိုက်တာ သားညီတစ်ယောက်အရမ်းရင်ခုန်နေတယ်လို့ ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က