ကြိုက်တဲ့ မိန်းကလေးပုံစံ ပြောင်းသွားတယ်။

မိန်းကလေးပရိသတ်အင်အားအများစုကို ပိုင်ဆိုင်ထားတဲ့ ထူးအောင်ရဲ့ အချစ်ရေးအကြောင်းကိုတော့ အခုပဲ ဖွင့်ပြောပြလိုက် ပါတယ်။ အရင်တုန်းက သဘောကျခဲ့ဖူးတဲ့ ကောင်မလေး ပုံစံ နဲ့ အခုချိန်မှာ သဘောကျတဲ့ ကောင်မလေးပုံစံကတော့ မတူတော့ ဘူး။သူ့အနေနဲ့ GYM ဆော့တဲ့သူလည်း ဖြစ်တာကြောင့် သူ့ခန္ဓာကိုယ်နဲ့ လိုက်မယ့် မိန်းကလေးကို ရှာနေတုန်းပဲတဲ့။

 

မိန်းကလေးပရိသတ်တွေ သည်းသည်းလှုပ်အားပေးကြတဲ့ ထူးအောင်က ဘယ်လို မိန်းကလေးမျိုး ရွေးချယ်မလဲဆိုတာကို ပြောပြလာခဲ့ပါပြီ။ ကိုယ်ရွေးချယ်မယ့်မိန်းကလေး ပုံစံမျိုးကိုတော့ အရင်တုန်းက ဖြေနေကြ အင်တာဗျုးတွေလို မဟုတ်တော့ဘူးဆိုပြီးတော့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။


'' အရှေ့က ဖြေခဲ့ဖူးတာတွေကတော့ ကောင်မလေးပုံစံက ဘယ်လိုဖြစ်ဖြစ်ရတယ်ပေါ့နော်။ ဒါပေမယ့် အခုကျတော့ နည်းနည်းတော့ စဉ်းစား ရတာပေါ့နော်။ ခန္ဓာကိုယ်လှတဲ့လူကို ပိုသဘောကျမိတယ်။ ကျွန်တော်ကလည်း GYM ဆော့မိတဲ့သူဆိုတော့ တစ်ခါတရံတော့ ဒီလိုလေး တွေးမိပါတယ်'' လို့ သူကပြောပါတယ်။

 

၁၀ ကျော်သက်အရွယ်လောက်တုန်းက ထူးအောင်ရဲ့ ခန္ဓာကိုယ်လေးက ပိန်ပိန်သေးသေးလေးဖြစ်တာကြောင့် ပိန်ပိန်သေးသေး ကောင်မ လေးတွေကို ရွေးချယ်ဖြစ်ခဲ့တယ်လို့ပြောပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစားအရ လိုက်ဖက်မယ့် မိန်းကလေးမျိုး ကိုပဲ ရွေးချယ်သွားမယ်လို့ ထူးအောင်က ပြောပါတယ်။

'' အရင်တုန်းကလည်း ကိုယ်က ပိန်ပိန်သေးသေးဆိုတော့ ပိန်ပိန်သေးသေးကောင်မလေးတွေကိုကြိုက်တယ်။ ဒါပေမယ့် ကိုယ်က အခုချိန်မှာ နည်းနည်းလေးပြောင်းလဲလာတော့ ကိုယ့်ခန္ဓာကိုယ်အချိုးအစားနဲ့ ညီတဲ့သူကို လိုက်ကြည့်ရတယ်'' ဆိုပြီးတော့ Panasonic နှစ် ၁၀၀ ပြည့်ပွဲ ကို တက်ရောက်ရင်း Duwun Mediia ကို သီးသန့်ဖြေဆိုခဲ့တာပါ။

ကိုယ့်စိတ်ခံစားချက်ကိုပဲ ဦးစားပေးတော့မယ်ဆိုတဲ့ ထူးအောင်

 

ထူးအောင်ကတော့ လက်ရှိအချစ်ရေးက အေးအေးဆေးဆေးပါပဲ တဲ့။ အရင်ကတော့ ရည်းစားတွေ ထားခဲ့ဖူးပေမယ့် လက် ၅ ချောင်း အရေအတွက်တောင်မပြည့်တဲ့အကြောင်း သဘောကျရင်းပြောပြခဲ့ပါတယ်။ လောလောဆယ်မှာတော့ သူ့ကို ချစ်တဲ့ သူတွေက ပရိသတ်တွေ ပဲရှိပါတယ်တဲ့။

'' အရင်ကတော့ ရည်းစားထားဖူးတယ် ၁၀ တန်းလောက်ကတည်းက ထားဖူးခဲ့တယ်။ ဒါပေမယ့် လက် ၅ ချောင်းမပြည့်ဘူး။ အဓိက ကတော့ စိတ်ပေါ့။ နားလည်မှုရှိတယ်ဆိုရင် ပိုအဆင်ပြေတယ်။ ကျွန်တော်တို့က အလုပ်တွေကို လုံးပန်းပြီးလုပ်နေရချိန်မှာ အာရုံစူးစိုက်ပြီးလုပ်ရတယ်။ အဲ့ဒီ အနုပညာအလုပ်တွေကို နားလည်ပေးမယ့် သူဆိုရင်တော့ ပိုအဆင်ပြေတာပေါ့'' လို့ ထူးအောင်က ပြောပါတယ်။

 

Model လောကမှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိလာတဲ့ ထူးအောင်ကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း တဖြည်းဖြည်းနဲ့ ရိုက်ကူးလာရတဲ့ အနုပညာရှင်အသစ်တစ်ယောက်လည်းဖြစ်ပါတယ်။ နောက်ထပ်လည်း လက်ခံထားတဲ့ ဇာတ်ကားတွေအများကြီးရှိသေးတယ် လို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က