AD
AD
AD

ပရိသတ်အားပေးမှု အများကြီးရရှိခဲ့တဲ့ တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားကြီး အောင်မြင်မှုအဖြစ် 7SENSE Film Production က သာဝတ္ထိအနီး ရေကျော်ရွာ စမတောင်မှာ ကျပ်သိန်း ၄၀ နဲ့ ပညာရာမကျောင်းတိုက် အေးသုခ ဘိုးဘွားရိပ်သာ မှာ ငွေကျပ် ၁၀ သိန်းတို့ကို အနုပညာရှင်များစွာနဲ့ သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။

play
Photo: wai Min Maung Fb

 

နေတိုး၊ ထွန်းထွန်း၊ ဗီယက်နမ်အလှမယ်လေး ငုရင်ထရန်ဟုရန်မိုင် နဲ့ ခင်ဝင့်ဝါတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ တိမ်တိုက်တံတား ရုပ်ရှင် ဇာတ်ကားကြီးဟာ ပရိသတ်များစွာတို့ရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ ဒီဇာတ်ကားကြီးရဲ့ အောင်မြင်မှု အမှတ်တရ အဖြစ် ထုတ်လုပ်သူ ကိုဝေ မင်းမောင်က ရရှိလာတဲ့ အမြတ်ငွေတွေနဲ့ အလှူအတန်းတွေ ပြုလုပ်ခဲ့တယ်လို့ Duwun media ကနေ ပြောပြလာပါတယ်။

'' တိမ်တိုက်တံတား အောင်ပွဲအနေနဲ့ သာဝတ္ထိအနီး ရေကျော်ရွာ စမတောင် မှာအလှူသွားလုပ်တာပေါ့။ မျှော်လင့်သလောက် အောင်မြင် ခဲ့တယ်။ အစ်ကိုတို့နဲ့ ရုံပြိုင်ပြတဲ့ ဘော်ဘော်ကထှော် ကလည်း တော်တော်ကြီးကို ပရိသတ်ကြိုက်တဲ့ အထဲမှာ ပါတယ်လေ။ အစ်ကိုတို့က ကျတော့ ဟာသလေးနဲ့ ဒရာမာလေးဆိုတော့ စိတ်ပူမှုတွေတော့ ရှိခဲ့တာပေါ့'' လို့ သူကဆိုပါတယ်။

play
Photo: wai Min Maung Fb

 

တိမ်တိုက်တံတားရုပ်ရှင်ဇာတ်ကားကြီး အောင်မြင်မှုအဖြစ် သာဝတ္ထိအနီး ရေကျော်ရွာ စမတောင်မှာလည်း အလှူအတန်းတွေ ပြုလုပ်ခဲ့ကြ သလို နေပြည်တော်အနီးမှာရှိတဲ့ ပညာရာမကျောင်းတိုက် အေးသုခ ဘိုးဘွားရိပ်သာ တို့မှာလည်း အလှူအတန်းတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

'' စမတောင်မှာ အလှူငွေကျပ်သိန်း လေးဆယ် နှင့် မုန့်ထုတ် ဝေဖာ Ve Ve အအေးဗူး တစ်ထောင်တို့ကို  ၇ ရက်သားသမီး ပရိတ်သတ်တွေရဲ့ အလှူအဖြစ် လှူဒါန်းခဲ့တယ်။ ပြီးတော့ နေပြည်တော်မှာရှိတဲ့ နေပြည်တော်အနီး ပညာရာမကျောင်းတိုက် အေးသုခ ဘိုးဘွားရိပ်သာ တို့ကို လည်း အလှူငွေ ဆယ်သိန်း လှူဒါန်းခဲ့တယ်'' လို့ 7SENSE Film Production ရဲ့ ထုတ်လုပ်သူ ကိုဝေမင်းမောင်က ပြောပါတယ်။

play
Photo: wai Min Maung Fb

 

ရုပ်ရှင်ဇာတ်ကားကြီးရဲ့  ကုန်ကျစားရိတ်ထက် မျှော်လင့်ထားတဲ့ အမြတ်ငွေ အဆင်ပြေခဲ့တာကြောင့် နောက်ထပ် အလှူအတန်းတွေလည်း ပြုလုပ်သွားဦးမယ်လို့ ပြောပါသေးတယ်။

''ရာခိုင်နှုန်းအနေနဲ့တော့ အစ်ကို မပြောပြတတ်ဘူး၊ ဒါပေမယ့် မျှော်လင့်ထားတာထက်တော့ အဆင်ပြေတာပေါ့။ အလှူတွေလည်း ထပ် လုပ်ဖို့ရှိတယ်။ ဘာတွေ လုပ်ဖြစ်မလဲ ဆိုတော့တော့ မစီစဉ်ရသေးပါဘူး'' ဆိုပြီးတော့ Duwun Media က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ကိုဝေမင်းမောင်က အခု လိုဖြေဆိုခဲ့တာပါ။

play
Photo: wai Min Maung Fb

 

တိမ်တိုက်တံတား ရုပ်ရှင်ဇာတ်ကားကြီးကို 7SENSE Film Production က ထုတ်လုပ်တာဖြစ်ပြီး မိုးနီလွင်က ဇာတ်ညွှန်းရေးကာ ဒါရိုက်တာ သြရသက ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ အကယ်ဒမီနေတိုး၊ အကယ်ဒမီထွန်းထွန်း၊ ခင်ဝင့်ဝါ နဲ့ ဗီယက်နမ်အလှမယ် ငုရင်ထရန်ဟုရန်မိုင် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD