AD
AD
AD

ဓာတ်လိုက်သေဆုံးခဲ့ရတဲ့ ကလေးငယ်ရဲ့ မိသားစုတွေကို သရုပ်ဆောင်ဖွေးဖွေး၊ ဒါရိုက်တာဝိုင်း၊ အလင်းရောင်၊ ဟန်ဇာမိုး ဝင်း၊ မင်းဆက်သစ် စတဲ့ အနုပညာရှင်တွေနဲ့အတူ အလှူရှင်တွေ စုပေါင်းပြီး ငွေကျပ် ၂၃ သိန်း ၅ သောင်းကို ဇူလိုင်လ ၁၇ ရက်နေ့ ညက သွားလှူခဲ့ပါတယ်။ ဖွေးဖွေးနဲ့ ဝိုင်း တို့ကတော့ နယ်ခရီးရောက်နေတာကြောင့် ပါဝင်ခဲ့ခြင်းမရှိပါဘူး။

play
Photo: Min Set Thit Fb

 

တောင်ဥက္ကလာပမြို့နယ်မှာ ဓာတ်လိုက်သေဆုံးခဲ့တဲ့ ကလေးငယ်ရဲ့ မိသားစုတွေကို ဇူလိုင်လ ၁၇ ရက်နေ့ ညက သရုပ်ဆောင် ဟန်ဇာမိုး ဝင်း၊သရုပ်ဆောင်အလင်းရောင်နဲ့ မင်းဆက်သစ်တို့က ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းခဲ့ပါတယ်။ ဒီအလှူလေးမှာ သရုပ်ဆောင် ဖွေးဖွေးက တစ်သိန်း၊ သရုပ်ဆောင် အလင်းရောင်က တစ်သိန်း၊ ဒါရိုက်တာ ဝိုင်းက ၃ သောင်းကျပ် ပါဝင်လှူဒါန်းခဲ့ကြပါတယ်။

'' တောင်ဥက္ကလာပမြို့နယ် ဓာတ်လိုက်သေဆုံးသွားတဲ့ ကလေးငယ်လေးရဲ့ မိသားစုတွေကို စာနာအားပေးမှုဖြင့် တက်နိုင်သလောက် သွား ရောက်ထောက်ပံ့ခဲ့ပါတယ်။ စုစုပေါင်းအလှူငွေ ၂၃ သိန်း ၅ သောင်းကျပ်ပါခင်ဗျာ။ ကိုဝိုင်း နဲ့. မဖွေး ကတော့ ရိုက်ကူးရေးနဲ့ နယ်ရောက် နေလို့မလိုက်ပါဖြစ်ခဲ့ပါဘူး'' ဆိုပြီးတော့ သရုပ်ဆောင်မင်းဆက်သစ်က ဇူလိုင်လ ၁၇ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ ပါတယ်။

play
Photo: Min Set Thit Fb

 

''ဆွေမျိုးသားချင်း မိတ်ဆွေအပေါင်း အသင်းမိသားစုတွေ ကလည်းဝိုင်း ဝန်းပြီးလှူပေးကြ လို့ စုစုပေါင်း အလှူငွေ ၂၃သိန်း၅သောင်း ရရှိခဲ့လို့ ကာယကံရှင်မိသားစုထံသွားရောက်လှူဒါန်းပေးခဲ့ပါတယ်''ဆိုပြီးတော့ ဇူလိုင်လ ၁၇ ရက်နေ့ ညက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ခဲ့ပါတယ်။ 

play
Photo: Min Set Thit Fb

 

ဒါရိုက်တာဝိုင်းနဲ့ သရုပ်ဆောင် ဖွေးဖွေး တို့ဟာ ဇာတ်ရိုက်ကူးရေးတွေနဲ့ နယ်ကိုရောက်နေတာ ဖြစ်တဲ့အတွက်  ဒီလှူဒါန်းမှုမှာ အတူတူ ပါဝင်ခဲ့ ခြင်းမရှိပါဘူး။ ဓာတ်လိုက်သေဆုံးသွားခဲ့တဲ့ ကလေးငယ်ရဲ့ မိသားစုကို သရုပ်ဆောင်မြင့်မြတ်၊ ယုန်လေး၊ သားစိုး၊ မော်ဒယ်လ် J Naw တို့ကလည်း အလှူငွေထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။

play
Photo: Min Set Thit Fb

 

ဓာတ်လိုက်သေဆုံးခဲ့သူ အသက် ၁၃ နှစ်အရွယ် အဋ္ဌမတန်းကျောင်းသားလေး မောင်မျိုးမင်းထွန်း ဟာ ဇူလိုင်လ ၁၃ ရက်က တောင်ဥက္က လာ ပမြို့နယ် သံသုမာလမ်းမကြီးပေါ်မှာ မွန်းလွဲ ၃ နာရီခွဲ က သေဆုံးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ ကျန်ရစ်သူမိသားစု နဲ့ ထပ်တူ စိတ်မကောင်းဖြစ်ခဲ့ရတဲ့ အနုပညာရှင်တွေလည်း ရှိခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD