၉ လပိုင်းမှာ ဘွဲ့ယူတော့မှာပါ။

မေသန်းနုရဲ့ တစ်ဦးတည်းသောသားဖြစ်သူ မင်းသန့်မောင်မောင်က ၉ လပိုင်းဆိုရင် Los Angeles, California, New York Film Academy School ကနေဘွဲ့ယူတော့မှာဖြစ်လို့ ဒီအခမ်းအနားကို မေသန်းနုက တက်ရောက်ဖို့ စီစဉ်နေပါတယ်။ဒါရိုက်တာ တစ်ယောက်အဖြစ်ရပ်တည်လာတဲ့ သားကိုကိုယ့်ရဲ့ သားလိုမမြင်ပဲဒါရိုက်တာတစ်ယောက်လို့ပဲ မြင်တယ်လို့ ပြောပါတယ်။


 

သရုပ်ဆောင် မေသန်းနု နဲ့ ဒါရိုက်တာ စင်ရော်မောင်မောင် တို့ရဲ့ တစ်ဦးတည်းသော သားဖြစ်သူ မင်းသန့်မောင်မောင်ဟာ အမေရိကန်နိုင်ငံ ရှိ Los Angeles,  California, New York Film Academy School မှာတက်ရောက်ပညာသင်ကြားနေပြီး သြဂုတ်လ ဆိုရင်တော့ ကျောင်း တက်တာ ၃ နှစ်ပြည့်အဖြစ် ဘွဲ့ယူဖို့ရှိတယ်ဆိုပြီးတော့ မေသန်းနု က မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ၉ လပိုင်းကျရင်တော့ ကျောင်းတက်တာ ၃ နှစ်ဆိုတော့ ဘွဲ့လက်မှတ်တစ်ခုရမှာပေါ့။ ပညာရေးအနေနဲ့ကလည်း အားလုံးဖြစ်စေချင် တဲ့ ဆန္ဒနဲ့ သူ့ကို ဒီပညာသင်ခိုင်းတာပေါ့နော်။ သူ့ရဲ့ ကြိုးစားအားထုတ်မှု၊ စိတ်ဝင်စားမှုတွေ တွေ့ရ တော့လည်း ဝမ်းသာပါတယ်။ မကြာခင် သူ ဘွဲ့ ယူတဲ့ အခမ်းအနားကိုလည်း သွားဖို့အတွက် စီစဉ်နေပါတယ်'' လို့ သူကဆိုပါတယ်။

 

မင်းသန့်မောင်မောင်ဟာ မကြာသေးခင်က သူ့ရဲ့ ဘဝအကြောင်းတချို့ကို ၁၅ မိနစ်စာ Look At Me ဆိုတဲ့ ဇာတ်လမ်း တိုလေးကို မေသန်းနုနဲ့ အတူ ရိုက်ကူးခဲ့ပါသေးတယ်။ မင်းသန့် မောင်မောင်ဟာ သူလိုချင်တဲ့ အိုက်တင်မျိုး မရရအောင် အမေဖြစ်သူ အကယ်ဒမီများရှင်ကိုတောင်မှ ၃ ခါ ၄ ခါ ပြန်ရိုက်သေးတယ်လို့ ဟစ်တိုင် ဇာတ်ကားကန်တော့ပွဲမှာ မီဒီယာတွေရဲ့ အင်တာဗျူးကို မေသန်းနုက ဖြေဆိုခဲ့တာပါ။

'' ဟိုတလောကလည်း သူ့ရဲ့ ကျောင်းအတွက် ၁၅ မိနစ်စာ ဗီဒီယိုလာရိုက်တယ်။ အံဝင်ပါတယ် ကိုတိုးမောင်နဲ့ တွဲပေး ထားတာပေါ့နော်။ အိုက်တင်တွေကိုလည်း သူလိုချင်တာကို ဟိုကလုပ်ပေးတယ်၊ မဆင့်ကလည်း အဲ့ဒီမှာ Actor တစ်ယောက်အနေနဲ့ ပါ တာပေါ့။ မဆင့်တို့လည်း ဇာတ်ကားပေါင်းများစွာ ရိုက်လာရပေမယ့်လို့ ကိုယ့်သား ဒါရိုက်တာကိုလည်း ဒါရိုက်တာ တစ်ယောက်လိုပဲ မြင်တယ်'' လို့ ဆိုပါတယ်။

 

မေသန်းနုဟာ သားဖြစ်သူ မင်းသန့်မောင်မောင်၊ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင် နဲ့ အတူ ထာဝရ အမေ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပါသေးတယ်။ ဒီဇာတ်ကားဟာ သူတို့ မိသားစုအတွက် ၁၂ နှစ်အကြာမှာ အတူတူစုံပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားဖြစ်လို့ အမှတ်တရတွေလည်းရှိတယ်လို့ သိရပါတယ်။

ဖခင်မေတ္တာကို ဖော်ကျူးဦးမယ့် ဒါရိုက်တာ စင်ရော်မောင်မောင် 

Photo: May Than Nu FbPage

 

မေသန်းနုဟာ အခုဆိုရင်တော့ ဟစ်တိုင် ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဟိန်းစိုး နဲ့ ရိုက်ကူးနေတာပါ။ ဒီဇာတ်ကားထဲမှာတော့ သားသမီး ၂ ယောက်ရဲ့ အမေ၊ ချမ်းသာကြွယ်ဝပြီး အဆင့်အတန်းခွဲကြားတဲ့သူ  မာနကြီးတဲ့ အမျိုးသမီးတစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင် နေတယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က