ခွဲစိတ်ပြုပြင်ပြီးတဲ့ နောက် ပျော်ရွှင်နေရတာပေါ့။

နေခြည်ဦးတစ်ယောက် မျက်နှာခွဲစိတ်ပြုပြင်ပြီးတဲ့နောက်မှာတော့ မိသားစုတွေကရော၊ သူငယ်ချင်းတွေကရော၊ မိတ်ဆွေ အပေါင်းအသင်း တွေကပါ ချောကြောင်း လှကြောင်း ပြောကြတာကြောင့် ဘဝမှာ ဒီလောက်ချောတယ်လို့ အပြောမခံခဲ့ရဘူးလို့ ပြောပါတယ်။ ကိုရီးယားမှာ ခွဲစိတ်ခဲ့တဲ့ ကုန်ကျစာရိတ်တွေကိုလည်း နေခြည်ဦးက ဖော်ပြခဲ့ပါသေးတယ်။



Photo: Nay Chi Oo Facebook

 

မကြာခင်ကမှ ကိုရီးယားနိုင်ငံမှာ မျက်နှာခွဲစိတ်ပြုပြင်ခဲ့တဲ့ Beauty Blogger မလေး နေခြည်ဦးက အခုဆိုရင်တော့ မျက်နှာပုံစံလေးတွေက အရင်ကနဲ့ မတူအောင် ပိုပြီး ချစ်စရာကောင်းလို့ နေပါတယ်။ အဲ့ဒီနောက် နေခြည်ဦးကို တွေ့တဲ့ သူတိုင်းက ချောကြောင်း၊ လှကြောင်း ပြောကြတဲ့အတွက် အရမ်းကို ကျေးဇူးတင်တဲ့အကြောင်း အခုလို ရင်ဖွင့်ထားတာကိုတွေ့ရပါတယ်။

'' ဘဝမှာလေတစ်ခါမှ ဒီလောက် "ချောတယ်" ဆိုတဲ့ စကား အပြောမခံခဲ့ရဘူး။တစ်အိမ်လုံးကလည်း ချော၊ သူငယ်ချင်းတွေကလည်း ချော၊

လမ်းထိပ်က အန်တီကြီးကလည်း ချော၊ ကိုယ့်ကိုယ်ကို ကြည့်တော့ အဲ့လောက် ပြောင်းလဲတယ်လို့ မထင်ရပေမယ့် ချောတယ်ပြောတဲ့ သူတိုင်းကိုတကယ် ကျေးဇူးတင်တာပါ'' ဆိုပြီးတော့ ဇူလိုင်လ ၁၉ ရက်နေ့ည ၁၁ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားခဲ့ပါတယ်။

 

နေခြည်ဦးက မျက်နှာခွဲစိတ်ပြုပြင်ရာမှာ လူတစ်ယောက်နဲ့တစ်ယောက်ပုံစံမတူတာကြောင့် ဈေးနှုန်းမတူဘူးလို့လည်း ပြောပါတယ်။ သူဟာ ကိုရီးယားနိုင်ငံမှာရှိတဲ့ JW Clinic မှာ သူ့ရဲ့ မျက်လုံး ခွဲစိတ်မှုမှာ $2800 ကျသင့်ခဲ့ပြီး နှာခေါင်း ခွဲစိတ်ရာမှာတော့ $5500 ကုန်ကျခဲ့တဲ့ အကြောင်း ပရိသတ်တွေကို ဖေ့စ်ဘွတ်ပေါ်ကနေ ဆက်လက်ရေးသားခဲ့ပါသေးတယ်။

'' korea သွားပြင်မယ်လို့ ပေါ်တင်ပြောခဲ့တာတောင် သူငယ်ချင်းတွေအားလုံးက  မသိရင်မွေးထဲက ဒီလိုထွက်လာသလို ပြောကြတော့ အရမ်း ပျော်မိတယ်။ vlog လေးကို နှစ်လလောက် အရောင်ကျတဲ့ အထိ ခဏစောင့်ပေး အားလုံးကိုဘယ်လိုပြင်တယ်။ ဘယ်လောက်ကျတယ် ပြောပြ မှာပါဆို'' လို့ နေခြည်ဦးက ဆိုပါတယ်။

Photo: Nay Chi Oo Facebook

ဆရာဝန်က သုံးလလောက်မရယ်ခိုင်းလို့ အခက်တွေ့နေတဲ့ နေခြည်ဦး 

မျက်လုံးနဲ့ နှာခေါင်း ခွဲစိတ်မှုကို ကိုရီးယားနိုင်ငံမှာ သွားရောက်ပြုလုပ်နေတဲ့ နေခြည်ဦးက ခွဲစိတ်ပြုပြင်ထားတဲ့ ပုံတွေကိုလည်း ပရိသတ်တွေ ကို ပွင့်ပွင့်လင်းလင်း ပြသထားတာတွေ့ရပါတယ်။ သူမရဲ့ နှာခေါင်းကို ဒီတိုင်းဆီလီကွန်ထည့်တာမျိုးမဟုတ်ပဲ နားရိုးနုကိုယူပြီး ဆီလီကွန်နဲ့ ပေါင်းပြီး ထည့်ထားတာပါ။

 

နေခြည်ဦးဟာ နှာခေါင်းနဲ့ မျက်လုံး ခွဲစိတ်လိုက်တာကြောင့် ကိုယ့်ကိုယ်ကို လှသွားတယ်ဆိုတာထက် ကိုယ်လုပ်ချင်တာကို လုပ်ခွင့်ရလိုက်တဲ့ ဆန္ဒကြောင့် ပိုပြီးတော့ ပျော်ရွှင်သွားနိုင်တယ်လို့ ပြောပါတယ်။ ခွဲစိတ်မှုကိုလည်း လုပ်ချင်နေတာ ကြာပြီဆိုပေမယ့် အချိန်မပေးနိုင်သေးလို့ မလုပ်ဖြစ်တဲ့အကြောင်း L'oréal Paris Myanmar Red Carpet ပွဲကို တက်ရောက်ရင်း Duwun media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က