ပရိသတ်ဝေဖန်မှုအပေါ် ဖြေရှင်းခဲ့တာပါ။

သရုပ်ဆောင်ဇော်ဇော်အောင်တစ်ယောက် ပရိသတ်တွေက ကျောင်းသားဇာတ်ရုပ်ကနေ မတက်တော့ဘူးလား လို့ ပြောလာကြ တဲ့ အပေါ် အခုလိုဖြေရှင်းခဲ့ပါတယ်။ ကြွေ ရုပ်ရှင်ဇာတ်ကား ရိုက်ပြီးတဲ့နောက်မှာလည်း ကျောင်းသားဇာတ်ရုပ်တွေ မရိုက်ဖြစ် သေးဘူးတဲ့။ ကာရိုက်တာ ရွေးချယ်ခွင့်မရှိတာကြောင့်လည်း ရရှိလာတဲ့ ဇာတ်ရုပ်အပေါ် ကြိုးစားရတာလို့ ပြောပါတယ်။



 

ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင် ဇော်ဇော်အောင်က ဇူလိုင်လ (၂၀)ရက်နေ့ ဒီနေ့မှာ ရုံတင်လိုက်တဲ့ ကြွေရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ကျောင်း သား ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ အဲ့ဒီနောက်ပိုင်းက စလို့ ကျောင်းသားဇာတ်ရုပ်တွေရိုက်ထားတာ မရှိဘူး လို့ သူက ဆိုပါတယ်။

'' ကြွေရုပ်ရှင်ဇာတ်ကားထဲမှာတော့ ဒါရိုက်တာ သားညီက ခေါ်တာနဲ့ လွှမ်းပိုင်ရဲ့ သူငယ်ချင်းအဖြစ် တက္ကသိုလ်ကျောင်းသား ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားကလည်း လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းကရိုက်ထားတဲ့ ဇာတ်ကားပါ။ အခုနောက်ပိုင်းတော့ ကျောင်းသား ဇာတ်ရုပ်တွေ ရိုက်ထားတာ မရှိသေးပါဘူး'' လို့ သူကဆိုပါတယ်။

 

ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်အနေနဲ့ ကျောင်းသားဇာတ်ရုပ်တွေ အများဆုံးတွေ့ရတဲ့ ကာရိုက်တာဖြစ်လို့ ပရိသတ်တွေက ကျောင်းသား ဇာတ်ရုပ် ကနေ မတတ်တော့ဘူးလား လို့ ဝေဖန်ကြတဲ့ အပေါ် ဇော်ဇော်အောင်က အခုလို ရှင်းပြခဲ့ပါတယ်။

'' ဒီလို ဇာတ်ရုပ်တွေရိုက်ဖြစ်တယ် ဆိုတာကလည်း ကျွန်တော်တို့ ဘက်က ကာရိုက်တာကို ရွေးချယ်ခွင့်မရှိပါဘူး။ ဒါရိုက်တာ တွေက ခိုင်းတဲ့ အတိုင်းလုပ်ရတာပါ''ဆိုပြီးတော့ ကြွေရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို တက်ရောက်လာတဲ့ သရုပ်ဆောင် ဇော်ဇော်အောင်က Duwu  media ရဲ့ အင်တာဗျူးမှာ ဖြေဆိုပေးခဲ့တာဖြစ်ပါတယ်။

FDA ကိုတိုင်ပေးဖို့ ပြောလိုက်တဲ့ ဇော်ဇော်အောင် 

သရုပ်ဆောင် ဇော်ဇော်အောင်ဟာ ကျောင်းသားဇာတ်ရုပ်တွေအပြင် ဟာသဇာတ်ရုပ်၊ ဒရာမာဇာတ်ရုပ်တွေကိုလည်း ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင် နိုင်ခဲ့သူဖြစ်ပါတယ်။ အဲ့ဒီနောက် သူပါဝင်သရုပ်ဆောင်ထားတဲ့ ကြွေရုပ်ရှင်ဇာတ်ကားကြီးကလည်း ရုံတင်ပြသလျှက်ရှိပါတယ်။ မကြာခင်မှာလည်း ဝိုင်းကြီးပတ်ချုပ်စပွန်ဆာ ဆိုတဲ့ ဇာတ်ကားကြီးကလည်း ရုံတင်တော့မှာပါ။

 

ဘယ်လို ဇာတ်ရုပ်မဆိုအကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ ဇော်ဇော်အောင်ရဲ့အနုပညာသက်တမ်းဟာ ဆယ်စုနှစ်သက်တမ်းတစ်ခုကို ကျော် လွန်နေပါပြီ။ သူဟာ ပါဝင်သရုပ်ဆောင်ရတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေကို ရယ်စရာဆိုလည်း ရယ်ရအောင်၊ ငိုစရာဆိုလည်း ငိုရအောင် ဇာတ်ရုပ်အမျိုးမျိုးနဲ့ ဖမ်းစားထားနိုင်တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က