စိတ်ပူပေးကြတဲ့ အချစ်တို့ကို အသိပေးလိုက်ပါတယ်။

ပရိသတ်အချစ်တော် အဆိုတော်ခင်ဘုဏ်းတစ်ယောက် ဆေးရုံတက်နေရပါတယ်။ လက်ရှိမှာတော့ ခင်ဘုဏ်းက ခင်ပွန်းနဲ့ အတူ အမေရိက မှာနေထိုင်တာဖြစ်ပါတယ်။ ပြည်ပမှာနေပေမယ့်လည်း ဂီတနဲ့ ပတ်သက်ပြီး သူ့ရဲ့ ပရိသတ်တွေအတွက် Home Studio လေးကနေတဆင့် သီချင်းအသစ်လေးတွေ တင်ဆက်ပေးမှာပါတဲ့။

Photo- ခင်ဘုဏ်းဖေ့စ်ဘွတ်

 

ပရိသတ်တွေ အားပေးမှုကို ဒီနေ့အထိ ပိုင်ဆိုင်ထားဆဲဖြစ်တဲ့ အဆိုတော် ခင်ဘုဏ်းတစ်ယောက် ဆေးရုံတက်နေရပါတယ်။ သူ့ရဲ့ ကျန်းမာရေး ကို စိတ်ပူပေးကြတဲ့ ပရိသတ်တွေနဲ့ မိတ်ဆွေတွေ ရဲ့ တိုက်တွန်းမှုကြောင့် ဆေးရုံကို အလည်သွားတယ် ဆိုပြီးတော့ ခင်ဘုဏ်းက စ နောက်ခဲ့ပါသေးတယ်။

'' ဗိုက်အောင့် နေတာစိတ်ပူလို့ ဆေးခန်းပြခိုင်းကြတဲ့ ချစ်တွေရေ ဆေးရုံကို ခဏ အလည်သွား CT scan ရိုက်ပီးစစ်ဆေး လိုက်ပါတယ်။

အားလုံး အေးဆေး အိုကေ ပါ။ အနားယူ ဖို့ လိုပါတယ် တဲ့။ စိတ်ပူ ဆုတောင်းပေးနေကြတာ ကျေးဇူးနော်'' ဆိုပြီးတော့ ခင်ဘုဏ်းရဲ့ ဖေ့စ်ဘွတ် ပေါ်မှာ ဇူလိုင်လ ၂၀ ရက်နေ့ နေ့လည် ၁၂ နာရီက ရေးသားခဲ့တာဖြစ်ပါတယ်။

Photo- ခင်ဘုဏ်းဖေ့စ်ဘွတ်

 

အဆိုတော်ခင်ဘုဏ်းဟာ အိမ်ထောင်ပြုပြီးတဲ့နောက်ပိုင်း ခင်ပွန်းဖြစ်သူနဲ့အတူ အမေရိကနိုင်ငံမှာ နေထိုင်လျှက်ရှိပါတယ်။ သူ့အနေနဲ့ မြန်မာနိုင်ငံကို မကြာခဏဆိုသလို မိသားစုနဲ့ သူငယ်ချင်းတွေဆီကို အလည်အပတ် ရောက်ရှိတတ်ပါတယ်။သူ့ ပရိသတ်တွေအတွက် သီချင်း အသစ်တွေကိုလည်း အွန်လိုင်းကနေ မိတ်ဆက်ပေးဦးမယ်လို့ Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

Photo- ခင်ဘုဏ်းဖေ့စ်ဘွတ်

သူငယ်ချင်းဖြစ်သူ ရေဗက္ကာဝင်းအကြောင်း ဖွင့်ဟပြောလာတဲ့ ခင်ဘုဏ်း 

ခင်ဘုဏ်းဟာ အမေရိက မှာ အနေများပေမယ့် ဂီတနဲ့ ပတ်သက်လို့ ထွေထွေထူးထူး ကြိုးစားနေတာမျိုးတော့ မရှိပါဘူးတဲ့။ အမေရိက မှာဆိုရင်လည်း ဂီတနဲ့ ပတ်သက်လို့ သီချင်းနားထောင်တယ်၊ သူ့အိမ်မှာလည်း ကိုယ်ပိုင် Studio လေး ရှိတာကြောင့် သူငယ်ချင်းတွေနဲ့ ပရိသတ်တွေအတွက် လိုအပ်ရင် လိုအပ်သလို သီချင်းလေးတွေ ဆိုပေးဖြစ်တယ်လို့ ပြောပါတယ်။

'' ပြည်ပမှာနေပေမယ့်လည်း သီချင်းနားထောင်တာလောက်ပဲရှိတာပါ။ အိမ်မှာတော့ Home Studio လေးလုပ်ထားပြီးတော့ သီချင်းတွေ သွင်း တယ်။မြန်မာနိုင်ငံက သူငယ်ချင်းတွေ လိုအပ်ရင် လှမ်းပြီးတော့ဆိုပေးမယ် အိမ်မှာပဲ လုပ်ဖြစ်ပါတယ်။ ကြီးကြီးကျယ်ကျယ်ကြီးတော့ မလုပ်ဖြစ် ဘူး။ မြန်မာနိုင်ငံပြန်လာတဲ့အချိန်မှာလည်းဖျော်ဖြေပွဲလုပ်ဖို့ကတော့ ခင်ဘုဏ်းအများကြီး ကြိုးစားဖို့လိုပါသေးတယ်'' လို့ သူကဆိုပါတယ်။

Photo- ခင်ဘုဏ်းဖေ့စ်ဘွတ်

 

ခင်ဘုဏ်းဟာ  မြန်မာနိုင်ငံရှိတဲ့ ဂီတရေစီးကြောင်းကလည်း ကမ္ဘာနဲ့လိုက်မှီနိုင်တဲ့ အခြေအနေမှာရှိတယ်ဆိုပြီးတော့ Duwun Media မှာဖြေဆို ခဲ့ ဖူးပါတယ်။ ပြည်ပမှာ ခေတ်စားလျှက်ရှိတဲ့ ဂီတရေစီးကြောင်းလေးတွေအတိုင်း မြန်မာနိုင်ငံက အဆိုတော်တွေ ကလည်း သီချင်း ပုံစံလေး တွေ ပြောင်းလဲလာတာကြောင့် သဘောကျတယ်၊ ကိုယ်တိုင်လည်း သီချင်းပုံစံတွေ ပြောင်းဆိုဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။  

Share

Loading Next Article...
က္က