ခေါင်းဆောင်မင်းသားအဖြစ် ဇာတ်ကားတွေလည်း ရိုက်ကူးနေရပါပြီ။

ပရိသတ်တွေက ကလေးလိုပဲ မြင်နေကြတာကို အိစိ နားလည်ပါတယ်။ ဒါပေမယ့် အသက်အရွယ်က ကြီးလာပြီဖြစ်လို့ ခေါင်းဆောင် မင်းသား တစ်ယောက်အဖြစ် ဇာတ်ကားတွေရိုက်ကူးလာရတဲ့ အချိန်မှာ အကောင်းဆုံးကြိုးစားနေတာဖြစ်လို့ လူကြီးတစ်ယောက်လို ပုံစံမျိုးလည်း မြင်ပေးကြပါလို့ အိစိကွေးက ပြောပါတယ်။



 

ငယ်စဉ် ကလေးဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ သရုပ်ဆောင် အိစိကွေးဟာ အခုဆိုရင် လူပျိုပေါက်အရွယ်သို့ ရောက် ရှိလို့ လာပါပြီ။ ဒါပေမယ့်လည်း ပရိသတ်တွေရဲ့ အမြင်မှာတော့ သူ့ကို ကလေးသရုပ်ဆောင် တစ်ယောက်လိုပဲ  မြင်နေသေးတာကြောင့် သူ့အနေနဲ့ ယခုလို တောင်းဆိုထားပါသေးတယ်။

"ပရိသတ်တွေအကုန်လုံးက မိဘတွေလိုပဲ သားသမီးတစ်ယောက်ကို  မိဘတစ်ယောက်က ဘယ်လောက်ပဲ အသက်ကြီးလာကြီးလာ သူတို့ရဲ့ မျက်လုံးထဲမှာ ကလေးလို့ပဲ မြင်တာလေ။ ပရိသတ်တွေအကုန်လုံးကလည်း အိစိကို ကလေးလို့မြင်တာ အိစိနားလည်ပါတယ်။ အသက်အရွယ် ကလည်း  ကြီးလာပြီ ဆိုတော့အရွယ်လည်း ရောက်လာပြီဆိုတော့လူကြီးပုံစံ ဖြစ်အောင် တဖြည်းဖြည်းတော့ ပြောင်း ယူရမှာပဲ။ပြီးတော့ ပရိသတ်တွေဘက်ကလည်း အိစိကို တဖြည်းဖြည်းနဲ့ပြောင်းလဲပြီး မြင်ပေးဖို့လည်း လိုအပ်တာပေ့ါ"လို့ အိစိကွေးက ကြွေရုပ်ရှင်ဇာတ်ကား Press show မှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

 

ကလေးသရုပ်ဆောင်ကနေ အခုဆိုရင် ဇာတ်ဆောင်မင်းသားနေရာက ဇာတ်ကားတွေ ရိုက်ကူးနေရပြီဖြစ်တဲ့ အိစိကွေးက သူ့အတွက် စိန်ခေါ်မှုတွေ အများကြီးနဲ့ ကြုံတွေ့နေရပါတယ်တဲ့။ အဓိက ဇာတ်ဆောင်နေရာကို ရောက်လာတဲ့အချိန်မှာ အရည်အချင်းတွေ အများကြီး လိုအပ်သလို လူကြီးတစ်ယောက်လို ပြုမူတာတွေသာမက အမူအရာတွေလည်း အများကြီး ပြောင်းလဲရတယ်လို့ ဆိုပါတယ်။

အနုပညာအလုပ်တွေ ဆက်ကြိုးစားသွားဦးမယ်ဆိုတဲ့ အိစိကွေး 

"ကလေးသရုပ်ဆောင်ဆိုတဲ့ အခန်းကဏ္ဍက အရမ်းနည်းပါတယ်။ဘာမှဟဲဗီးကြီးတွေ လုပ်စရာမလိုဘူး တချို့ဇာတ်ကားတွေမှာ လုပ်ရတယ် ဆိုတာကလည်း  ဒရာမာလောက်ပဲ လုပ်ရတာလေ။ အဓိက ဇာတ်ဆောင်နေရာမှာ ရောက်လာတဲ့ အချိန်မှာတော့ အရည်အချင်းတွေ အများကြီး လိုအပ်လာတယ်။သရုပ်ဆောင် တတ်ရုံနဲ့မဟုတ်ပဲ အတတ်ပညာမျိုးစုံလူကြီးတစ်ယောက်လို ပြုမူပြောဆိုတာ တွေူကအစ အမူအရာတွေက အစပြောင်းလဲရတာပေ့ါ။ နည်းနည်းတော့ အခက်အခဲရှိပေမယ့် အကောင်းဆုံးတော့ ကြိုးစားပါတယ်"ဆိုပြီး Duwun Media ကို ဆက်လက်ဖြေဆိုပေးထားပါတယ်။

 

အသက် ၄ နှစ်ခွဲအရွယ်ကတည်းက သရုပ်ဆောင်အလုပ် လုပ်လာတဲ့ အိစိကွေးကိုတော့ အခုချိန်ထိ ပရိသတ်တွေက အရမ်းကိုချစ်ခင် အားပေး လျှက်ရှိကြပါတယ်။ သူ့အနေနဲ့ အခုအရွယ်မှာ မော်ဒယ်လ်မင်းသားတွေလို အရပ်အမောင်း၊ ခန္ဓာကိုယ်အချိုးအစားတွေ မရှိပေမယ့် အိစိကွေး ကိုအားပေးကြတဲ့ ပရိသတ်တွေဟာ သရုပ်ဆောင်အရည်အချင်းကိုသာ အားပေးကြတာဖြစ်တယ်လို့ သိရပါတယ်။

ပရိသတ်တွေ အားပေးရ ကျိုးနပ်အောင်လည်း ထပ်ကြိုးစားသွားဦးမယ်လို့ သိရပါတယ်။ ကျောင်းပညာရေးကို ဦးစားပေးနေရတဲ့ သူ့အနေနဲ့ အနုပညာအလုပ်တွေကို တဖြည်းဖြည်းနဲ့ ဆက်လုပ်နေဖြစ်တယ်လို့ သိရပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က