ဇူလိုင်လ ၂၀ ရက်နေ့က ခေါ်ယူဆုံးမခဲ့ပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက တာဝန်ရှိလူကြီးမင်းတွေဟာ ဇူလိုင်လ ၂၀ ရက်နေ့က သင်ဇာဝင့်ကျော်ကို ခေါ်ယူဆုံးမခဲ့တာဖြစ်ပါတယ်။ ဒီဆုံးမမှုကိုလည်း သင်ဇာဝင့်ကျော်ကိုယ်တိုင်က လိုက်နာပြီး နောင်ကို ထိန်းသိမ်းပါ့မယ်ဆိုတဲ့ ကတိပေးခဲ့တယ်လိ့ု ဦးဇင်ဝိုင်းက ပြောပါတယ်။



Photo: ဇင်ဝိုင်းဖေ့စ်ဘွတ်

 

 မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးဇင်ဝိုင်းနဲ့ အတူ တာဝန်ရှိလူကြီးမင်းများက သင်ဇာဝင့်ကျော်ကို Balance Gym အသစ်ဖွင့်ပွဲကို တက် ရောက်ခဲ့တဲ့ ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးကနေတဆင့်ခေါ်ယူဆုံးမစကားပြောခဲ့တယ်လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။ ဒီလို ဆုံးမမှုကိုလည်း သင်ဇာဝင့်ကျော်က လိုက်နာခဲ့ပါတယ်။

''အဲ့ဒီမှာ ကျွန်တော်ရယ် ဒုဥက္ကဌဖြစ်တဲ့ ဦးအေးကြူလေးရယ်၊ အတွင်းရေးမှူး ဦးညီညီထွန်းလွင်ရယ် တွဲဖက်အတွင်းရေးမှူးဖြစ်တဲ့ဦးဇော်မြင့်ဦး တို့ က သင်ဇာဝင့်ကျော်ကို နောင်လည်း ဒီလိုအဝတ်အစားမျိုး၊ ဝတ်စားဆင်ယင်မှုတွေမှာ အများအမြင် မတင့်တယ်တဲ့ ကိစ္စမျိုးတွေကို အများသူ ကြားတွေမှာ မဝတ်ဖို့ ဆုံးမစကားပြောပါတယ်။သင်ဇာဝင့်ကျော်ကိုယ်တိုင်ကလည်း လိုက်နာခဲ့ပြီး နောင်ကို ထိန်းသိမ်းပါ့မယ်ဆိုတဲ့ ကတိစကားပြောခဲ့တယ် '' လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဟာ ၂၀၁၀ နောက်ပိုင်းက စပြီး NGO အဖွဲ့အစည်းတစ်ခု ဖြစ်လာတာကြောင့် အနုပညာရှင်တွေ ဒီလိုဝတ်စား ဆင်ယင်တဲ့အခါမှာ အရေးယူလို့ရတဲ့ အဖွဲ့အစည်းမဟုတ်တော့ဘူးလို့ ဦးဇင်ဝိုင်းက ဆက်လက်ပြောပြလာပါတယ်။

''၂၀၁၀ အရှေ့ပိုင်းမှာတော့ အာဏာပိုင်အဖွဲ့အစည်းအနေနဲ့ ရပ်တည်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အာဏာရှိတဲ့ အစိုးရကလည်း ရုပ်ရှင် အစည်းအရုံးကို လောကသားတွေအနေနဲ့ နိုင်ငံရေးတွေ ဘာတွေ ညာတွေ မလုပ်နိုင်အောင် ထိန်းချုပ်ဖို့ အာဏာပေးခဲ့ပါတယ်။ရုပ်ရှင်လောက သားတော်တော်များများကို ဘယ်နှလပိတ်တယ်။ ဘယ်နှလ ခွင့်မပြုဘူး ရုပ်ရှင်မရိုက်ရဘူး၊ ပြဇာတ်မက ရဘူး၊ သီချင်းမဆိုရဘူးဆိုတဲ့ ပိတ်ပင် မှု တွေရှိခဲ့ပါတယ်'' လို့ ဆိုပါတယ်။

Photo: ဇင်ဝိုင်းဖေ့စ်ဘွတ်

 

အနုပညာရှင်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကြောင့် ရုပ်ရှင်အစည်းအရုံးကို ထိခိုက်လာတဲ့အချိန်မှာ ခေါ်ယူဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။ အနုပညာလောကသား တစ်ဦးတစ်ယောက် ကောင်းတယ်ဆိုရင် ချီးကျူးတာ၊ မကောင်းဘူးဆိုရင် အပြစ်တင် ရှုံ့ချတာကတော့ ပရိသတ်တွေက အဓိက ကျတယ်လို့ ဆိုပါတယ်။

''ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်လုပ်တဲ့ ကိစ္စက ရုပ်ရှင်အစည်းအရုံးကို ထိခိုက်ရင် ခေါ်ယူဆွေးနွေးတယ်။ သတိပေးတယ်၊ ဒီ့ထက်ဆိုးရင် အပြစ် တင်ရှုံ့ချမယ်၊ ဒီနည်းလမ်းနဲ့ပဲ သွားရပါတယ်။ အဲ့ဒီပုဂ္ဂိုလ်ကို တကယ်အပြစ်ပေးနိုင်တာကတော့ ဒီပုဂ္ဂိုလ်တစ်ဦး ကောင်းတာပဲ ဖြစ်ဖြစ် ဆိုးတာ ပဲ ဖြစ်ဖြစ်ချီးမွမ်းခြင်းဆိုရင်တော့ ပရိသတ်က အဓိကပါပဲ။ကဲ့ရဲ့ခြင်း ပြစ်တင်ရှုံ့ချခြင်းဆိုလည်း ပရိသတ်က အဓိကပါပဲ''လို့ သူကပြောပါတယ်။

Photo: ဇင်ဝိုင်းဖေ့စ်ဘွတ်

 

၂၀၁၇ ခုနှစ်က စလို့ ရုပ်ရှင်အစည်းအရုံးကြီးရဲ့ ဥက္ကဌတာဝန်ကို ဒုတိယအကြိမ်မြောက် ထမ်းဆောင်လာတဲ့ အကယ်ဒမီ ဦးဇင်ဝိုင်းဟာ ရုပ်ရှင် အစည်းအရုံးက လုပ်နိုင်တဲ့အတိုင်းအတာသည် စည်းရုံးခြင်း၊ လှုံ့ဆော်ခြင်း၊ ညှိနှိုင်းခြင်း ဒီအတိုင်းအတာထိရှိကြောင်း၊ အရင်လို စာရွက် ပေါ်မှာ လက်မှတ်ထိုးလိုက်တာနဲ့ ဒီအမိန့်ကို လိုက်နာရမယ်။ မလိုက်နာရင် အရေးယူမယ်ဆိုတဲ့ ခေတ်က မရှိတော့ပါဘူး။ ခေတ်တွေလည်း ပြောင်း သွား ပြီလို့ ပြောပြခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က