တစ်ခုမဟုတ် တစ်ခုက အမြဲတမ်း ဖြစ်နေတာပဲ။

မဟုတ်ပဲနဲ့ အပြောခံနေရသလို တစ်ခုမဟုတ်တစ်ခု အမြဲတမ်း ပေါ်နေတတ်တဲ့ ကောလာဟလတွေနဲ့ ပတ်သက်ပြီး ယွန်းယွန်း အနေနဲ့ သိပ်ဂရုမစိုက်ဖြစ်တော့ဘူးတဲ့။

Photo : ယွန်းယွန်း FB

 

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ယွန်းယွန်းဟာ ကောလာလဟတွေနဲ့ ပတ်သက်ပြီး အခုနောက်ပိုင်းမှာ သိပ်ဂရုမစိုက်ဖြစ် တော့ဘူးလို့ ဆိုပါတယ်။ကောလာဟလတွေနဲ့ ပတ်သက်ပြီး ကိုယ်တစ်ယောက်တည်း ခံနေရတာမျိုး မဟုတ်တာကြောင့် သိပ်ဂရုမစိုက်ဖြစ် တော့တာလို့ သူမက ပြောပါတယ်။

Photo : ယွန်းယွန်း FB

 

"ကလေးသရုပ်ဆောင်လုပ်တုန်းက ဘာမှဖြေရှင်းစရာမရှိဘူး ဖြေရှင်းစရာလည်း မလိုဘူး။ အခု သမီးဆယ်ကျော်သက် ဖြစ်လာတဲ့အ ချိန်မှာ မီဒီယာတွေကလည်း အင်အားများလာတယ်။ ဒီသတင်းလေးတွေကလည်း ရှီမှာပဲ။ကောလာဟလကလည်း တစ်ခုမဟုတ်တစ်ခုက အမြဲတမ်း ပေါ်တယ်။ကိုယ်တစ်ယောက်တည်း ခံနေရပါလားလို့လည်း မခံစားရတော့ဘူး။ အော် သူတို့လည်း ခံနေရပဲပေ့ါ။

သူများဖြစ်ရင်လည်း မပြောချင်တော့ဘူး ကိုယ့်ကိုယ်တိုင် ခံရတာများလာတော့လည်း မဟုတ်ပဲ နဲ့ အပြောခံနေရတာပဲ ဆိုတော့ သူများတွေ လည်း မဟုတ်ပဲနဲ့ အပြောခံနေရ တာနေ မှာပါ ဆိုပြီး ကောလာဟလတွေနဲ့ ပတ်သက်ပြီး သိပ်ဂရုမစိုက်ဖြစ်တော့ဘူး" လို့ သူမက ဇူလိုင်(၂၁) ရက်နေ့က ကျင်းပခဲ့တဲ့ ဟန်တီရဲ့ မွေးနေ့ အလှူမှာ Duwun Media ကိုဖြေဆိုပေးခဲ့ပါတယ်။

Photo : ယွန်းယွန်း FB

 

ဆယ်ကျော်သက်အရွယ်လေးကို ရောက်ရှိနေတဲ့ ယွန်းယွန်းရဲ့ အချစ်ရေးကလည်းပရိသတ်တွေအတွက် စိတ်ဝင်စားစရာ ကိစ္စတစ်ခု ဖြစ်လို့ နေပါတယ်။ ဒါပေမယ့်လည်း ယွန်းယွန်းက အခုချိန်ထိ ရည်းစားမထား ဖူးသေးဘူးလို့ ဆိုပါတယ်။ သူမသာ ရည်းစားထားတော့မယ်ဆိုရင် ကိုကိုအရွယ်ကို ချစ်မလား မောင်လေးအရွယ်ကို ချစ်မလားဆိုတာ စိတ်ဝင်စားစရာပါ။

"သမီးကို ချစ်ရင်ပြီးရော ဘယ်အရွယ်ပဲ ဖြစ်ဖြစ်ပါ။ လူကြီးဆိုပြီးတချို့က ဆိုးနေတဲ့ သူတွေရှိတယ်လေ။ ကလေးဆိုပြီးတော့လည်း တချို့ လူကြီးဆန်ဆန် ချစ်တတ်ကြတဲ့ သူတွေလည်း ရှိတယ်ဆိုတော့ သမီးကတော့ အသက်အရွယ်က အဓိကမဟုတ်ဘူးပေ့ါနော်။ သူတို့ရဲ့ အကျင့်စရိုက်လေးနဲ့ ချစ်တတ်တဲ့ ပုံစံလေးကပဲ အဓိကကျတယ်ထင်တယ်" ဆိုပြီး Duwun Media ကို ဆက်လက်ဖြေဆိုပေးထားပါတယ်။

Photo : ယွန်းယွန်း FB

လိုက်ဖက်မယ့်ကာရိုက်တာရိုက်ဖို့ အချိန်ယူနေတယ်ဆိုတဲ့ ယွန်းယွန်း  

ယွန်းယွန်းဟာ ကလေးဘဝကတည်းက သရုပ်ဆောင်လောကထဲကို ရောက်ရှိလာတာဖြစ်ပြီး ပရိသတ်တွေချစ်တဲ့ ကလေး သရုပ်ဆောင် တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ယွန်းယွန်းဟာ ဗီဒီယို ဇာတ်ကားပေါင်း (၃၀၀)ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား(၃၀)ကျော် ရိုက်ကူးထားနိုင်သူ ကလေး သရုပ်ဆောင် တစ်ယောက်လည်း ဖြစ်ပါတယ်။

၂၀၁၂ခုနှစ်မှာ တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးကလေးသရုပ်ဆောင်ဆု(အထူးဆု)ကို ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် ပညာရေးဘက်ကို ပိုပြီးဂရုတစိုက်လုပ်ဖြစ်ခဲ့တာပါ။ အခုဆိုရင်တော့ အနုပညာနဲ့ ပတ်သက်ပြီး ခေါင်းဆောင်မင်းသမီး အဖြစ် ဇာတ်ကားတွေ ရိုက်နေပြီလို့ သိရပါတယ်။

Photo : ယွန်းယွန်း FB

 

သရုပ်ဆောင်ယွန်းယွန်းကတော့ သရုပ်ဆောင်တင်တော်တာမဟုတ်ပါဘူး။ ပညာရေးမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ ယွန်းယွန်းက ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ် စိတ်ပညာဌာနရဲ့ ပထမနှစ်သင်တန်းမှာ ပညာရည်ချွန် ဒုတိယဆုရရှိခဲ့ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က