တော်တော်ကို စိုးပါတယ်တဲ့။

ကာဗွန်ဒိုင် အောက်ဆိုဒ် ရုပ်ရှင်ကားထဲမှာ ဖွေးဖွေးတစ်ယောက် သူ့ ကိုယ်ပေါ် လောက်တက်ခံရတဲ့ ဇာတ်ဝင်ခန်းဟာ ဘဝမှာ တစ်ခါမှ မစဉ်းစားဖူး တဲ့ အမှတ်တရဖြစ်ခဲ့ပါတယ်။ ဖွေး နဲ့အတူပါဝင်သရုပ်ဆောင်မယ့် အလင်းရောင်ရဲ့ ကာရိုက်တာကိုလည်း တက်နိုင်သလောက် ပံ့ပိုး ကူညီပေးခဲ့ပါသေးတယ်တဲ့။


 

ဇူလိုင်လ ၂၂ ရက်နေ့က သမ္မတရုပ်ရှင်ရုံမှာပြုလုပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ဇာတ်ကားအထူးပြပွဲကို ဖွေးဖွေးကိုယ်တိုင် တက်ရောက် လာပါတယ်။ ဇာတ်ကားထဲကအမှတ်တရဇာတ်ဝင်ခန်းကိုလည်း ဖွေးဖွေးကပြောပြခဲ့ပါသေးတယ်။ သူနဲ့  အတူ တွဲပြီး ပါဝင်သရုပ် ဆောင်ခဲ့တဲ့ အလင်းရောင်ရဲ့ ကာရိုက်တာအပေါ်တက်နိုင်သလောက် သင်ပြပေးထားတယ်လို့ မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ ပါတယ်။

'' များသောအားဖြင့်ကတော့ အလင်းရောင်ရဲ့ ဗီလိန်ကို ကိုဝိုင်းသင်တာများပါတယ်။ ဖွေးကတော့ 3G မှာ ဖွေးလုပ်သလိုမျိုး နည်းနည်းပါးပါး လေးပဲပြောပြတာပါ။ ဒီဇာတ်ကားရဲ့ အခက်အခဲတွေကတော့ ကြည့်တဲ့သူတွေ သိမှာပါ၊ ဒါကတော့ အပမှီသလို သရုပ်ဆောင်ရတာဆိုတော့ ပင်ပန်းတယ်'' လို့ ကာဗွန်ဒိုင်အောက်ဆိုဒ် ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း မီဒီယာတွေကို ဖြေဆိုခဲ့တာပါ။

Photo: ကာဗွန်ဒိုင်အောက်ဆိုဒ် ပေ့ချ်

 

ဖွေးဖွေးဟာ ကာဗွန်ဒိုင်အောက်ဆိုဒ်ရုပ်ရှင်ဇာတ်ကားထဲမှာ သူငယ်ချင်းဖြစ်သူကို အရမ်းချစ်ပြီး အရမ်းသံယောဇဉ်ရှိတဲ့ သာယာဆိုတဲ့ မိန်း ကလေးနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်ကားတစ်ကားလုံးမှာ ဖွေးဖွေးအတွက် အမှတ်တရ ရှိတဲ့ ဇာတ်ဝင်ခန်း ကတော့ လောက်တက်ခံရတဲ့အခန်းပါပဲ။ ဒီဇာတ်ဝင်ခန်းကို Behind the Scene ရိုက်ထားတာလည်း မသိခဲ့ဘူးလို့ ဆိုပါတယ်။

'' ဖွေးကို လောက်တွေ တက်တဲ့အခန်းဆိုရင် အဲ့ဒါကို အင်တာဗျူးအနေနဲ့ ပြန်တင်မယ်ဆိုတော့ အရမ်းစိတ်ညစ်တယ်။ လောက်အစစ်ပေါ့၊ ကိုယ်သေသွားရင်လည်း လောက်ထွက်မယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် မသေခင် လောက်တက်ခံရမယ်ဆိုတာကိုတော့ တစ်ခါမှ မစဉ်းစား ထားမိဘူးပေါ့။ ဒီအခန်းကြီးကတော့ ကိုယ့်ဘဝမှာ တော်တော်ကို စိုးပါတယ်။ အမှတ်တရပဲ''လို့ ဆိုပါတယ်။

ပရိသတ်တွေကို အံ့သြသွားစေတဲ့ ဖွေးဖွေးရဲ့ ဓာတ်ပုံတစ်ပုံ 

ကာဗွန်ဒိုင် အောက်ဆိုဒ် ရုပ်ရှင်ဇာတ်ကားကြီးကို ထားဝယ်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ ဝိုင်းက ပုံဖော်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ သရဲကား ကောင်းကောင်းလေးတွေကိုမှ ကြိုက်နှစ်သက်ပြီး ကြည်ရှုချင်တဲ့ ပရိသတ်တွေတောင် ကြောထဲ စိမ့်ဝင်ပြီး တကယ်ကို ကြောက်စရာ၊ စိတ်လှုပ်ရှားစရာကောင်းနိုင်မယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

 

စိတ်ဝင်စားစရာလည်းကောင်း၊ စိတ်လှုပ်ရှားစရာလည်းကောင်းတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ် ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ သရုပ်ဆောင် အလင်း ရောင်၊ ကျော်ထက်အောင်၊ ထပ်ဆင့်အကယ်ဒမီဖွေးဖွေး နဲ့ ရတနာဗို တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဇူလိုင်လ ၂၇ ရက်နေ့ကစပြီး ရန်ကုန်မှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က