ဇူလိုင်လ ၁၉ ရက်နေ့ညက လွှင့်ခဲ့တဲ့ ပြိုင်ပွဲအကြောင်းပြောလာတာပါ။

Mynmar Idol သီချင်းဆိုပြိုင်ပွဲကြီး စတင်ကတည်းက အီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့တဲ့ ကျော်ထက်အောင် က  ဇူလိုင်လ ၁၉ ရက်မှာ ပြသခဲ့တဲ့ ပြိုင်ပွဲနဲ့ ပတ်သက်ပြီး သိလိုသမျှကို ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ်။ ယင်းနေ့ပြိုင်ပွဲမှာ ပရိသတ်တွေကြား ဝေဖန်မှုများစွာ ဖြစ်ပေါ်ခဲ့တဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ရှင်းပြခဲ့ပါတယ်။

 

ဇူလိုင်လ ၁၉ ရက်နေ့ညက ကျင်းပခဲ့တဲ့ Myanmar Idol ပြိုင်ပွဲက ပြိုင်ပွဲဝင်တွေအပေါ် အကဲဖြတ် ဒိုင်တစ်ယောက်ဖြစ်တဲ့ ဝါရင့်အဆိုတော်ကြီး မြန်မာပြည်သိန်းတန်ရဲ့ သုံးသပ်ချက်တွေ ပြင်းထန်းလွန်းတယ်လို့ ဝေဖန်ခံနေရမှုနဲ့ ပတ်သက်ပြီး Myanmar Idol ရဲ့ အစီအစဉ်တင်ဆက်သူ ကျော်ထက်အောင်က အခုလို ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ်။

'' အန်ကယ်လ်က ကျတော့ အမှန်တရားဘက်ကဆိုတော့ ပြောရင်း ပြောရင်းနဲ့ ဂရုဏာ ဒေါသလို့ိထင်ပါတယ်'' လို့ ကျော်ထက်အောင်က ဇူလိုင်လ ၂၂ ရက်မှာ ပြုလုပ်တဲ့ ကာဗွန်ဒိုင် အောက်ဆိုဒ် ဇာတ်ကားကြီး အထူးပြပွဲမှာ ပြောပြခဲ့ပါတယ်။

Photo: Myanmar Idol Fb

ပရိသတ်ကိုအများကြီးကြိုးစားပြရဦးမယ်ဆိုတဲ့ ကျော်ထက်အောင် 

မြန်မာအိုင်ဒေါပြိုင်ပွဲဝင်တစ်ဦးဖြစ်တဲ့ ဖြိုးမြတ်အောင်ကို သူရဿတီမယ်တော် စောင့်ရှောက်တယ်လို့ မြန်မာပြည်သိန်းတန်က ပြောလိုက်တဲ့ အချိန်မှာ ဟာသတစ်ခုလိုတွေးပြီး မျက်လုံးပြုးမိသွားတဲ့ အကြောင်းကိုလည်း ကျော်ထက်အောင် က ဆက်လက်ပြောပြခဲ့ပါသေးတယ်။

'' ကွမ်ရင်မယ်တော်လို့ စပြောတာ အဲ့ဒါကို ဘယ်သူမှမကြားလိုက်ဘူး။ ဒုတိယတစ်ခေါက်အနေနဲ့ သူရဿတီမယ်တော် လို့ ထပ်ပြောလိုက် တော့ ဟာသတစ်ခုအနေနဲ့ ရယ်ချင်သွားတာ၊ အဲဒါနဲ့ မျက်လုံးက ပြူးမိသွားတယ်။ အမှန်တကယ်တော့ ကျွန်တော့်အရှေ့မှာ မတင်ဇာမော် ရှိတယ်၊ အစ်မတင်ဇာမော်နဲ့ ကျွန်တော်နဲ့က Eye To Eye စကားပြောနေကျ။ အဲ့ဒီနေ့က ကျွန်တော် မမိရင် အစ်မ မိမှာ'' လို့ ဆိုပါတယ်။

Photo: Nu Nandar Than Fb

 

Myanmar Idol ပြိုင်ပွဲ စတင်ကတည်းက အစီအစဉ်တင်ဆက်သူ  တစ်ယောက်အဖြစ် ဆောင်ရွက်လာတဲ့ ကျော်ထက်အောင်က ပြိုင်ပွဲဝင်တိုင်းကိုလည်း အားပေးစကားပြောဖြစ်တယ်လို့ ဆိုပါတယ်။

'' ပြိုင်ပွဲဝင် အားလုံးကို အားပေးတယ်။ ဥပမာပေးစရာဆိုလို့ရှိရင်တော့ ဆိုဖီယာပေါ့။ ဆိုဖီယာနဲ့ သူတို့ကို အမြဲတမ်းနှိုင်းပြတယ်။ ဆိုဖီယာဆို Save လုပ်ခံရတယ်။ ဒါပေမယ့် ပြန်ပြုတ်တယ်။ အဲ့ဒီအတွက်ကြောင့်မို့လို ဆိုဖီယာ ဒီနေ့ ဘာဖြစ်နေသလဲ ဆိုဖီယာက ဆိုဖီယာဖြစ်နေတယ်။ အဲ့ ဒီလို အားပေးတယ်'' လို့ သူကပြောပါတယ်။

ကျော်ထက်အောင်ဟာ Myanmar Idol Season 1 ကတည်းက ပရိသတ်တွေ အားပေးမှုကို များစွာရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။ အဲဒီကတစ်ဆင့် နာမည်ရလာပြီး အခုဆိုရင် ခေါင်းဆောင်မင်းသား တစ်ယောက်အဖြစ်နဲ့ပါ ရုပ်ရှင်ဇာတ်ကားကြီး တွေရိုက်ကူးနေရပါပြီ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က