အဖေထက်သာအောင် ချောကြတာ ဝန်ခံပါတယ်။

ကေညီကတော့ ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။ သူ့မှာ ချစ်စရာကောင်းတဲ့ သားလေး နှစ်ယောက် ရှိတဲ့အတွက် အနုပညာကို ဝါသနာပါရင်တော့ မင်းသားလုပ်ခိုင်းမယ်တဲ့။

Photo: K Nyi Fb


ဇာတ်ပို့ဇာတ်ရံ တစ်ယောက်အနေနဲ့ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင် ကေညီဟာ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစု လေးကို ပိုင်ဆိုင်ထားပါတယ်။ သူ့မှာတော့ ပထမတန်းတက်နေတဲ့ သားကြီးရယ်၊ ၇ လအရွယ် သားငယ်လေးရယ် နှစ်ယောက်ရှိပါတယ်။ အဖေ ထက်သာတဲ့ သားလေးတွေကို မင်းသားပဲ လုပ်ခိုင်းမယ်ဆိုပြီး Duwun Media ကနေပြောပြခဲ့ပါတယ်။

'' ကျွန်တော့်သား နှစ်ယောက်ရှိတယ်၊ နှစ်ယောက်စလုံးက အချောတွေချည်းပဲ အဖေထက်ချောပါတယ်၊ အဖေထက် သာပါတယ်။ ဝန်ခံပါတယ်။ အသားအရေကအစ ဖွေးနေတာပဲ။ တကယ်လို့ တစ်ချိန်မှာ သရုပ်ဆောင် ဝါသနာပါရင် ကျွန်တော်က မင်းသားပဲလုပ်ခိုင်းမှာ ရုပ် တွေလည်းချောတော့ ကျွန်တော့်လို ဇာတ်ပို့ အဖြစ်မခံဘူး'' လို့ ကေညီက ဆိုပါတယ်။

Photo: K Nyi Fb


ကေညီဟာ အရမ်းကို ချစ်စရာကောင်းပြီး ချောမောကြတဲ့ သားလေးနှစ်ယောက်ကိုပညာရေးကိုပဲ အဓိကထား ကြိုးစားစေချင်တဲ့အကြောင်း သူ့ရင်ထဲက ဆန္ဒကို ဇူလိုင်လ ၂၂ ရက်နေ့က သရုပ်ဆောင်ကောင်းခန့်ရဲ့ သမီးလေး ကြာဖြူကောင်းခန့်ရဲ့ မွေးနေ့ကို တက်ရောက်လာ ရင်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

''သရုပ်ဆောင် အလုပ် မလုပ်ခိုင်းဘူး ပညာရေးကိုပဲ အဓိက ထားပြီးတော့ ကျောင်းတက်ခိုင်းတယ်။ နွေရာသီမှာ Summer School တက်ခိုင်းတယ်။ အင်္ဂလိပ်စာ ဆိုလည်း သူများနဲ့ တန်းတူပြောနိုင်အောင် အင်္ဂလိပ်ကျောင်းတက်ခိုင်းတယ်။ ဒါလေးတွေကတော့ ကျွန်တော့် ဘက်က တက်နိုင်တာလေး ကလေး တွေအပေါ် လုပ်ပေးတာပါ'' လို့ သူကဆိုပါတယ်။

Photo: K Nyi Fb


လက်ရှိမှာတော့ ကေညီ့ရဲ့ သားလေးတွေကို သရုပ်ဆောင်ဖို့ ကမ်းလှမ်းလာတာမျိုးတွေ မရှိသေးဘူးလို့ ပြောပါတယ်။ တကယ်လို့ လာ ကမ်းလှမ်းရင်လည်း လုပ်ခိုင်းမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

'' ကလေးတွေကလည်း ဘာကို ဝါသနာပါလည်း မသိရသေးဘူး။ ကလေးတွေကိုလည်း သရုပ်ဆောင်ဖို့ လာကမ်းလှမ်းတာမျိုးတော့ မရှိသေး ဘူး။ ကလေးတွေက အရမ်းလည်း ငယ်သေးတယ်၊ သူတို့ကို ပညာရေးပဲ အဓိက လုပ်ခိုင်းထားပါတယ်။ ကလေးသရုပ်ဆောင်ဖို့ လာ ပြောရင် လည်း ဘယ်တော့မှ မခိုင်းပါဘူး။ ပင်ပန်းပါတယ်။ ဒီအချိန်မှာ ကလေးတွေကို လမ်းကြောင်းမမှားစေချင်ဘူး'' လို့ ပြောပါတယ်။

Photo: K Nyi Fb


သရုပ်ဆောင်ကေညီကတော့ သားနှစ်ယောက်ရဲ့ဖခင်ဖြစ်တဲ့ အတွက်ပုခုံးတွေ ကောင်းအောင် ပြင်ဆင်ထားတယ်၊ မိသားစုကို မြင့်မားတဲ့ ဘဝမျိုးထားနိုင်အောင် ကြိုးစားမယ်လို့လည်း Duwun Media ရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ သားလေး နှစ်ယောက်အတွက် အရင်က ထက်ပိုကြိုးစားမယ်လို့ပြောပါတယ်။

 

Share

Loading Next Article...
က္က