ချစ်ရတဲ့ တပည့်တွေကလည်း မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။

ဒါရိုက်တာကျော်ဇောလင်းဟာ အသက် ၅၁ နှစ်ပြည့်မွေးနေ့အလှူအဖြစ် ဆန်အပြည် ၁၀၀၀ ကို အနုပညာလောကသား မိသား စု အယောက် ၁၀၀ အတွက် လှူဒါန်းခဲ့တာဖြစ်ပြီး သံဃာတော်တွေအတွက်လည်း ဝါဆိုသက္င်္ကန်းကပ်လှူခဲ့တာဖြစ်ပါတယ်။ သူ့ကို ချစ်တဲ့ ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင် ရဲလေးမ နဲ့ မျောက်ရှုံး တို့ရဲ့ မွေးနေ့ဆုတောင်းလေးကိုလည်း ပြောပြလိုက်ပါတယ်။

 

ရုပ်ရှင်ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်) ရဲ့ အသက် ၅၁ နှစ်ပြည့်မွေးနေ့အလှူအဖြစ် ဇူလိုင်လ ၂၄ ရက်နေ့ ဒီနေ့ မနက်မှာပဲ ၃၅ လမ်း(ကျောက်တံတား မြို့နယ်)မှာရှိတဲ့ ဓမ္မာရုံမှာ အနုပညာလောကသားတွေအတွက် ဆန်အပြည် ၁၀၀၀ လှူဒါန်းခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် သံဃာတော်တွေ အတွက်လည်း ဝါဆိုသက္င်္ကန်းဆပ်ကပ်လှူဒါန်းခဲ့တဲ့အကြောင်းကို Duwun Media ရဲ့ သီးသန့် အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။



'' ဆန်အပြည် ၁၀၀၀ မှာ တစ်ယောက်ကို ၁၀ပြည်နှုန်း နဲ့ မိသားစု အယောက် ၁၀၀ အတွက် လှူဒါန်းခွင့်ရခဲ့တယ်။ မိသားစု အယောက် ၁၀၀ နဲ့အတူတူ ထမင်းစားခွင့်ရတယ်ပေါ့။ ကျွန်တော့် မိဘတွေကို မွေးကျေးဇူးဆပ်တဲ့အနေနဲ့ကတော့ သံဃာတော်တွေကို အလှူအတန်းလုပ်တယ်၊ ဝါဆိုသက္င်္ကန်းကပ်တယ်။ ဒါကတော့ နှစ် ၂၀ ကျော်သွားပါပြီ ကျွန်တော့် မွေးနေ့တိုင်းလုပ်တဲ့ အလှူပါ'' လို့ ဆိုပါတယ်။

 

ဒါရိုက်တာကျော်ဇောလင်းရဲ့ မွေးနေ့အလှူကို ရောက်ရှိလာတဲ့ ဇာတ်ပို့ ဇာတ်ရံသရုပ်ဆောင် ရဲလေးမ ကလည်း အမှတ်တရ မွေးနေ့ ဆု တောင်းပေးခဲ့ပါတယ်။ ဆရာဖြစ်သူ အနုပညာအလုပ်တွေ လုပ်နိုင်မှ သူတို့အတွက်လည်း အဆင်ပြေမှာပါလို့လည်း ပြောပြခဲ့ပါသေးတယ်။

'' အစ်ကိုက ဘာပဲဖြစ်ဖြစ် အောက်လက်ငယ်သားတွေပေါ်မှာ အမြဲတမ်းကြည့်တယ်၊ အရမ်းလည်း နားလည်ပေးတဲ့ ကိုယ့်ဆရာအရင်းဖြစ်တဲ့ အတွက် အစ်ကို ကျန်းမာပါစေ၊ အသက်ရှည်ပါစေ၊ အနုပညာအလုပ်တွေလည်းအများကြီးလုပ်နိုင်ပါစေ။ သူလည်း အလုပ်အများကြီး လုပ်နိုင်မှ အစ်ကိုတို့အတွက်လည်း အဆင်ပြေမှာလေ'' ဆိုပြီးတော့ Duwun ကနေ ဆုတောင်းပေးခဲ့ပါတယ်။

 

ဇာတ်ပို့ဇာတ်ရံ အနုပညာလောကသားတွေအတွက် ဆန်အပြည် ၁၀၀၀ လှူဒါန်းခဲ့တဲ့ ဆရာဖြစ်သူ ဒါရိုက်တာ ကျော်ဇောလင်း ရဲ့ မွေးနေ့မှ စပြီး ဆန်လှူရတဲ့ အကျိုးကြောင့် အစစအရာရာ ပြည့်ပြည့်ဝဝ ရပါစေ ဆိုပြီးတော့လည်း ဟာသသရုပ်ဆောင် လူရွှင်တော် မျောက်ရှုံးက မွေး နေ့ဆုတောင်းပေးခဲ့ပါတယ်။

'' ဆန်ကလည်း ၁၀ ပြည်စာ ပြည့်ပြည့်ဝဝလှူတယ်။ ဒီလို လှူတဲ့ ဆရာသည် ဘယ်အရာမဆို ပြည့်ပြည့်ဝဝ ရပါစေလို့ ဆုတောင်းပေးပါတယ်။ လောကမှ စံတင်ထားလောက်တဲ့၊ အမြဲတမ်း သမိုင်းမှတ်တိုင်ထူနိုင်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်ပါစေ။ သူလိုချင်တဲ့ ဘဝ တွေကိုလည်း နောင်ဘဝမကူးပဲ ဒီဘဝမှာတင် ရပါစေ'' လို့ ဆုတောင်းပေးခဲ့ပါသေးတယ်။

 

ဒါရိုက်တာကျော်ဇောလင်း(အတွေးပုံရိပ်) ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတိုင်းမှာ အောင်မြင်မှု ရရှိတဲ့ဇာတ်ကားက အများစုပါဝင်ပါတယ်။

အောင်စေ ပိုင်စေရုပ်ရှင်ဇာတ်ကား၊ ပဲခူးဆားနဲ့ သူ၏ဗိုင်းရပ်များ၊ မွှေချက်ကတော့ လွန်းလွန်းတယ် စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေအပြင် တခြား ဟာသ ဒရာမာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းရိုက်ကူးထားပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က