AD
AD
AD

နေမျိုးအောင်ရဲ့ သားအကြီးဆုံး မင်းထိုက်က အခုဆိုရင် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေပြီ ဖြစ်ပါတယ်။ ဖခင်တစ်ယောက်အနေနဲ့ သားဖြစ်သူအပေါ် ဘယ်လိုတွေ သွန်သင်ဆုံးမတယ်ဆိုတာကို နေမျိုးအောင်က ပြောပြခဲ့တာ ဖြစ်ပါတယ်။

 

သရုပ်ဆောင်နေမျိုးအောင်ဟာ သားဖြစ်သူ မင်းထိုက်နဲ့ တွဲပြီး ဗီဒီယိုဇာတ်ကား ရုပ်ရှင်ကားတွေမှာ သားနေရာ၊ ညီနေရာ၊ တူနေရာ တွေကို ထားပြီးရိုက်ကူးနေတယ်လို့ သိရပါတယ်။ အနုပညာကို ဝါသနာပါတဲ့ သားကိုလည်း ကြိုးစားစေချင်တဲ့အတွက် ဆုံးမသွန်သင်တာတွေ ရှိတယ်လို့ ပြောပါတယ်။

'' အစ်ကိုကတော့ သားအနုပညာအလုပ်ကိုကြိုးစား၊ အနုပညာအလုပ်က လွယ်တာမဟုတ်ဘူး အနုပညာရဲ့ ရင်ထဲက ဝမ်းစာကို ဘယ်လိုရှာရ တယ်ဆိုတာကို ပြောပြတယ်။ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်တတ်ဖို့ပဲ အရေးကြီးတယ် မင်းသားရဲ့သားက မင်းသားဖြစ်ဖို့ဆိုတာ မလွယ်ပါဘူး'' လို့ ဆိုပါတယ်။

play
Photo: Thandar Naymyo aung Fb

 

နေမျိုးအောင်က သူကိုယ်တိုင်လည်း သရုပ်ဆောင်အသစ်ဘဝကနေ အနုပညာလောကထဲကို နေရာတစ်နေရာရဖို့ ကြိုးစားရုန်းကန် လာခဲ့ရတာလို့ပြောပါတယ်။ သားကိုလည်း ကြိုးစားတဲ့ စိတ်နဲ့ အနုပညာဝမ်းစာ ရှာဖွေတတ်မှုအပေါ် မူတည်တယ် ဆိုပြီးတော့ ဇူလိုင်လ ၂၁ ရက်နေ့က မြင်းဖြူရှင်နဲ့ မြင်းသည်တော်ဖိုးအေး ဇာတ်ကား ကန်တော့ပွဲက မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုထားတာပါ။

'' အစ်ကိုလည်း အသစ်ကနေပြီးတော့ နေမျိုးအောင်ဆိုတဲ့ အခုချိန်ထိရောက်ရှိလာတာပါ။ သရုပ်ဆောင်အသစ်နေရာမှာ ရပ်တည်ပေမယ့် သူ့ရဲ့ ကြိုးစားအားထုတ်မှု လုံ့လ ဝီရိယတွေနဲ့ အနုပညာဝမ်းစာကို ရှာဖွေတတ်မှုပေါ်မှာ မူတည်တယ်။ အစ်ကိုတို့ တုန်းကလည်း နေရာ တစ်နေရာ ရဖို့ဆိုတာ အရမ်းကို ရုန်းကန်ခဲ့ရတာ'' လို့ သူကပြောပါတယ်။

play

 

အနုပညာလောကထဲကို မင်းသားဖြစ်ချင်လို့ ဝင်လာတာမဟုတ်ပဲ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ရမယ်ဆိုတဲ့ ခံယူချက်နဲ့ ဒီနေ့အချိန်ထိ အောင်မြင်လျှက်ရှိတဲ့ နေမျိုးအောင်ဟာ သားဖြစ်သူ မင်းထိုက်နဲ့ အတူ အခုလက်ရှိမှာ မြင်းဖြူရှင်နဲ့ မြင်းသည်တော်ဖိုးအေး ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကြီးရိုက်ကူးနေတာဖြစ်ပါတယ်။

'' နေမျိုးအောင် သားမို့လို့ နေမျိုးအောင်က ခေါ်ရိုက်တယ်ဆိုတာ မဖြစ်နိုင်ဘူး။ သူဟာ အနုပညာဝမ်းစာကို မပြည့်ဝပဲနဲ့  ဘယ်သူက ခေါ်ရိုက် မှာလဲ။ သူ့ကို ဒီဇာတ်ကားခေါ်ရိုက်လို့ သူ့ကြောင့် ဒီဇာတ်ကားပျက်စီးသွားမယ်ဆိုရင် အများကြီး ဆုတ်ယုတ်သွားမယ်လေ။ ဒါကလည်း သူ့ရဲ့ ကြိုးစားမှုအပေါ်မှာ မူတည်တယ်'' လို့ ဆိုပါတယ်။

play
Photo: Thandar Naymyo aung Fb

 

နေမျိုးအောင်ဟာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာချိန်တုန်းက စီနီယာ ဆရာသမားတွေအနောက်ကနေ လွယ်အိတ်တစ်လုံး လွယ်ရင်း မှတ်တမ်းရေး၊ Edit ဖြတ် ဆိုတဲ့ အနေအထား တစ်ခုကနေ ဒီနေ့ ဒီအချိန်ထိ အနုပညာလောကမှာ ရပ်တည်နိုင်အောင် ပရိသတ်က နေရာပေးခဲ့တာပါလို့ ပြောပါတယ်။

နေမျိုးအောင်ဟာ အက်ရှင်မင်းသားတစ်ယောက်အဖြစ် နယ်ပရိသတ်အားပေးမှု နဲ့ အောင်မြင်ခဲ့တဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်ပရိသတ်တွေရဲ့ အားပေးမှုလည်း ရရှိနေတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD