မြွေ ၅ ကောင်နဲ့ ရိုက်ခဲ့ရတဲ့ ခံစားချက်ကိုလည်း ပြောပြခဲ့ပါတယ်။

မြွေအစစ်တွေနဲ့ Photo Shotting ရိုက်ခဲ့ရတဲ့ လီလီကျော်ခိုင် က သူကြောက်ရတဲ့ သတ္တဝါဆိုတာ မရှိသလောက်ပါပဲတဲ့။ ပြီးတော့ မြွေတွေကို ကိုင်ရတာ အိအိလေးနဲ့ မို့လို့ သဘောကျတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အမြဲတမ်းထိတွေ့နေကြ သတ္တဝါ မဟုတ်လို့အူယားတယ် လို့ ပြောပါတယ်။

Photo: Li Li Kyaw Khing Fb

 

တီဗီကြော်ငြာတွေရိုက်ကူးနေရတဲ့ လီလီကျော်ခိုင်ဟာ မကြာသေးခင်က ထူးထူးခြားခြားအနေနဲ့ မြွေတွေနဲ့ အတူ ဗီဒီယိုရှုတင်လေး တစ်ခု ရိုက် ကူးခဲ့ပါတယ်။ ဒီ ဗီဒီယိုလေး အွန်လိုင်းပေါ်တင်လိုက်တဲ့အချိန်မှာ ပရိသတ်အားပေးမှု များစွာရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အသည်းတယား ယားနဲ့ ရိုက်ကူးခဲ့ရတဲ့ ဒီရှုတင်လေးအကြောင်းကိုလည်း Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

'' ညီမက မြွေ ကြောက်တဲ့ အထဲမှာတော့ မပါဘူး။ ဒါပေမယ့် ကိုယ်နဲ့ အမြဲတမ်း ထိတွေ့နေကြ အကောင်မဟုတ်တော့ အူယားတာပေါ့နော်။ ဒါပေမယ့်  ညီမတို့ ရိုုက်နေချိန်မှာလည်း ညီမလည်ပင်းမှာ မြွေကို ပတ်ထားတယ်ပေါ့နော်။ ဒါပေမယ့် မြွေရဲ့ ခေါင်းက အရှေ့ကို လှည့်နေရင် ဘာမှ မဖြစ်ဘူး အနောက်ဘက်ကို လှည့်ပြီး မျက်နှာအနားကိုရောက်ရင်တော့ ညီမ အူယားတယ်'' လို့ ပြောပါတယ်။

 

မြွေ ကြောက်တတ်တဲ့ သူထဲမှာ မပါဘူးလို့ ဆိုတဲ့ လီလီကျော်ခိုင်က ဒီဗီဒီယိုလေးမှာ မြွေတွေနဲ့ ထိတွေ့ပြီး ရိုက်ကူးရတဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။

'' ဖီလင်ကတော့ အိအိလေးပဲ၊ တစ်မျိုးလေးကောင်းတယ်။ သူ့ရဲ့ ဖီလင်လေးကိုတော့ ညီမကြိုက်တယ်။ လုံးဝမကြောက်ခဲ့တာမျိုးတော့ မဟုတ်ပါဘူး  ကိုယ်နဲ့အမြဲတမ်း ထိတွေ့နေကြအရာ မဟုတ်တော့လေ ကြောက်တော့ကြောက်တယ်။ ဒါပေမယ့် မကိုင်ရဲလောက်အောင် တော့ ဘာမှမဖြစ်ဘူး။ တစ်ချက်တစ်ချက်တော့လည်း ကြောက်တာမျိုးတော့ ဖြစ်ပါတယ်'' လို့ ဆိုပါတယ်။

 

လီလီကျော်ခိုင်ဟာ မြွေတွေနဲ့ ရိုက်ကူးခဲ့ရတဲ့ Photo Shotting ကလည်း အနုပညာအလုပ်တစ်ခု ဖြစ်တာကြောင့် ကမ်းလှမ်းလာတဲ့ အလုပ်အပေါ် ပီပြင်အောင် ကြိုးစားခဲ့တာပါတဲ့ ။ ဒါပေမယ့်လည်း သူ့အတွက်တော့ အကြောက်ဆုံး သတ္တဝါရယ်လို့တော့ မရှိဘူးတဲ့ အကြောင်းပြောပါတယ်။

'' အကြောက်ဆုံး သတ္တဝါရယ်လို့တောင် ညီမက မရှိဘူးဆိုတော့ မကြောက်ဘူးပေါ့နော်။ ဒါပေမယ့် ပင့်ကူကိုက်ရင်တော့ ရောင်တယ်လို့တော့ ပြောတယ်။ အကြောက်ဆုံး သတ္တဝါရယ်လို့တော့ ညီမမှာ မရှိပါဘူး။ အနုပညာအလုပ်ကို ဘယ်လောက်အထိ ရူးသွပ်သလဲဆိုရင်တော့ ညီမကို ကမ်းလှမ်းလာတဲ့အလုပ်ကို ပီပြင်အောင်လုပ်ချင်တယ်၊ အခွင့်အရေးရရင်လည်း ကြိုးစားချင်တယ်'' လို့ သူကဆိုပါတယ်။

 

လီလီကျော်ခိုင်ဟာ တကယ့် မြွေအစစ်ကြီးတွေကို မကြောက်မရွံနဲ့ Photo Shotting ရိုက်ကူးနေတဲ့ ဗီဒီယို ဖိုင်ကလည်း လူကြိုက်များခဲ့ပါ သေးတယ်။ အဲ့ဒီနောက် SAI mineral powder ကြော်ငြာလေးထဲမှာပါဝင်သရုပ်ဆောင်ခဲ့တာပါ ဒီကြော်ငြာလေးထဲမှာတော့ လီလီကျော်ခိုင်၊ ပိုးမမှီသာ နဲ့ ယမင်းမေဦးတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။

 

Share

Loading Next Article...
က္က