မျိုးမျိုးခိုင်၊ အိတုံ နဲ့ ရဲလေးမတို့အကြောင်းပြောလာပါတယ်။

မျောက်ရှုံးကတော့ ဇာတ်ပို့သရုပ်ဆောင်တွေဖြစ်တဲ့ ရဲလေးမ က သူငယ်ထောင်တဲ့အကြောင်း၊ ဝိတ်အားကိုး နဲ့ အိတုံမ အတွက် ရင်လေးရ တယ် ဆိုတဲ့အကြောင်း၊ ခွေးတွေ၊ ကြောင်တွေနဲ့သာ အချိန်ကုန်တတ်တဲ့ မျိုးမျိုးခိုင်ရဲ့ အကြောင်းတွေကို အရွှန်း ဖောက်ခဲ့ပါတယ်။

Photo: Facebook

 

မျောက်ရှုံးတစ်ယောက် ဇာတ်ပို့သရုပ်ဆောင်တွေထဲကမှ တရင်းတနှီးရှိလှတဲ့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ အကြောင်းကို ဟာသနှောပြီး ပြောခဲ့တာပါ။ ရဲလေးမရဲ့ အကြောင်း၊ အိတုံမ ရဲ့ အကြောင်းနဲ့ မျိုးမျိုးခိုင် တို့ရဲ့ အကြောင်းတွေကို Duwun Media ကနေ တဆင့် အရွှန်း ဖောက် စနောက်ခဲ့တာဖြစ်ပါတယ်။

'' ရဲလေးမ ကတော့ သူ့ရဲ့ ထုံးစံအတိုင်း သူငယ်ထောင်မယ်။ မာမီကြီးပေါ့နော် မဖြစ်သေးတဲ့ ကလေးကို ဖြစ်အောင်လုပ်ပေးမယ်။ သူက လိုင်း သွင်းမယ်ပေါ့နော်။ မာမီကြီးနေရာမှာ နေရတာကို သူက သာယာတယ်'' ဆိုပြီးတော့ ဇူလိုင်လ ၂၄ ရက်နေ့က ဒါရိုက်တာ ကျော်ဇောလင်း ရဲ့  မွေးနေ့အလှူမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Ye Lay Ma Facebook

 

ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်အားပေးမှုရရှိလာတဲ့ အိတုံ အတွက် ရင်လေးတဲ့အကြောင်းကို ဟာသသရုပ်ဆောင် မျောက်ရှုံးက ဟာသနှော ပြီး ပြောပြခဲ့ပါသေးတယ်။

'' အိတုံကျတော့ သူက ဘယ်လိုပြောရမလဲဆိုတော့ အရင်တုန်းကတော့ မ.ထ.သ အခုတော့ YBS ပေါ့နော်။ သူက လိုင်းပေါင်းစုံပေါ့ ဘယ်သူနဲ့ မဆို အဆင်ပြေတယ်။ သူက ဝိတ်အားကိုးနဲ့ မိုက်တဲ့အထဲမှာတော့ ပါတာပေါ့နော်။ ကျွန်တော်ကတော့ သူ့ဘဝကို တွေးပြီးတော့ ရင်လေးတယ် ပေါ့။ ရင်လေးတာလည်း မပြောနဲ့ သူကလည်း ရင်လေးချင်စရာကောင်းလောက်အောင် ရင်လေးတယ်'' လို့ စနောက်ခဲ့ပါတယ်။

Photo: Ei Tone Facebook

ရုပ်ရှင်လောကသားတွေအတွက် ဆန်အပြည် ၁၀၀၀ လှူခဲ့တဲ့ ကျော်ဇောလင်း  

ပရိသတ်အခိုင်အမာရရှိထားတဲ့ ဟာသသရုပ်ဆောင် မျိုးမျိုးခိုင် က မိတ်ဆွေ အပေါင်းအသင်းတွေထက်၊ ခွေးတွေ ကြောင်တွေ ချစ်တတ်တဲ့ အကြောင်းကိုလည်း မျောက်ရှုံးက အရွှန်းဖောက်ပြောပြလာပါတယ်။

'' မမျိုးမျိုးခိုင်ကျတော့ သူက လူတွေနဲ့ အပေါင်းအသင်းမလုပ်ဘူး အဓိက က သူ့ရဲ့ အပေါင်းအသင်းတွေက ခွေးတွေ၊ ကြောင်တွေပေါ့နော်။ လူတွေ ပြောရင်သူက သိပ်နားမလည်ချင်ဘူး၊ ခွေးတွေ၊ ကြောင်တွေပြောရင် သူက နားလည်တယ်။ တစ်ခါတလေကျရင်သူက ကျွန်တော်တို့ ကို ကြောင်စကားတွေလာလာပြောတယ်။ သူက ခွေးတို့၊ ကြောင်တို့ရဲ့ မိခင်ကြီးပါ'' ဆိုပြီးတော့ အရွှန်းဖောက်ခဲ့ပါတယ်။

Photo: Myo Myo Khing Facebook

 

မျောက်ရှုံးကိုတော့ 5 Stars လူရွှင်တော်အဖွဲ့ဝင်တစ်ယောက်အဖြစ် ပရိသတ်တွေစတင်အားပေးခဲ့တာဖြစ်ပါတယ်။ သူဟာ လူကောင်သေး သေးပေမယ့် အသံစူးစူးကြောင့် ပရိသတ်တွေ ပိုသတိထားမိတာဖြစ်ပါတယ်။ မျောက်ရှုံးဟာ လူရွှင်တော် တစ်ယောက်အဖြစ်သာမက ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေမှာလည်း ဇာတ်ပို့တစ်ဦးအနေနဲ့ ပါဝင်သရုပ်ဆောင်နေရပါပြီ။

 

Share

Loading Next Article...
က္က