အဖေ့လောက် အိုက်တင်မကောင်းဘူး၊ မချောဘူးတဲ့။

နေမျိုးအောင်ရဲ့ သားဖြစ်တဲ့ မင်းထိုက်က အခုဆိုရင် တက်သစ်စအနုပညာရှင်တစ်ယောက်အနေနဲ့ ဇာတ်ကား တော်တော် များများ ရိုက်ကူးနေ တာဖြစ်ပါတယ်။ ဒါပေမယ့် ဖခင်ဖြစ်သူနဲ့ ယှဉ်ပြီး ရုပ်ရည်အပိုင်းမှာသာမက အနုပညာအပိုင်းတွေမှာလည်း နှိုင်းယှဉ်ပြီးတော့ ဝေဖန်တာတွေ ခံနေရတယ်လို့ ပြောပါတယ်။

 

သရုပ်ဆောင်နေမျိုးအောင်ရဲ့ သားဖြစ်တဲ့ မင်းထိုက်ဟာ အခုဆိုရင် မြင်းဖြူရှင်နဲ့ မြင်းသည်တော် ဖိုးအေးရုပ်ရှင်ကားမှာ ဖခင်ဖြစ်သူနဲ့ ပါဝင် သရုပ်ဆောင်နေပါတယ်။ သရုပ်ဆောင်တစ်ယောက်ရဲ့ သားဖြစ်လို့ အခွင့်အရေးတွေ အများကြီးရှိပေမယ့်လည်း အနုပညာအရည်အချင်း နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေလည်း ကြုံခဲ့ရတယ်လို့ မီဒီယာတွေကနေတဆင့်ပြောပြခဲ့ပါတယ်။

'' သရုပ်ဆောင် တစ်ယောက်ရဲ့ သားဆိုတော့ အခွင့်အလမ်းတွေ ကတော့ အများကြီးရှိတယ်။သရုပ်ဆောင်အပိုင်းမှာ ကျတော့ လူပြောစရာ တော့ ရှိတာပေါ့။သရုပ်ဆောင်တာ မကောင်းရင် နေမျိုးအောင်ရဲ့ သားဖြစ်ပြီးတော့ ဒီလောက်လေးတောင် မလုပ်တတ်ဘူး တို့ အပြောခံရ မယ်။ အသင့်အတင့်ရှိရင်လည်းသူ့အဖေက နေမျိုးအောင်ပဲ ဒီလောက်တော့ လုပ်တတ်မှာပေါ့ ဆိုပြီးတော့ အပြောခံရမှာပဲ''လို့ ဆိုပါတယ်။

Photo: Min Htike Fb

 

သရုပ်ဆောင်နေမျိုးအောင်ရဲ့ သားဆိုပေမယ့် ဖခင်ဖြစ်သူရဲ့ ရုပ်ရည်အပိုင်းမှာရော၊ သရုပ်ဆောင်အပိုင်းမှာရော မမှီဘူးဆိုပြီး ပရိသတ်တွေ ဝေဖန်ပြောဆိုခံရတာတွေရှိကြောင်း ဇူလိုင်လ ၂၁ ရက်နေ့က ပြုလုပ်တဲ့ မြင်းဖြူရှင်နဲ့ မြင်း သည်တော် ဖိုးအေး ဇာတ်ကားကန်တော့ပွဲက မီဒီယာတွေရဲ့ အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' အဖေ့လောက်တောင် မချောဘူး၊ မခန့်ဘူး၊ အဖေ့လောက်တောင် အိုက်တင် မကောင်းဘူး ဆိုပြီးတော့ အပြောခံနေရတာတော့ အများကြီး ပဲ။  ဒါပေမယ့် စိတ်ထဲတော့ တစ်မျိုးဖြစ်တာပေါ့ သားအဖချင်းဆိုတော့ ဘာမှမဖြစ်ပါဘူး။ အဖေ့သားပဲလေ ဒီမျက်နှာက ကျွန်တော် လည်း ဖန်ဆင်းလာတာမဟုတ်ဘူး။ ဘုရားက ဖန်ဆင်းပေးလိုက်တာ ဆိုတော့ ပြောချင်သလိုသာ ပြောကြပါတော့'' လို့ သူက ရယ်မောရင်း ဆိုပါတယ်။

မင်းသားရဲ့သားဖြစ်လို့ မင်းသားဖြစ်မလာဘူးဆိုတဲ့ နေမျိုးအောင် 

မင်းထိုက်ဟာ ဒါရိုက်တာစတီး(ဒွေးမေတ္တာ) ရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကား တော်တော်များများမှာလည်း နေရဲ၊ သိန်းလင်း တို့နဲ့ တွဲပြီး ပါဝင် သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အနုပညာကို ဝါသနာပါသူတစ်ယောက်ဖြစ်တာကြောင့် အရင်ကတည်းက ဖခင်ဖြစ်တဲ့ နေမျိုးအောင်နဲ့ တွဲပြီး သားနေရာ၊ တူနေရာ၊ ညီတစ်ယောက် အဖြစ်နဲ့ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Photo: Min Htike Fb

 

သရုပ်ဆောင်နေမျိုးအောင်ရဲ့ သားတစ်ယောက်အဖြစ် ပရိသတ်တွေ သိရှိလာတဲ့ မင်းထိုက်ဟာ အခုဆိုရင်တော့ အသက် ၂၁ နှစ်သာ ရှိပါ သေးတယ်။ အနုပညာလောကမှာလည်း တက်သစ်စ တစ်ယောက်ဖြစ်တာကြောင့် အောင်မြင်မှုရရှိဖို့ ကြိုးစားနေတာပါ။ ဖခင်နဲ့နှိုင်းပြီး ကောင်း စေချင်လို့ ဝေဖန်လာတဲ့ ပရိသတ်တွေအတွက်လည်း အကောင်းဆုံးဖြစ်အောင် ကြိုးစားမယ်လို့ မင်းထိုက်က ပြောခဲ့ပါတယ်။

 

Share

Loading Next Article...
က္က