Miss International 2018 ပြိုင်ပွဲကို နိုဝင်ဘာလအတွင်း သွားရောက်ယှဉ်ပြိုင်ရမှာပါ။

Miss Myanmar International 2018 မေယုခတ္တာက ဂျပန်နိုင်ငံမှာကျင်းပမယ့် Miss International 2018 ပြိုင်ပွဲကြီးကို နိုဝင်ဘာလမှာ သွားပြိုင်ဖို့ လိုအပ်တာတွေကို ကြိုးစား သင်ယူနေပါတယ်။ ဂျပန်နိုင်ငံမှာကျင်းပမယ့် Miss International 2018 ပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် နိုင်ငံပေါင်း ၆၈ နိုင်ငံကအလှမယ်တွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

 

မကြာခင်က Miss Myanmar International 2018 Winner ဆုကို ရရှိပိုင်ဆိုင်ခဲ့တဲ့ အလှမယ် မေယုခတ္တာက နိုဝင်ဘာလအတွင်း ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပပြုလုပ်မယ့် Miss Internatonal 2018 ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီပြိုင်ပွဲအတွက် လေ့ကျင့်မှုတွေကိုတော့ အခုကတည်းက ကြိုးစားပြင်ဆင်နေပြီလို့ Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

'' ပြိုင်ပွဲအတွက် ဘာသာစကားလေ့ကျင့်မှုတွေ လုပ်နေတယ်၊ ပြီးတော့ ညီမ ခန္ဓာကိုယ်အတွက် Gym ဆော့တယ်။ သိပ်မကြာခင်မှာလည်း ထိုင်းနိုင်ငံက ဆေးရုံမှာ ကျန်းမာရေးအတွက်ရော၊ ညီမရဲ့ အသားအရေအတွက်ကိုပါ သွားရောက်စစ်ဆေးမှုတွေ လုပ်ဖို့ရှိတယ်။ ဒီပြိုင်ပွဲမှာ ညီမနဲ့အတူ နိုင်ငံပေါင်း ၆၈ နိုင်ငံက အလှမယ်တွေက ပါဝင်ယှဉ်ပြိုင်သွားမှာပါ'' လို့ သူကဆိုပါတယ်။

 

မေယုခတ္တာက Miss International 2018 ပြိုင်ပွဲကြီးအတွက် သူ့ရဲ့ အခက်အခဲက ကိုယ်တိုင် မိတ်ကပ်လိမ်းခြယ်မှုပါပဲတဲ့။ အဲ့ဒီအတွက်လည်း ကြိုးစားသင်ယူနေတာဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ဝတ်မယ့် ဝတ်စုံတွေကိုတော့ နာမည်ကျော်ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက်က စီစဉ်ပေးမယ်လို့ ပြောပါတယ်။

'' ပြိုင်ပွဲအတွက်  ဝတ်စုံတွေကိုတော့ Stellar Seven Entertainments နဲ့အတူ ဒီဇိုင်နာ မိုးကုတ်ပေါက်ပေါက် က  ညီမရဲ့ ဝတ်စုံတွေကို စီစဉ်ပေးမှာပါ။ ပြိုင်ပွဲအတွက် ညီမရဲ့ အခက်အခဲကတော့ ကိုယ်တိုင် မိတ်ကပ်လိမ်းခြယ်ရတာပါပဲ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ပူပန်မှု တော့ရှိပါတယ်။ ဒါပေမယ့်အခုတော့ မိတ်ကပ်ဆရာ ရဲရဲက သင်ပေးနေတာကြောင့် ကြိုးစားသင်ယူဖြစ်နေပါတယ်'' လို့ ဆိုပါတယ်။

 

Miss Myanmar International 2018 ဆုရှင် မေယုခတ္တာဟာ မြန်မာနိုင်ငံကိုယ်စားပြုတစ်ယောက်အဖြစ် နိုင်ငံပေါင်း ၆၈ နိုင်ငံနဲ့အတူ Miss International 2018 ပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ပြိုင်ပွဲအတွက် ရည်မှန်းချက်ကိုလည်း အမြင့်ဆုံးရောက်အောင် ကြိုး စားမယ်လို့ပြောပါတယ်။

'' ပြိုင်ပွဲအတွက် Target ကတော့ ညီမအမြင့်ဆုံးရောက်အောင် မှန်းထားတယ်၊ အဲ့ဒီအတွက်လည်း ကြိုးစားနေတယ် ပြိုင်ပွဲကိုလည်း Confident ရှိရှိ လုပ်ဆောင်မယ်ပေါ့နော်။ ဆုရသည်မရသည်ကတော့ ညီမရဲ့ ကံတရားပေါ့နော် ညီမဘက်ကလည်း တာဝန်ကျေအောင် အမြင့်ဆုံးအထိကိုတော့ ရည်မှန်းထားပါတယ်'' လို့ သူကပြောပါတယ်။

Miss Myanmar International 2018 ဆုရှင် မေယုခတ္တာ

 

အလှမယ် မေယုခတ္တာဟာ အခုလက်ရှိမှာတော့ ပြိုင်ပွဲကြီးအတွက် လိုအပ်တာတွေကို လေ့ကျင့် သင်ကြားမှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။ သူမဟာ  နည်းပညာတက္ကသိုလ်(သန်လျှင်)မှာ တက်ရောက်ပညာသင်ကြားနေသူပါ။ နောက်ဆိုရင် အနုပညာအလုပ်တွေရော ပညာရေးကိုပါ မျှတအောင်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

 

Share

Loading Next Article...
က္က