သီလရှင် ဝတ်ချင်ခဲ့တာ ကြာပြီတဲ့။

ချစ်စရာကောင်းတဲ့ အဆိုတော်မလေး ဗီဗာဟိန်းက ဒီနေ့မှာ သီလရှင်ဝတ်သွားခဲ့ပါပြီ။ ၂၀၁၂ခုနှစ်ထဲက သီလရှင် ဝတ်ချင်ခဲ့တဲ့ သူမရဲ့ စိတ်ကူးအိမ်မက်ကို ဒီနေ့မှာ အကောင်အထည်ဖော်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

Photo : ဗီဗာဟိန်း FB



အသံဆူးဆူးလေးနဲ့ ချစ်စရာကောင်းတဲ့ အဆိုတော်မလေး ဗီဗာဟိန်းက သာသနာ့ဘောင်ထဲ ခဏတာ ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၁၂ခုနှစ်ထဲက သီလရှင် ဝတ်ချင်ခဲ့တဲ့ သူမဟာ ဒီနေ့(ဇူလိုင် ၂၆ရက်)မှာ မိဘနှစ်ပါးရဲ့ ခွင့်ပြုချက်နဲ့ သီလရှင်ဝတ်ခွင့်ရခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Photo : ဗီဗာဟိန်း FB


သီလရှင်လေးရဲ့ ဘွဲ့အမည်က ဆရာလေး ဒေါ်ပညာစာရီ ဆိုပြီး အမည်တွင်ခဲ့တယ်လို့ ဆိုပါတယ်။

"ဘွဲ့အမည် ဆရာလေးဒေါ် ပညာစာရီ မော်လမြိုင် ဖားအောက်တောရကျောင်းမှာဒီနေ့မနက် ကြာသပတေးနေ့ သာသနာ့ဘောင်သို့ မိဘနှစ်ပါးရဲ့ ခွင့်ပြုချက်နဲ့ ဝင်ခွင့်ရခဲ့ပြီ ၂၀၁၂ထဲကဝတ်ချင်တာခုမှသီလရှင်ဝတ်ခွင့်ရတော့တယ်။ ဘဝမှာအဖြစ်ချင်ဆုံးထဲက ဆန္ဒတစ်ခု လုပ်ခွင့်ရပြီ။ ကျေးဇူးပါတကာ ကြီးဦးဗိုလ်ဟိန်းနဲ့တကာမကြီး ဒေါ်ဘိုမ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ဘေးကင်းကြပါစေ ရေလိုအေးလို့ပန်းလိုလန်းပါစေ ။ နတ်လူသာဓုခေါ်စေသော် " ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ဇူလိုင်(၂၆)ရက်နေ့က ရေးသားထားတာ တွေ့ရပါတယ်။

Photo : ဗီဗာဟိန်း FB

မနောနဲ့အတူ စုံတွဲသီချင်းဆိုဦးမယ်ဆိုတဲ့ ဗီဗာဟိန်း 

၂၀၀၉ ခုနှစ်ကတည်းက ဂီတလောကထဲကို ရောက်ရှိလာတဲ့ ဗီဗာဟိန်းဟာ ပရိသတ်တွေကို အမြင်တစ်မျိုးနဲ့ ဆွဲဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ "ဗူးသီးမှအရီးလာမတော်နဲ့၊တောင်ပြုံး၊ ဗျို့ဟေ့သံ၊စတဲ့သီချင်းများနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ဂီတနဲ့ ပတ်သက်လို့လည်း မနောနဲ့ တွဲဖက်ကာ သီချင်းခွေထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Photo : ဗီဗာဟိန်း FB

သူမဟာ ဂီတပိုင်းသာမက ဝါသနာပါတဲ့ သရုပ်ဆောင်ပိုင်းကိုလည်း လုပ်ကိုင်နေသူ တစ်ယောက်ပါ။ ဗီဗာဟိန်းဟာ သရုပ်ဆောင် တစ်ယောက် အနေနဲ့ ၂၀၁၁ ခုနှစ်ကတည်းက ဓနခ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့အတူ ဗီဒီယို ဇာတ်ကား တစ်ကား ပထမဆုံးအကြိမ် စတင်ရိုက်ကူးခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ''မျက်ခုံးပေါ်က လမ်းမ''ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ညိုမင်းလွင်က ရိုက်ကူးပြီး သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်၊ သက်မွန်မြင့်တို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၇ ခုနှစ်ထဲမှာလည်း သရုပ်ဆောင်နေထူးနိုင်နဲ့အတူ ဇာတ်ကား ၂ကားရိုက်ခဲ့ပြီး သူကိုယ်တိုင်ရိုက်ကူထားတဲ့ ဘုတ်မ ဆိုတဲ့ ဗီဒီယို ဇာတ်ကားလေး လည်း ရိုက်ကူးထားတယ်လို့ Duwun Mediaရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုပေးဖူးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က