ဘာသဘောနဲ့မှ ပြောတာမဟုတ်ပါဘူးတဲ့။

Myanmar Idol Season 3 ရဲ့ ဒိုင်တစ်ဦးဖြစ်တဲ့ ရန်အောင်က ပြိုင်ပွဲဝင်တွေထဲမှာဆိုရင် ချမ်းမြေ့ မောင်ဆိုကို သဘောကျ တယ်လို့ဆိုပါတယ်။ ချမ်းမြေ့မောင်ချိုကို သဘောကျရခြင်းမှာ ပုဂ္ဂိုလ်ရေးအရ ဘာမှမပတ်ဘူးလို့လည်း သူက ပြောထားပါ သေးတယ်။

 

Myanmar Idol Season 3 ရဲ့ ပြိုင်ပွဲဝင်တွေထဲမှာ ချမ်းမြေ့မောင်ချိုကို သဘောကျတယ်လို့ ဒိုင်ဖြစ်သူ ရန်အောင်က ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။သူအနေနဲ့ ချမ်းမြေ့မောင်ချို့ကို သဘောကျတယ်လို့ပြောရချင်းမှာ ပုဂ္ဂိုလ်ရေးအရ ဘာမှမပတ်သလို မောင်ချိုရဲ့ Talent ကိုကြည့်ပြီး ပြောတာ ဖြစ်တယ်လို့ ရန်အောင်က ဆိုပါတယ်။

 

"ကျွန်တော်ဘာမှမပတ်သက်ဘူးနော်။ ခင်မြင်ရင်းဆွဲရှိတာ။ပုဂ္ဂိုလ်ရေးဘာညာ ဘာမှမပတ်သက်ဘူး။မအိတို့နဲ့က အဲ့လောက်ကြီးလည်း မခင်ပါဘူး။သူရဲ့ Talent ပေ့ါနော်။ ကျန်တဲ့ကလေးတွေလည်း အကုန်လုံးလည်း လုပ်နိုင်ပါတယ်။ ဒါပေမယ့် သူ့တစ်ယောက်ကိုတော့ သူအဝတ်အစား hair style ဘာညာနဲ့ ကိုက်အောင် သီချင်းနဲ့ လုပ်နိုင်တာ ဒါအနုပညာတစ်ခုပဲ လို့ ကျွန်တော်မြင်ပါတယ်။ သပ်သပ် ဖန်တီးတာ မဟုတ်ဘူး အဲ့ဒါလေးတွေကို ကျွန်တော်သဘောကျတာ လို့ ရန်အောင်က ဇူလိုင်(၂၅) ရက်နေ့ ပြုလုပ်ခဲ့တဲ့ "ဇာတိမြေ" press show မှာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

ချမ်းမြေ့မောင်ချိုဟာ ဂီတလောကထဲမှာ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့  အဆိုတော် အိအိရဲ့ သမီးဖြစ်ပါတယ်။ အဆိုတော် အိအိဟာ ပရိသတ်တွေနဲ့ အဆက်အသွယ်ပြတ်နေခဲ့တာ ၂၃ နှစ်လောက်ရှိပြီလို့လည်း သိရပါတယ်။ အိမ်ထောင်ကျသွားပြီးနောက် သီချင်းတွေ မဆိုဖြစ်တော့တာပါ။

 

ရန်အောင်က ဒိုင်တွေထဲမှာဆိုရင် တင်ဇာမော်ရဲ့ စကားပြောဆိုပုံလေးကို သဘောကျတယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။ တင်ဇာမော်ဟာ လူတစ်ယောက်ကို နားဝင်အောင်ပြောတတ်တဲ့ ပါရမီလေးပါသလို အဲ့လိုပါရမီပါသူကလည်း သိပ်ရှားတယ်လို့ ရန်အောင်က ပြောခဲ့ပါတယ်။

"ဒိုင်တွေနဲ့ ပတ်သက်ပြီး ပြောရရင် မတင်ဇာက သူက စကးအရမ်း ပြောတတ်တယ်။ အချင်းချင်းပြောတဲ့အခါမှာလည်း သူသိပ်ပြော တတ်တယ်။ တစ်ယောက်ယောက်ကို နားလည်အောင် ပြောတတ်တယ်။ဒါလည်း ပါရမီပဲ လူတစ်ယောက်ကို နားဝင်အောင် ပြောတတ်တယ် ဆိုတာ နည်းတဲ့ပါရမီမဟုတ်ဘူးလေ။ ကျွန်တော်တို့တောင်မှ သူ့ကိုကြည့်ပြီး တော့ အော်ဒါက စာတော်တော်ဖတ်တဲ့လူမှ ပြောတတ်တာ စာဖတ်တဲ့အတွေ့အကြုံနဲ့ စကားသူံုးကြွယ်ဝမှုနဲ့က သိပ်ပြောတတ်တာ" လို့ ရန်အောင်က မတင်ဇာမော်ကို ချီးကျူးခဲ့တာပါ။

 

ရန်အောင်ဟာ Myanmar Idol မှာဒိုင်အဖြစ် Season 3 မှ စတင်ပါဝင်ခဲ့တာ ဖြစ်ပြပါတယ်။ သရုပ်ဆောင်အကယ်ဒမီရန်အောင်ကတော့ သရုပ်ဆောင် ဘက်မှာလည်း အရည်အချင်းပြည့်ဝပြီး အကယ်ဒမီဆုတွေလည်း အများကြီး ပိုင်ဆိုင်ထားတဲ့ ဝါရင့်အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။သူ့အနေနဲ့ ဂီတဘက်မှာလည်း အောင်မြင်မှုတွေရရှိထားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။

Share

Loading Next Article...
က္က