AD
AD
AD

အွန်လိုင်းပေါ်မှာ ပျံ့ခဲ့တဲ့ ဇာတိမြေရုပ်ရှင်ဇာတ်ကားအတွက် ဒါရိုက်တာကြည်ဖြူသျှင်က ဝမ်းလည်းဝမ်းနည်းသလို ဂျပန်လူမျိုး တွေ အပေါ် ရှက်လည်းရှက်မိပါတယ်တဲ့။ ဒီကိစ္စဟာ အနုပညာလောက ပျက်စီးရုံသာ မဟုတ်ပဲ နိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး လမ်းကြောင်းတွေကိုပါ ပျက်စီး စေနိုင်တယ်လို့ ဆိုပါတယ်။

play

 

လက်ရှိအွန်လိုင်းပေါ်မှာ ပျံ့နေတဲ့ ဇာတိမြေရုပ်ရှင်ဇာတ်ကားကို ဝင်ရောက်ကြည့်ရှုသူတွေ၊ Sharing လုပ်တဲ့ သူတွေ သိစေဖို့ ဒါရိုက်တာ ကြည်ဖြူသျှင်  က မီဒီယာတွေကနေ အခုလို တုံ့ပြန်ပြောပြလိုက်ပါပြီ။ ဒီလုပ်ရပ်ဟာ အနုပညာတစ်ခုတည်းမဟုတ်ပဲ နိုင်ငံရဲ့ ပုံရိပ်ကိုပါ ထိခိုက် နိုင်ကြောင်းပြောပါတယ်။

" အနုပညာဆိုတာ အနုပညာတစ်ခုတည်းမဟုတ်ဘူး၊ တိုင်းပြည်ရဲ့ Image လည်းဖြစ်တယ်၊ နိုင်ငံရဲ့ ပုံရိပ်တစ်ခုလည်းဖြစ်တယ်၊ နောက်ဆက် တွဲဆိုရင် စီးပွားရေး၊ လူမှုရေးတွေမှာလည်း အနုပညာနဲ့ပတ်သက်ပြီး ထိခိုက်နိုင်တယ်။ ရုပ်ရှင်လောက ပျက်တာဟာ နိုင်ငံတစ်ခုလုံးရဲ့ စီးပွား ရေး အတွက် လမ်းကြောင်းတွေ ပျက်သွားတာပါပဲ''လို့ ဆိုပါတယ်။

play

 

ဇာတိမြေရုပ်ရှင်ဇာတ်ကားကို ဇူလိုင်လ ၂၇ ရက်နေ့က စပြီး ရုံတင်ပြသတာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဂျပန်-မြန်မာ ချစ်ကြည်ရေး အထိမ်း အမှတ် တစ်ခုအဖြစ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ ဇာတ်ကားရုံမတင်ခင် အွန်လိုင်းပေါ်မှာ ပျံ့နှံခဲ့တာဖြစ်တဲ့အတွက် ဇာတ်ကား ကောင်း ဖန်တီးချင်ကြတဲ့ အနုပညာရှင်တွေအတွက်တော့ မျှော်လင့်ချက်တွေ ပိုနည်းလာနိုင်တယ်လို့လည်း ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပြခဲ့ပါ သေးတယ်။

 

ဒီဇာတ်ကားဟာ အွန်လိုင်းပေါ်ကနေတဆင့် ပျံ့နှံခဲ့တာကြောင့် စစ်ဆေးမှုတွေ ပြုလုပ်တဲ့အခါ ဂျပန်နိုင်ငံမှာနေတဲ့ မြန်မာလူမျိုးကနေတဆင့် စပြီးတင်ခဲ့တာဖြစ်တဲ့အတွက် အရှက်ရစရာ တစ်ခုဖြစ်တဲ့အကြောင်းကိုလည်း ဇူလိုင်လ ၂၅ ရက်နေ့ညက ဇာတိမြေအထူးပြသပွဲကို တက်ရောက်လာတဲ့ ဒါရိုက်တာကြည်ဖြူသျှင်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာပါ။

'' ဒီဇာတ်ကားထဲမှာ ငါတို့မြန်မာလူမျိုးတွေက နိုင်ငံကိုချစ်ပါတယ်၊ အချိန်တန်ရင် ကိုယ့်နိုင်ငံကို ပြန်မှာပါ ဆိုပြီးတော့ ကြီးကြီးကျယ်ကျယ်တွေ ဇာတ်ကားထဲမှာပြောထားပြီးတော့ တကယ့်တကယ်ကျတော့ ဇာတ်ကားတစ်ကားလေးကိုတောင် နားမလည်ပဲ လုပ်ပါလားဆိုပြီးတော့ ဂျပန်လူမျိုးတွေပါးစပ်က ထုတ်မပြောပေမယ့် ကိုယ်တွေကတော့ သူတို့ကိုမြင်တိုင်းရှက်တယ်' လို့ဆိုပါတယ်။

play

 

ဒါရိုက်တာကြည်ဖြူသျှင်က ဇာတိမြေဇာတ်ကားဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့ခဲ့တာကြောင့် စိတ်ဓာတ်ကျစရာတွေရှိခဲ့ပေမယ့် အွန်လိုင်းပေါ်ကနေ လာရောက်အားပေးကြတဲ့ ပရိသတ်တွေရှိလို့ ဝမ်းသာခဲ့ရပြန်တယ်လို့ ဆိုပါတယ်။ ဇာတိမြေဇာတ်ကားထဲမှာ အောင်ရဲလင်း၊ မိုရီဆာကီဝင်း၊ ရန်အောင် နဲ့ ဝတ်မှုန်ရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD