AD
AD
AD

ဝိုင်းလေး သေဆုံးပြီဆိုတဲ့ သတင်းကြောင့် ခင်ဝင့်ဝါတစ်ယောက် အရမ်းတွေ စိတ်ပူခဲ့ရပါတယ်တဲ့။ တကယ်မဟုတ်မှန်း သိလိုက်ရ ချိန်မှာလည်း ဝိုင်းလေးကို သတ်ချင်စိတ်တောင် ဖြစ်ခဲ့ရတယ်လို့ ပြောပါတယ်။ ဒီလို သတင်းတွေဖြစ်လာခဲ့တဲ့ ဝိုင်းလေးကလည်း သူငယ်ချင်းတွေကို ၁ နာရီသာ စနောက်ခဲ့တာပါလို့ဆိုပါတယ်။

play

 

မကြာခင်က ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ အဆိုတော် ဝိုင်းလေး သေဆုံးသွားပြီဆိုတဲ့ သတင်းက ပျံ့နှံသွားခဲ့ပြီး သူ့ရဲ့ အပေါင်းအသင်းတွေ ကြားမှာလည်း တကယ်ကို ထိတ်လန့် စရာဖြစ်ခဲ့ပါတယ်။ ဝိုင်းလေးကြောင့် သရုပ်ဆောင် ခင်ဝင့်ဝါ တစ်ယောက် အရမ်းကို လန့် သွားခဲ့ရတယ်လို့ Duwun Media ကနေပြောပြလာပါတယ်။

'' ညီမနိုးလာတော့ ဖေ့စ်ဘွတ်ပေါ်မှာ  ဝိုင်းလေးရဲ့ မိတ်ကပ်ဆရာ  လီလီက တင်ထားတော့ တကယ်ကြီးလားပေါ့။ ဖုန်းဆက်တာလည်း မကိုင်ဘူးတဲ့။ အဲ့ဒါနဲ့ ညီမလည်း ဝိုင်းလေးဆီ ဖုန်းဆက် တော့ မကိုင်ဘူး၊ ဝိုင်းလေး အမေဆီဖုန်းဆက်တော့လည်း မအားဘူးဆိုတော့ အရမ်းကို စိတ်ပူသွားတယ်။ သူငယ်ချင်းတွေ ဆီလည်း ဖုန်းဆက်ပြီး သတင်းသွားမေးကြဖို့တောင် စီစဉ်ထားတာ'' လို့ သူကဆိုပါတယ်။

play

 

သတင်းအမှန်မဟုတ်မှန်း သိလိုက်ရချိန်မှာတော့ ဝိုင်းလေးကို သတ်ချင်စိတ်တောင်ဖြစ်တယ်လို့ ခင်ဝင့်ဝါက ပြောပါတယ်။ ဝိုင်းလေး သေဆုံးသွားပြီဆိုတဲ့ သတင်းကို ကြားလိုက်ရချိန်မှာလည်း အရူးတစ်ယောက်လို ဖြစ်ခဲ့ရတဲ့ အကြောင်းကိုလည်း ဇူလိုင်လ ၂၈ ရက်နေ့  ညနေက Revlon ပွဲကို အတူတူတက်ရောက်ရင်း အင်တာဗျူးဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' သတ်ချင်တာ သိလား၊ သူက အေးအေးဆေးဆေးပဲ ငါ အခုမှ နိုးတာတဲ့။  ကိုယ်က နိုးပြီးတော့ ကယောင်ကတမ်းတွေ ဖြစ်နေချိန်မှာ သူကတော့ မနက်စာတွေ စားပြီးနေပြီ သူ မသိသလိုပဲ။ ဘာတွေ ဖြစ်နေကြတာလဲပေါ့ ကိုယ်တွေကတော့ ရောက်ယက်တွေ ခတ်နေတာပဲ ကိုယ့်မှာ အရူးကြီးလိုပဲ'' လို့ သူကဆိုပါတယ်။

 

အဆိုတော် ဝိုင်းလေးကလည်း ဒဏ်ရာမိုး ဆိုတဲ့ သီချင်း MTV ထဲက ဇာတ်ဝင်ခန်းပုံ တစ်ခုကို သူငယ်ချင်းတွေ အပေါ် စနောက်ချင်တဲ့ စိတ်နဲ့ အွန်လိုင်းပေါ် တင်ခဲ့တာပါတဲ့။ ဒီလိုဖြစ်နေတဲ့ အချိန်မှာလည်း ဘယ်သူတွေက ကိုယ့်ကိုယ် ဘယ်လောက်ထိ စိတ်ပူတယ်ဆိုတာလည်း သိရပြီ ဆိုတဲ့အကြောင်း ပြောပြခဲ့ပါသေးတယ်။

'' အဲ့ဒါ ဝိုင်းလေး စချင်လို့ သူငယ်ချင်းတွေကို နောက်လိုက်တာပေါ့။ ဒဏ်ရာမိုး ဆိုတဲ့ သီချင်း MTV ထဲက ဇာတ်ဝင်ခန်းလေး တစ်ခုပါပဲ။ ဒါပေမယ့် စချင်တဲ့ စိတ်နဲ့ တစ်နာရီလောက်ပဲ တင်လိုက်တာ ခင်ဝင့်ဝါဆိုရင် အရမ်းရောက်ယက်ခတ် သွားတာ အိမ်လာမယ် ဆိုပြီး အရမ်း စိတ်ပူသွားတာ အဲ့ဒါနဲ့ အားလည်း အားနာတော့ ခဏအတွင်းမှာ ပြန်ပြောလိုက်တာပါ'' လို့ ဝိုင်းလေးက ပြောပါတယ်။

play

 

Miss Myanmar World 2014 ဝိုင်းလေးနဲ့ Miss Supranational Myanmar 2013 ခင်ဝင့်ဝါတို့ဟာ အလှမယ်ဖြစ်ရုံသာ မက အနုပညာ လမ်းကြောင်းပေါ်မှာ အတူတူ လျှောက်လှမ်း နေကြသူတွေလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အရင်တုန်းကထက်ပိုပြီး နွေးထွေးတဲ့ ဆက်ဆံရေးမျိုး တိုင်ပင်ဖော် တိုင်ပင်ဖက် ကောင်းအဖြစ်နဲ့လည်း ခင်မင်လျှက်ရှိတယ်လို့ ဆိုပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD