ပရိသတ်အားပေးမှုကြောင့် အခုချိန်အထိ ခံနိုင်ရည်ရှိနေတာလို့ ဆိုပါတယ်။

ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ တရားစွဲဆိုခဲ့ထားရတဲ့ အဆိုတော်အစ္စဏီကို ဒီနေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ တာမွေတရားရုံးတွင် ၁၁ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ နေမကောင်းတဲ့ ပုံစံဖြစ်နေတဲ့ အစ္စဏီဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ ပရိသတ်ကို သူပြောချင်တဲ့ စကားတွေကို ပြောပြခဲ့တာ ဖြစ်ပါတယ်။



 

ရည်းစားဟောင်းကို အဓမ္မကျင့်နှိပ်စက်မှုနဲ့ စွပ်စွဲ တရားစွဲဆိုခံထားရတဲ့ အဆိုတော် အစ္စဏီဟာ ဒီနေ့ ဇူလိုင်လ ၃၀ ရက်နေ့မှာ ၁၁ ကြိမ်မြောက် ရုံးချိန်းကို တက်ရောက်ခဲ့ရပါတယ်။  အချုပ်ကားထဲက လက်ထိတ်တန်းလန်းနဲ့ ကားပေါ်ကဆင်းကတည်းက မျက်လုံးကို စုံမှိတ်ထားတဲ့ အစ္စဏီရဲ့ နားထင်မှာလည်း ခေါင်းကပ်ပလာစတာ ကပ်ထားပါတယ်။

သူ ကျန်းမာရေးမကောင်းကြောင်း၊ ခေါင်းမူးခေါင်းကိုက်လောက်ဖြစ်တာဖြစ်ကြောင်း သတင်းမေးမြန်းလာတဲ့ Duwun Media ကို အစ္စဏီက ဖြေကြားခဲ့ပါတယ်။ ဒါ့အပြင် ပရိသတ်တွေကို သတိရတယ်၊ အပြင်က သတင်းတွေကိုလည်း ပြန်ကြားရပါတယ်လို့ အစ္စဏီက ပြောပြခဲ့ပါတယ်။ အနည်းငယ် ပိန်သွယ်သွားပြီး နုံးချိချိဖြစ်နေတဲ့ အစ္စဏီက ပရိသတ်တွေအားပေးမှုကြောင့် ဒီလောက်အထိ ခံနိုင်ရည်ရှိတာလို့လည်း  ဆိုပါတယ်။

 

ရုံးပြောင်းစစ်ဆေးဖို့  လျှောက်ထားတဲ့ တရားလို စူးရှထက်က ဒီနေ့ ရုံးချိန်းကို တက်ရောက်လာခြင်းမရှိပါဘူး။ ရုံးပြောင်းစစ်ဆေးဖို့ လျှောက်ထားမှုကို လက်ခံမခံကို  ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှာ သြဂုတ်လ ၃ ရက်နေ့ကျရင် အမိန့်ချမှတ်မယ်လို့ သိရပါတယ်။

ဧပြီလ ၁၂ ရက်နေ့က အဆိုတော်အစ္စဏီက ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ကိုယ်လက် အဂါၤတွေကိုလည်း နာကျင်အောင် ရိုက်နှက်ခဲ့တာတွေ ပြုလုပ်ခဲ့လို့ မော်ဒယ်စူးရှထက်က အမှုဖွင့် တိုင်ကြားထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဆိုတော်အစ္စဏီကို တာမွေမြို့မရဲစခန်းကနေ (ပ) ၃၆၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၃၂၅/၃၂၄ (မုဒိမ်းမှု၊ တုံးသော လက်နက်ဖြင့် ပြင်းထန်နာကျင်စေမှု၊ ချွန်သောလက်နက်ဖြင့် သာမန်နာကျင်စေမှုတိုနဲ့ အမှုဖွင့်အရေးယူခဲ့ပြီး မေလ ၁၀ ရက်နေ့မှာ တရားစွဲဆိုထားတာ ဖြစ်ပါတယ်


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က