နာမည်ချင်းဆင်တူပေမယ့် နာမည်မပြောင်းပါဘူး။

မျိုးကိုကိုစန်းနဲ့ မောင်နှမလားလို့ အမြဲတမ်း အမေးခံနေရတဲ့အကြောင်းကို မျိုးကိုကိုကျော်က ပြောပြလာပါ တယ်။ မျိုးကိုကိုစန်း နဲ့က အနုပညာ မောင်နှမတွေဖြစ်လို့ သိကြတယ်ဆိုပေမယ့် အရမ်းမရင်းနှီးပါဘူးတဲ့။ နာမည်ဆင်တူဖြစ်နေလို့လည်း နာမည် ပြောင်းပြီး အနုပညာအလုပ်ဆက် လုပ်ဖို့ အစီအစဉ်မရှိပါဘူးတဲ့။

Photo: MKKK fb, MKKS fb

 

မိန်းကလေးပရိသတ်အားပေးတဲ့ မော်ဒယ်ချောချောလေးတွေထဲက တစ်ဦးဖြစ်တဲ့ မျိုးကိုကိုကျော်ဟာ ယောကျ်ားလေးပရိသတ်တွေရဲ့ အသဲစွဲ တစ်ဦးဖြစ်တဲ့ မျိုးကိုကိုစန်းနဲ့ နာမည်ချင်းဆင်တူနေတဲ့ အမှတ်တရတွေကို ဇူလိုင်လ ၂၄ ရက်နေ့ညက Huawei (New nova is Coming) မိတ်ဆက်ပွဲက Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

'' မျိုးကိုကိုကျော် ဆိုပြီးတော့ ဘယ် Page ကပဲ တင်လိုက်တင်လိုက် မျိုးကိုကိုစန်းနဲ့ ဘာတော်တာလဲ၊ မောင်နှမလား ဆိုပြီး ပြောကြတာတော့ ခံရတာပေါ့နော်။ ဒါကို ဘယ်လိုပြောချင်တာလဲဆိုတော့ မျိုးကိုကိုစန်းပဲ ဖြစ်ဖြစ် မျိုးကိုကိုကျော်ပဲ ဖြစ်ဖြစ် နှစ်ယောက်စလုံးကို အားပေးပါလို့ ပြောချင်ပါတယ်'' လို့ ဆိုပါတယ်။

Photo: Myo Ko Ko Kyaw San Facebook

 

မျိုးကိုကိုစန်းနဲ့ မျိုးကိုကိုကျော် တို့ဟာ အပြင်မှာလည်း တစ်ယောက်နဲ့တစ်ယောက် သိကြပါတယ်တဲ့။ အရမ်းရင်းနှီးကြတဲ့ မိတ်ဆွေတွေတော့ မဟုတ်ပါဘူးလို့ မျိုးကိုကိုကျော်က ပြောပါတယ်။ ဒါပေမယ့် သူနဲ့ မျိုးကိုကိုစန်း တို့ကြားမှာတော့ နာမည် ခပ်ဆင်ဆင် ဖြစ်တာကတော့ အမှတ် တရပဲလို့ ပြောပါတယ်။

'' သူငယ်ချင်းတွေကို ကျွန်တော်နာမည်ပြောလိုက်ရင် မျိုးကိုကိုကျော်လို့ပြောရင်၊ မင်းက မျိုးကိုကိုစန်းနဲ့ ဘာတော်လဲပေါ့။ တစ်ခါတလေကျရင် ကျွန်တော့် နာမည်က မျိုးကိုကိုကျော်ဆိုတော့ နည်းနည်းခေါ်ရခက်တယ်၊ ထောက်လည်းထောက်တယ်။ တစ်ခါတလေ မျိုးကိုကိုစန်း လို့ပဲ ခေါ်ကြတယ်။ မျိုးမမစန်း ဆိုပြီးတော့လည်း လျှောက်ခေါ်ကြတာတွေရှိတယ်'' လို့ သူကဆိုပါတယ်။

Photo: Myo Ko Ko Kyaw San Facebook

မိန်းကလေးနဲ့မတူလို့ စိတ်ဓာတ်ကျခဲ့ရဖူးတဲ့ မျိုးကိုကိုစန်း 

မျိုးကိုကိုကျော်ဟာ ရှမ်းပြည်နယ် မြောက်ပိုင်းက တိုင်းရင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။ မိခင်က ပလောင်လူမျိုးဖြစ်ပြီး ဖခင်ကတော့ ဗမာလူမျိုးပါတဲ့။ အနုပညာအလုပ်စလုပ်တော့မှသာ ရန်ကုန် ရောက်ရှိလာတာဖြစ်ပြီး မျိုးကိုကိုကျော် ဆိုတဲ့ နာမည်အရင်းနဲ့ပဲ အနုပညာ အလုပ်တွေ လုပ်နေတယ်လို့ ဆိုပါတယ်။

'' နာမည်ကတော့ မပြောင်းပါဘူး၊ အနုပညာအလုပ်ကိုလည်း ကျွန်တော့်နာမည်အရင်းနဲ့ပဲ လုပ်တာဆိုတော့ နာမည်ပြောင်းဖို့ အစီအစဉ် ကတော့ မရှိပါဘူး။ နာမည်ဆင်တူတာကလည်း ကျော် နဲ့ စန်း တော့ ကွာသွားတာဆိုတော့ ဒီနာမည်နဲ့ပဲ အနုပညာအလုပ်တွေ ဆက်လုပ်ဖို့ ဆုံးဖြတ်ထားပါတယ်'' လို့ သူကပြောပါတယ်။

Photo: Myo Ko Ko Kyaw San Facebook

 

မျိုးကိုကိုကျော်ဟာ Stars & Model Agency ကနေ မွေးထုတ်လိုက်တဲ့ မော်ဒယ်လ်တစ်ယောက်ဖြစ်ပါတယ်။  သူ့ကိုတော့ တီဗီကြော်ငြာတွေ ကနေတဆင့်ပရိသတ်အားပေးမှုရရှိခဲ့တာဖြစ်ပါတယ်။ ဖက်ရှင်ကျကျရိုက်ကူးထားတဲ့ အလှဓာတ်ပုံတွေကနေ တဆင့် မိန်းကလေး ပရိသတ် တွေရဲ့ အသည်းကို ကိုင်လှုပ်နိုင်ခဲ့သူပါ။ သူဟာ အခုနောက်ပိုင်းမှာတော့ ရုပ်သံဇာတ်လမ်းတိုတွေမှာလည်း ပါဝင်သရုပ်ဆောင်နေရပါပြီ။

 

Share

Loading Next Article...
က္က