သူက ကလေးစိတ်မကုန်သေးဘူး။

မိုရီဆာကီဝင်းကို အိမ်ထောင်ရေးမစဉ်းစားစေချင်သေးဘူးလို့ အဘွားဖြစ်သူ ဒေါ်ခင်ခင်ထွေးက ပြောပါတယ်။ အဝင်း ၁၀ နှစ် အရွယ် ထိအတူတူနေခွင့်ရခဲ့ပေမယ့် အနေဝေးသွားလည်း ရင်ထဲမှာ အဘွားရှိနေပေးတာကြောင့် ဝမ်းသာအံ့သြ ဖြစ်ရတယ်လို့ ဆိုပါတယ်။ မိုရီဆာကီဝင်း ကို ငယ်ငယ်လေးကတည်းက အခုချိန်ထိ လိမ္မာရေးခြားရှိအောင် ဆုံးမဖြစ်တယ် လို့ပြောပါတယ်။


Photo: K K W, WMK fb

 

မိန်းကလေးပရိသတ်တွေရဲ့ အချစ်တော် မိုရီဆာကီဝင်းရဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အဘွားဖြစ်တဲ့ ဒေါ်ခင်ခင်ထွေးက အခုလိုဖွင့်ပြော လာပါတယ်။ အနုပညာအလုပ်နဲ့ အောင်မြင်လျှက်ရှိတဲ့ မြေးလေး အဝင်းကို အိမ်ထောင်ရေးအကြောင်း မစဉ်းစားစေချင်ပါဘူးတဲ့။ အဝင်းရဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ပြီးမှသာ အိမ်ထောင်ရေးကို စဉ်းစားစေချင်တဲ့အကြောင်း Duwun Media ကို ဖြေဆိုထားတာပါ။

'' အဝင်းကလည်း အဘွားရယ် သူ့အတွက်ဘာမှ မပူပါနဲ့တဲ့။ အဘွားသာ နေကောင်းအောင်နေပေးပါတဲ့။ အောင်မြင်အောင်ကြိုးစားနေပါတယ် ဆိုပြီးတော့ အမြဲပြောတယ်။ သူကအခုဆိုရင် အသက် ၂၈ နှစ်ပြည့် တော့မယ် ဒါပေမယ့် သူက ကလေးစိတ်၊ ဆော့မယ်၊ ပြောင်မယ် နောက် မယ်။ အမြဲတမ်းပျော်ပျော်နေနေတာ သူမှိုင်တာ၊ ငိုင်တာတွေ တစ်ခါမှ မတွေ့ဖူးဘူး'' လို့ ပြောပါတယ်။

Photo: K K W, WMK fb

 

မိုရီဆာကီဝင်းဟာ အဘွားဖြစ်သူနဲ့ အတူ အသက် ၁၀ နှစ်အထိ အတူတူနေထိုင်ခဲ့တယ်လို့ဆိုပါတယ်။ မြေးဖြစ်တဲ့ အဝင်းကိုတော့ ဘုရား၊ တရား မမေ့ဖို့ ဘာအလုပ်ပဲလုပ်လုပ် စေတနာထားပြီး လေးလေးနက်နက် အလုပ်လုပ်သင့်တဲ့အကြောင်းတွေကို အဝင်းငယ်ငယ်က သင်ကြား ပေးခဲ့တဲ့အကြောင်း ဇူလိုင်၂၅ ရက်နေ့က ဇာတိမြေရုပ်ရှင်အထူးပြပွဲကိုတက်ရောက်ရင်း Duwun Media အင်တာဗျုးမှာ ဖြေဆိုခဲ့ပါတယ်။

'' ငါ့မြေးလေးက ငါ့ကို အဝေးရောက်သွားတာတောင်မှ အမြဲတမ်း သူ့ရင်ထဲမှာ အဘွားပဲရှိတယ်ဆိုတာကို သိရတော့ ဝမ်းလည်းသာတယ်၊ အံ့ လည်း အံ့သြပါတယ်။ ဒါကြောင့်မို့လို့ သူ့အတွက် ဘုရားမှာ နေ့တိုင်းဆုတောင်းတယ်၊ အဘွားအသက် ၈၀ ရှိပြီ သူလုပ်တာတွေကို မြင်ချင်တာ နဲ့ ကျန်းမာအောင်နေတယ်'' လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

ကမ္ဘာက မြန်မာကို သိအောင်လုပ်ဖို့ အနုပညာနဲ့ ကြိုးစားမယ့် မိုရီဆာကီဝင်း 

အဝင်းက မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ဂျပန်နိုင်ငံမှာ  ကြီးပြင်းလာတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ အဲ့ဒီနောက် ဂျပန်နိုင်ငံမှာပဲ PrizmaX ဆိုတဲ့ Boys Band နဲ့ အတူ အနုပညာအလုပ်တွေလုပ်နေတာပါ။  အဝင်းပါဝင်တဲ့ PrizmaX ဂီတအဖွဲ့ကလည်း ဂျပန်နိုင်ငံမှာ လူငယ်အကြိုက် အောင်မြင်လျှက်ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။

Photo: K K W, WMK fb

 

ဂျပန်နိုင်ငံရဲ့ အနုပညာလောကမှာ PrizmaX ဆိုတဲ့ ဂျပန်ဂီတအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအနေနဲ့ အောင်မြင်လျှက်ရှိတဲ့ မိုရီဆာကီဝင်းဟာ အနုပညာအလုပ်တွေကို ဘယ်နိုင်ငံကပဲ ကမ်းလှမ်း ကမ်းလှမ်း သူ့အတွက် အခွင့်အရေးရှိမယ့် အရာတွေဆိုရင်တော့ လက်တွဲဖို့ အသင့်ပါပဲလို့ ဆိုပါတယ်။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က