နယ်ဖျော်ဖြေပွဲတွေဆိုရတဲ့ ငွေနဲ့ကားတစ်စီးတော့ ဝယ်ခဲ့မိတယ်။

ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်ယွန်းရွှေရည်က ဗီဒီယိုဈေးကွက်ပျက်ပြီးတဲ့နောက်မှ တစ်လကို ရုပ်ရှင်တစ်ကားပဲ ရိုက်ကူးနေရ တာ ဖြစ်တဲ့ အတွက် ဝင်ငွေလျှော့နည်းသွားလို့ ကိုယ်ပိုင်စီးပွားရေးတောင် မလုပ်နိုင်ပါဘူးတဲ့။ နယ်မှာရှိတဲ့ ဖျော်ဖြေပွဲတွေကနေ သီချင်းဆိုလို့ ရလာတဲ့ အနုပညာကြေးနဲ့ပဲ သုံးစွဲနေရတာပါတဲ့။

 

ရုပ်ရှင်ဇာတ်ကားတော်တော်များများမှာ သိပ်မတွေ့ရတော့တဲ့ ယွန်းရွှေရည်က ငွေကြေးအရင်းအနှီးမရှိလို့ ကိုယ်ပိုင်စီးပွားရေးမလုပ်နိုင်သေး ဘူးလို့ပြောပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နည်းသွားတဲ့ အချိန်မှာလည်း ဝင်ငွေက လျှော့နည်းခဲ့တယ်လို့ သြဂုတ်လ ၂ ရက်နေ့ညက က္ကုတ္ထိယရုပ်ရှင်အထူးပြသပွဲက မီဒီယာတွေကို ပြောပြလာပါတယ်။

'' ကိုယ်ပိုင်စီးပွားရေးကတော့ လုပ်ချင်တာပေါ့၊ အလုပ်တစ်ခုလုပ်တယ်ဆိုတာ အရင်းအနှီးမတည်နိုင်မှ အဆင်ပြေတာလေ။ ဇာတ်ကားရိုက်ကူး မှုနည်းသွားတော့လည်း ဝင်ငွေနည်းသွားတာပေါ့။ အရင်တုန်းကဆို ညီမက မနှမြောတတ်ဘူး။ လက်လည်းဖွာတယ် တအားပဲ။ အရင်တုန်းက ဆိုရင် အဖေလည်းရှိသေးတော့ အဖေ့ကိုလည်းထောက်ပံ့နိုင်တယ်'' လို့ သူကဆိုပါတယ်။

Photo:Yoon Su facebook


ရုပ်ရှင်ဇာတ်ကားကြီးတွေရိုက်ရတာ နည်းသွားတဲ့ ယွန်းရွှေရည်က ဗီဒီယိုဇာတ်ကားတွေ ဆက်မပြတ်ရိုက်ကူးနေရချိန်တုန်းက အသုံးအစွဲကြီး ခဲ့ဖူးတယ်လို့ ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ ဝင်ငွေနည်းသွားချိန်မှာတော့ ခြွေခြွေတာတာ သုံးစွဲတတ်လာပြီလို့ ယွန်းရွှေရည်က ပြောပါတယ်။

'' အဆင်ပြေတုန်းကဆိုရင် အဖေ့ကိုရော၊ တူမလေးတွေကိုရော၊ ကိုယ့်အစ်မတွေကိုရော ထောက်ပံ့ပေးနိုင်တယ်။ အခုနောက်ပိုင်း ကားရိုက် နည်းလာတဲ့အခါကျတော့ ဘာလေးပဲဖြစ်ဖြစ် ဝယ်လိုက်ရမှကို ကျေနပ်တာ။ အခုတော့ ခြွေတာတတ်လာပြီ ကိုယ်အရမ်းကြိုက်တယ်ဆိုရင် တောင်မှ ငါ့အတွက်မလိုသေးပါဘူးလေဆိုပြီးတော့ ထားလိုက်တယ်'' လို့ ဆိုပါတယ်။

ဟာသဇာတ်ကားလည်း အနုပညာအလုပ်ပါပဲလို့ ဆိုတဲ့ ယွန်းရွှေရည် 

Photo:Yoon Su facebook


ဗီဒီယိုဈေးကွက်ပျက်စီးသွားတဲ့နောက်မှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို တစ်လမှာ တစ်ကားပဲ ရိုက်ခွင့်ရတော့တယ်လို့ ယွန်းရွှေရည်က ပြောပါတယ်။ ဇာတ်ကား ရိုက်ကူးမှုတွေထက် နယ်ဖျော်ဖြေရေးသွားရတဲ့ အနုပညာကြေးတွေကြောင့် အဆင်ပြေပြေနေနိုင်တဲ့အကြောင်း ကိုလည်းပြောပြ ခဲ့ပါသေးတယ်။

'' ရုပ်ရှင်တွေကိုလည်း ဗီဒီယိုမရှိကတည်းကဆိုတော့ တစ်လမှ တစ်ကားပဲရိုက်ရတာလေ။ ရတဲ့ဝင်ငွေကလည်း ကိုယ်ပါဝင်ရတဲ့ကာရိုက်တာ နဲ့ အနုပညာကြေးရတာက ဝတ်ရစားရဖို့ ဝယ်ရခြမ်းရတာနဲ့ ဘယ်လောက်မှ မကာမိဘူး။ နယ်မှာ သီချင်းဆိုရတဲ့ပိုက်ဆံနဲ့ပဲ ကားဝယ်နိုင်တယ်။ ဒါကလည်း ညီမအတွက်လိုအပ်လို့ သုံးရတဲ့ ပိုက်ဆံပေါ့နော်'' လို့ သူကဆိုပါတယ်။

 

ယွန်းရွှေရည်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ဇာတ်ပို့ဇာတ်ရံသရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုကို ရရှိလာတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူ့အနေနဲ့ တစ်လကို ရုပ်ရှင်ဇာတ်ကားကြီး တစ်ကားသာရိုက်ကူးနေတာဖြစ်တယ်လို့ သူကပြောပါတယ်။

 

Share

Loading Next Article...
က္က