ရေကြီးတဲ့နေရာတွေမှာ ဆက်တိုက် လုပ်အားပေးဖြစ်နေတာတွေ့ရပါတယ်။

ပရဟိတမင်းသားလေးလို့ ပရိသတ်များက တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ သရုပ်ဆောင် ထွန်းကိုကိုဟာ လက်ရှိမှာ ရေဘေးသင့် ပြည် သူတွေအ တွက် တက်နိုင်တဲ့ဘက်ကနေ ကူညီမှုတွေ ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ပရဟိတအလုပ်ကို လုပ်ရင်းလုပ် ရင်းနဲ့ ဆွဲလာတယ်လို့ ပြောရမှာပဲလို့ သူက ဆိုပါတယ်။

 

ပရဟိတမင်းသားလေးလို့ ပရိသတ်များက တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ သရုပ်ဆောင် ထွန်းကိုကိုဟာ လက်ရှိမှာ ရေဘေးသင့်ပြည် သူတွေအ တွက် တက်နိုင်တဲ့ဘက်ကနေ ကူညီမှုတွေ ဆောင်ရွက်နေတာ တွေ့ရပါတယ်။ ပဲခူးသားလေးဖြစ်တဲ့ ထွန်းကိုကိုဟာ ပဲခူးတိုင်းဒေ သကြီးဘက် မှာ ရေကြီးနေတဲ့ ကျေးရွာတွေကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ပြီး လှူဒါန်းလျက်ရှိပါတယ်။

သူ့ဆီကို ဆက်သွယ်လာတဲ့ အလှူရှင်များ ကိုလည်း သူကိုယ်တိုင်ဦးစီးပြီး ရေဘေးသင့် ပြည်သူတွေဆီသို့ လိုက်လံပို့ဆောင်ပြီး ကူညီပေးနေ တာပါ။ သြဂုတ်လ(၄) ရက်နေ့ကလည်း မိုးစက်ဝိုင် ဦးဆောင်တဲ့ Myanmar's Heart ပရဟိတအဖွဲ့နဲ့အတူ ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်ရှိ ရေကြီးနေတဲ့ ကျေးရွာတွေကို လှူဒါန်းဖို့အတွက် သူကိုယ်တိုင် လိုက်လံပို့ဆောင် ကူညီပေးခဲ့ပါသေးတယ်။

 

ပရဟိတအလုပ်တွေကို လုပ်ရင်းလုပ်ရင်းနဲ့ အခုနောက်ပိုင်းမှာ ပိုပိုလုပ်ဖြစ်လာတာနဲ့ ပတ်သက်ပြီးတော့လည်း သူက ယခုလို ပြောပြခဲ့ပါ သေးတယ်။

"ဒီရက်ပိုင်းမှာလည်း ကားရိုက်လေးလည်း နားထားတယ်ဆိုတော့ ပရဟိတအလုပ်တွေ ပိုလုပ်ဖြစ်နေတယ်။ အဆင်ပြေသွားတယ်လို့ ပြောရ မှာပဲ။အလုပ်လည်းနားတဲ့အချိန်ဖြစ်တယ် ဒုက္ခလည်းတစ်ကယ်ရောက်နေကြတဲ့ အချိန်မှာ လိုအပ်တာတွေလည်း ရှိနေတော့ လာပြီး ဖြည့်ဆည်း ပေးတာပါ။ ပရဟိတအလုပ်ကတော့ လုပ်ရင်းနဲ့ဆွဲလာတယ်လို့ပဲ ပြောရမှာပဲ။ အရင်တုန်းကလည်း လုပ်တယ်။ လုပ်နေရင်းနဲကို ပိုပြီးလုပ်ဖြစ် လာတယ်။"လို့ ပရဟိတအလုပ်လေးနဲ့ ပတ်သက်ပြီး Duwun Media သို့ ဖြေဆိုပေးထားတာ ဖြစ်ပါတယ်။

Photo : ထွန်းကိုကို FB

ရေကြီးတဲ့ နေရာတွေမှာ လိုအပ်တာတွေ သွားလှူခဲ့တဲ့ ဟန်တီနဲ့ ထွန်းကိုကို 

ထွန်းကိုကိုဟာ ရေဘေးကူညီမှုအပိုင်းတွေသာမက အားတဲ့အချိန်တိုင်းမှာ နာရေးကူညီမှုအသင်း(ရန်ကုန်)နဲ့အတူ ပါဝင်လှုပ်ရှားဖြစ်နေသူ လည်း ဖြစ်ပါတယ်။ ပရဟိတအလုပ်တွေ ဆက်တိုက်လုပ်နေပေမယ့်လည်း သူ့နာမည်နဲ့အဖွဲ့အစည်းဖွဲ့ပြီး ပရဟိတလုပ်ဖို့တော့ အစီအစဉ် မရှိသေးဘူးလို့ ဆိုပါတယ်။

"ကျွန်တော့်အနေနဲ့ အသင်းအဖွဲ့ဖွဲ့ပြီး လုပ်ဖို့တော့ အစီအစဉ်မရှိပါဘူး။ ဒါပေမယ့် ထွန်းကိုကိုနဲ့ ထွန်းကိုကို ကို ချစ်ကြသူများဆိုတဲ့ အဖွဲ့လေး နဲ့တော့ အလှူတွေ လုပ်ဖြစ်တယ်။ ဒါပေမယ့် အဲ့ဒီထွန်းကိုကိုနဲ့ ထွန်းကိုကိုချစ်ကြသူများ အဖွဲ့ဆိုပြီး ခေါင်းစဉ်မတပ်ပါဘူး။ အဖွဲ့အစည်း တစ်ခု အနေနဲ့ လုပ်တဲ့ပရဟိတမဟုတ်ပါဘူး။ ကျွန်တော့် Fans နဲ့ တက်နိုင်သလောက်လေး လုပ်တဲ့ ပရဟိတလေးတစ်ခုပါ"လို့ သြဂုတ်လ(၄) ရက်နေ့က ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်မှာ ရေကြီးတဲ့ ကျေးရွာလေးတွေကို သွားလှူရင်း Duwun Media သို့ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

Photo : ထွန်းကိုကို FB

 

ရေဘေးအတွက် ကူညီရေးတွေလုပ်နေတဲ့ ထွန်းကိုကိုဟာ စက်တင်ဘာလမှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။ ထွန်းကိုကိုဟာ မော်ဒယ်ပိုင်းသာမက သရုပ်ဆောင်ပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ဦးဖြစ်သလို ပရဟိတပိုင်းမှာ လည်း နာရေးကူညီမှုအသင်းနဲ့အတူ သူ့ရဲ့ အားလပ်ချိန်တွေကို အကျိုးရှိစွာ အသုံးပြုနေသူ အနုပညာရှင် တစ်ဦး လည်း ဖြစ်ပါတယ်။

မော်ဒယ်သရုပ်ဆောင် ထွန်းကိုကိုဟာ Asia Model Festival FACE of ASIA  ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ Asia model award ကို (၂) ကြိမ်တိုင်တိုင် ရရှိခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Share

Loading Next Article...
က္က