ကလေးလေးကိုလည်း ပျက်ကျအောင်လုပ်တာတဲ့။

ပရိသတ်တွေကို အမြဲတမ်းပျော်ရွှင်အောင် လုပ်ပေးတတ်သူ ကြာစိဟာ လက်ရှိမှာ အောက်လမ်းနည်းပညာနဲ့ တိုက်ခိုက်ခြင်းခံ နေရတယ်လို့ သိရပါတယ်။ မင်္ဂလာဆောင်ကတည်းက မင်္ဂလာပွဲပျက်အောင် အောက်လမ်းနည်းတွေနဲ့ လုပ်ခဲ့သလို ကိုယ်ဝန်ရ တော့လည်း ကိုယ်ဝန်ပျက်ကျ အောင် အောက်လမ်းနည်းတွေနဲ့ လုပ်တာတွေ ခံနေရတယ်တဲ့။

Photo : ကြာစိ FB

 

ပရိသတ်တွေကို အမြဲတမ်း ပျော်ရွှင်အောင် လုပ်ပေးတတ်တဲ့လူရွှင်တော် ကြာစိကတော့ လက်ရှိမှာ စိတ်ညစ်စရာ ကိစ္စတွေနဲ့ ကြုံတွေ့နေရ ပါတယ်။ လက်ရှိမှာ သူတို့ ဇနီးမောင်နှံနှစ်ယောက်ကို အောက်လမ်းနည်းတွေနဲ့ တိုက်ခိုက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။ သူတို့နှစ် ယောက် မင်္ဂလာဆောင်ကတည်းက မင်္ဂလာပွဲ ပျက်အောင် အောက်လမ်းနည်းတွေနဲ့ စပြီးလုပ်ခဲ့တာ ဖြစ်တယ်လို့ ကြာစိက ဆိုပါတယ်။

Photo : ကြာစိ FB

 

"အခုလက်ရှိ ဇနီးက ဘာမှမစားနိုင်ဘူး စားသမျှ ပြန်အန်နေတယ်။ အားမရှိဘူး။ ဆေးသွင်းနေရတယ်။ ဒီလိုတွေဖြစ်တော့ ခံစားရတာပေ့ါ။ အသက်(၂)ချောင်းလေ။ လုပ်တာက ကျွန်တော့်ကိုလည်း လုပ်တယ်။ ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံး ကျွန်တော်ကိုလည်း အောက် လမ်းနဲ့ လုပ်ခဲ့တာ။ ဒါပေမယ့် ကျွန်တော်က ဘာမှမဖြစ်ပဲ ဇနီးကိုပဲ ထိတာ။ ဒီလိုလုပ်ဖို့ ရန်ငြိုးရန်စတော့ မရှိဘူးဒါပေမယ့်။ ကျွန်တော့်တို့ ဘက်မှာ တော်တော်လေးကို အစောင့်အရှောက်တွေ ကောင်းနေလို့ပေ့ါ"ဆိုပြီး သြဂုတ်လ(၈) ရက်နေ့က Duwun Media က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ရာ ဖြေဆိုပေးခဲ့တာ ဖြစ်ပါတယ်။

ဇနီးကိုယ်ဝန်ဆောင်နေစဉ်မှာလည်း ကိုယ်ဝန်ပျက်ကျအောင်လို့ အောက်လမ်းနည်းတွေနဲ့ လုပ်ခဲ့တယ်တဲ့။ကလေးလေးက တော်တော့်ကို ကုသိုလ်ကံကောင်းနေတဲ့အတွက် အခုထိ ခံနေတာပါလို့ ကြာစိက ဆက်လက်ပြောပြထားပါတယ်။

"ကလေးက ကျွန်တော်တို့ အတွက် အရမ်းကို အရေးကြီးတယ်။ ကံကောင်းတဲ့ ကလေးမှန်းသိလို့ ကလေးပျက်ကျအောင် ကိုလုပ်တာတွေလည်း ရှိတယ်။ ဒီကလေးက တော်တော်လေးကို ကုသိုလ်ကံကောင်းတဲ့ကလေးမို့ ဒီအချိန်ထိ ရှိနေတာ။ သေချာတာက ကျွန်တော်တို့ ဒီကလေးကို ရိုးရိုးမွေးလို့မရဘ။ ခွဲမွေးရမယ်။သူ့မှာလည်း အားမရှိလေ" ဆိုပြီး ကြာစိက စိတ်မကောင်းစွာနဲ့ ပြောပြထားပါတယ်။

Photo : ကြာစိ FB

 

သရုပ်ဆောင်ကြာစိရဲ့ ဇနီး ဆုဟန်နီဖြိုး ဟာ ကိုယ်ဝန် ၈လထဲကို ရောက်ရှိလို့နေပါပြီ။ ကြာစိရဲ့ ဇနီးဟာ (၉)လပိုင်းကျော် (၁၀) လပိုင်း အတွင်း မှာ သမီးလေး မွေးဖွားမှာ ဖြစ်တယ်လိုု့ သိရပါတယ်။

"၉ လပိုင်းကျော် ၁၀ လပိုင်းလောက်မှာ မွေးဖြစ်မယ်ထင်တယ်။ ကလေးကိုလည်း ခွဲမွေးရမယ်ပေါ့ ခွဲမွေးမယ်။ သမီးလေး မွေးမှာပါ။ မွေးပြီးရင် လည်း ဆရာဝန်က နောက်ထပ်ကိုယ်ဝန်မဆောင်ခိုင်းဘူး။ အိုဂျီဆရာဝန်က သားကြောတောင် ဖြတ်ခိုင်း ခဲ့တာ''  လို့ Duwun Media ကို ကြာစိက ဖြေဆိုခဲ့ဖူးပါတယ်။

Photo : ကြာစိ FB

 

ကြာစိတို့ ဇနီးမောင်နှံဟာ ချစ်သူသက်တမ်း(၂)နှစ်ကျော်မှာ အိမ်ထောင်ပြုခဲ့တာ ဖြစ်ပါတယ်။လွန်ခဲ့တဲ့ သုံးနှစ်ခန့်က တောင်ကြီးမြို့ ရဲ့အလှူ တစ်ခုမှာ သွားရောက်ဖျော်ဖြေရာက သူမနဲ့ ကြာစိတို့ တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။အခုဆိုရင် ကြာစိနဲ့ ဆုဟန်နီဖြိုးတို့ မှာ ရင်သွေးရ တနာလေးလွယ်ထားနေရပြီလို့ သိရပါတယ်။

5 Star အဖွဲ့ဝင် ကြာစိကတော့ ပရိသတ်အားပေးမှု ရရှိထားတဲ့ လူရွှင်တော် သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ဒီနှစ်ထဲမှာပဲ သူ့ရဲ့ ဘဝမှန် အကြောင်း ကို ရေးစပ်ထားတဲ့ သီချင်းဟာလည်း ပရိသတ်တွေကြား တော်တော်ပေါက်သွားခဲ့ပါတယ်။

Share

Loading Next Article...
က္က