ဝိတ်ပြန်ချဖို့ ပြင်ဆင်နေပါပြီ။

အနုပညာအလုပ်တွေ မကြာခဏလုပ်ဖြစ်နေတဲ့ သရုပ်ဆောင်ကောင်းခန့်က အခုဆိုရင် ခန္ဓာကိုယ် ဝဖြိုးလို့နေပါတယ်။ အစား အသောက် မလျှော့ ခဲ့တာကြောင့် ထိန်းမရအောင် ဝလာတာပါတဲ့။ သူဝိတ်ချဖို့အတွက်လည်း ဇနီးဖြစ်သူ မရူပါ က အင်တိုက် အားတိုက်ကို တိုက်တွန်းမှုတွေရှိတယ် လို့သိရပါတယ်။

 

အနုပညာအလုပ်တွေ မကြာခဏလုပ်ဖြစ်နေတဲ့ သရုပ်ဆောင်ကောင်းခန့်က အခုဆိုရင် ခန္ဓာကိုယ် ဝဖြိုးလို့နေပါတယ်။ အစားအသောက် မလျှော့ ခဲ့တာကြောင့် ထိန်းမရအောင် ဝလာတာပါတဲ့။ ဒီအတွက် ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်မှာစိုးတာကြောင့် ဝိတ်လျှော့ဖို့ အစီအစဉ် ရှိတယ်လို့ Duwun Media ကို ပြောပြလာပါတယ်။

'' ဝိတ်တတ်တာကတော့ ကျွန်တော်စားလို့ပါ။ အစားကလည်း မလျှော့ဖြစ်ဘူး အလုပ်လုပ်နေတဲ့အချိန်မှာတောင် ကျွန်တော်က အစားမလျှော့ ဘူး။ မလျှော့ဖြစ်ရင်းနဲ့ ဝ ဝလာတာ မထိန်းနိုင်တော့ဘူး။ ဝိတ်ချဖို့ အစီအစဉ်လည်းရှိပါတယ်။ ကျွန်တော့် ကျန်းမာရေးအခြေအနေအရ ဝိတ်ချ ဖို့လည်း ရှိနေတော့လေ။ ဝိတ်တက်လာတော့ ကျန်းမာရေးလည်း မကောင်းချင်ဘူးပေါ့လေ'' လို့ ဆိုပါတယ်။

Photo: Kaung Khant Facebook

ကောင်းခန့်တို့ မိသားစုလေးရဲ့ ဇူလိုင် ၁၇ ရက်နေ့ အမှတ်တရ 

ကောင်းခန့်ဟာ သရုပ်ဆောင်တစ်ယောက်ဖြစ်တာကြောင့် ဝိတ်တက်လာတဲ့ အချိန်မှာ ကာရိုက်တာအတွက် အခက်အခဲလေးတွေရှိတယ်လို့ ဆိုပါတယ်။ သူဝိတ်ချဖို့အတွက်လည်း ဇနီးဖြစ်သူ မရူပါ က အင်တိုက်အားတိုက်ကို တိုက်တွန်းမှုတွေရှိတယ်လို့ ပြောပြခဲ့ပါသေးတယ်။

'' ဝိတ်ကလည်း ချရတော့မယ် ဆရာဝန်ကလည်း ကျွန်တော့်ကိုပြောနေပြီ။ မိသားစုတစ်စု လုံး သွေးလည်း စစ်ရမယ်။ ပြီးတော့ ဆေးစစ်စရာ ရှိတာတွေ  စစ်ရမယ်။ ကိုယ်ကသရုပ်ဆောင်ဆိုတော့ ရဲနေရာက သရုပ်ဆောင်မယ် ဆိုရင်လည်း ရဲလုပ်ပြီး ဖက်တီးကြီးဖြစ်နေလို့လည်း မရဘူး။ အရင်စစ်ကားတွေရိုက်တုန်းကဆိုရင် ကျွန်တော်တု့ိ ဝိတ်တွေ ချထားရတယ်''

Photo: Kaung Khant Facebook

 

အနုပညာအလုပ်တွေရော၊ တခြားစီးပွားရေးအလုပ်တွေကိုပါ ဆောင်ရွက်နေရတဲ့ ကောင်းခန့်က ဝိတ်ချဖို့အတွက် Gym မဆော့ဘူး လို့ဆိုပါ တယ်။ ဝိတ်ချနေစဉ်အတွင်းမှာလည်း သူ လုပ်စရာရှိတဲ့ စီးပွားရေးအလုပ်တွေ၊ အနုပညာအလုပ်တွေကို ဆက်လက် ဆောင်ရွက်သွားမှာပါလို့ သူက ပြောပါတယ်။

'' Gym တော့ ကျွန်တော်မဆော့ဘူး။ အချိန်မပေးနိုင်လို့ မဆော့ဖြစ်တာပါ၊ တကယ်အရေးကြီးတာက အစားအသောက်ကို အဓိက ထားပြီး တော့ ဝိတ်ချသွားမှာပါ။ အနုပညာအလုပ်တွေကိုလည်း ဆက်လုပ်သွားဦးမှာပါ'' ဆိုပြီးတော့ ဇူလိုင်လ ၂၂ ရက်နေ့တုန်းက သမီးလေး ကြာဖြူ ကောင်းခန့်ရဲ့ မွေးနေ့ပွဲမှာ Duwun Media ကို ပြောပြခဲ့တာဖြစ်ပါတယ်။

 

သရုပ်ဆောင်ကောင်းခန့်ကိုတော့ ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ပညာ ပေး ဇာတ်လမ်းတိုတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။ ကောင်းခန့်ဟာ အိမ်ထောင်ရှင်ဘဝ ရောက်ရှိသွားချိန် မှာတော့ အရင်တုန်းကလောက် အနုပညာအလုပ်တွေ လုပ်တာ သိပ်မတွေ့ရတော့ပါဘူး။

 

Share

Loading Next Article...
က္က